KIA ကို သောင်းကျန်းသူဟု အစိုးရသတင်းစာ မရေးတော့

Thursday, 07 July 2011 11:42 သတင်းတိုများ
Print
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ဟိုပင်နှင့် နန်းခွင်ကြား မီးရထားလမ်းကို ဇူလိုင်လ ၅ ရက်နေ့ညက မိုင်းခွဲဖျက်ဆီးသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာမှ စွပ်စွဲရေးသား ဖော်ပြထားသည်။ သို့သော် KIA ကို ယခင်ကကဲ့သို့ “သောင်းကျန်းသူ” ဟု မသုံးနှုန်းတော့ကြောင်း တွေ့ရသည်။