မြန်မာ-ဘင်္ဂလားဒေ့ရှ် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်မည်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူလိုက်သည်ဟု သိရသည်။ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးများ တိုးမြှင့်ရန် လေတပ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ယင်း၏ ၆ ရက်ကြာခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီလာရာမန်နှင့် တွေ့ဆုံစဉ် သဘောတူခဲ့ခြင်း ဖြစ်သည်။ သမ္မတ ရာမန်ကလည်း ကလည်း နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စိတ်ဝင်စားကြောင်း ပြောဆိုပြီး ဒု ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက အနာဂတ်တွင် မြန်မာတပ်များကို ဘင်္ဂလားဒေ့ရှ်တွင် သင်တန်းများ ပေးလိုကြောင်း ပြောသည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်