သစ္စာဂျာနယ် ၂ ပတ်ပိတ်ခံရသည့်ကိစ္စ RSF ရှုတ်ချ

Wednesday, 18 May 2011 11:56 သတင်းတိုများ
Print
သမ္မတသစ် ဦးသိန်းစိန်က မီဒီယာ အခန်းကဏ္ဍအား အလေးထားမည်ဟု ပြောဆိုခဲ့သော်လည်း မကြာသေးမီက True News (သစ္စာ သတင်း) ဂျာနယ် ထုတ်ဝေခွင့် ၂ ပတ် ရပ်နား အရေးယူလိုက်ခြင်းအပေါ် နယ်စည်းမခြား သတင်းထောက် များအဖွဲ့ (RSF) က ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်သည့် တင်းကျပ်သော ဥပဒေများ အကြောင်း၊ အစိုးရ ပြောင်းသည့်တိုင် စာပေ လွတ်လပ်ခွင့် လုံးဝ အပြောင်းအလဲ မတွေ့ရသေးကြောင်း ရေးသားထားသည်။