ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ လျှော့ပေါ့ပြင်ဆင်ရန် တင်သွင်း

ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးရန် အမျိုးသားလွှတ်တော်သို့ တင်ပြရာ သဘောတူကြောင်း သိရသည်။ ဆွေးနွေးမည့် အကြောင်းအရာများတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟူသော စကားရပ်ဖြင့် အစားထိုးပြင်ဆင်ရန်၊ ပြစ်ဒဏ်ကျခံဖူးသူများကိုလည်း ရွေးကောက်ပွဲ ၀င်ရောက်ခွင့်ပြုရန်တို့ ပါဝင်သည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်