လှိုင်းဘွဲ့တွင် ရေကြီး

Wednesday, 06 July 2011 11:52 သတင်းတိုများ
Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၌ မိုးများ၍ ရေကြီးလျက်ရှိပြီး လယ်ယာစိုက်ခင်းများ ရေနစ်မြုပ်ကုန်ကြောင်း သိရသည်။ ယင်းရေကြီးမှုကြောင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာ ၂၀ ကျော်တွင်လည်း လယ်မြေများပျက်စီးပြီး စာသင်ကျောင်းများ ပိတ်ထားရသည်ဟု Myanmar Newsweek ဂျာနယ်တွင် ဖော်ပြထားသည်။ တရွာနှင့်တရွာ ကူးလူးဆက်ဆံရေးအတွက် လှေကို အသုံးပြုနေကြရသည်ဟု သိရသည်။