နေပြည်တော် မြို့မဈေးတွင် ဗုံးကွဲ

Saturday, 11 June 2011 19:16 သတင်းတိုများ
Print
နေပြည်တော် မြို့မဈေးတွင် ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီကျော်ခန့်က ဗုံးတလုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ မြို့မဈေးရှိ အမျိုးသား အိမ်သာအတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စဉ် နှစ်ဦးထက်မနည်း ဒဏ်ရာ ရကြောင်း၊ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမည်မဖော်လိုသူအရာရှိတဦးကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြသည်။ မြို့မဈေးသည် နေပြည်တော်ဝန်ထမ်းများနှင့် စည်ကားရာဈေးတခုဖြစ်ကြောင်း သိရသည်။