ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖွဲ့ စာနယ်ဇင်းသမားများနှင့် တွေ့

Wednesday, 11 May 2011 12:54 သတင်းတိုများ
Print
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖွဲ့နှင့် မီဒီယာများတွေ့ဆုံမှု ယမန်နေ့က ပြုလုပ်ခဲ့သော်လည်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ခြင်း မရှိဘဲ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးဉာဏ်ထွန်းဦးနှင့် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ နှစ်ဦးသာ တက်ရောက်သည်။ စာနယ်ဇင်းသမားများ သိလိုသည့် အရေးတကြီး အကြောင်းအရာများထက် ရေနုတ်မြောင်းပိတ်ဆို့မှု၊ စည်ကမ်းမဲ့ အမှိုက်စွန့်ခြင်း၊ စည်းကမ်းမဲ့ ယာဉ်မောင်နှင်ခြင်း စသည့် ကိစ္စများသာ ပြောဆိုသွားကြောင်း တက်ရောက်သူများက ပြောသည်။ အစိုးရအဖွဲ့နှင့် မီဒီယာတွေ့ဆုံမှုကို အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်မည်ဟု သိရသည်။