ဒေါ်အောင်ဆန်းစုကြည် သီတဂူဆရာတော်ထံ သွားရောက်ဖူးမြော်

Wednesday, 15 June 2011 12:13 သတင်းတိုများ
Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သဲကုန်းသပိတ်အိုင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (D.Litt) ၏ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ကျောင်းတိုက်တွင် ယမန်နေ့ ညနေ ၃ နာရီ ခန့်က သွားရောက် ဂါရ၀ပြု ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဆရာတော်နှင့် အချိန် ၂ နာရီခန့်အကြာ စကားပြောဆိုခဲ့ကြောင့် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ဆိုသည်။