ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း ရပ်တန့်ပေးရန် တောင်းဆို

ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ဆိုင်းငံ့ထားပြီးနောက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု စီမံကိန်းကိုလည်း ရပ်ဆိုင်းသင့်ကြောင်း ရွှေဂက် (စ်) ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့က ယနေ့ တောင်းဆိုလိုက်သည်။ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့အား ဖြတ်သန်းသွားမည့် ဓာတ်ငွေ့ပိုက်လိုင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံပြည်သူများ၏ လူမှု စီးပွားရေးပျက်စီးမှု၊ ခေါင်းပုံဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသောကြောင့် ရပ်တန့်ရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်