လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်တန်းနိုင်ပြီ

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် ပြည်လမ်းတွင် ရုံးစိုက်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်၍ တိုင်တန်းချက်များ စတင်လက်ခံပြီဖြစ်ကြောင်း သိရသည်။ တရားရုံးတခုခုတွင် အမှုဖွင့်ထားပြီးသော ကိစ္စများကို လက်ခံမည် မဟုတ်ကြောင်း၊ တိုင်တန်းသူအား ခေါ်ယူမေးမြန်းမည် ဖြစ်ကြောင်းလည်း ယနေ့အစိုးရထုတ် သတင်းစာတွင် ဖော်ပြထားသည်။ တိုင်တန်းသူသည် အမည်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ချိုးဖောက်ခံရသည့် ကိစ္စ၊ မှန်ကန်ကြောင်း ဝန်ခံချက်များ ဖော်ပြပြီး စာဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ သွားရောက် တိုင်တန်းနိုင်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်