မန္တလေး အစာအဆိပ်သင့်မှု လူ ၄၀၀ ခန့် ဆေးရုံရောက်

Friday, 07 October 2011 18:31 သတင်းတိုများ
Print
မန္တလေးတိုင်း အမရပူရမြို့ရှိ ပွဲတော်ဘုန်းကြီးကျောင်းတွင် ယနေ့ ပြုလုပ်သည့် ရဟန်းခံရှင်ပြုအလှူမှ ကျွေးမွေးသည့် ကြက်သားဟင်းနှင့် ချဉ်ဖတ် စားသောက်ပြီးနောက် လူ ၄၀၀ ခန့် အစာအဆိပ်သင့်ကာ အမရပူရမြို့ဆေးရုံကြီးနှင့် အမရသုခ ဆေးခန်းတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ ဒေသခံများအဆိုအရ ချဉ်ဖတ် မသန့်၍ ဖြစ်နိုင်ကြောင်း၊ ထို့အပြင် ဘုန်းကြီးကျောင်းအတွင်း တချို့နေရာများတွင်လည်း  ပြီးခဲ့သည့် ရေကြီးရေလျံမှုကြောင့် မသန့်ရှင်းသည့် ရေပုတ်ရေဆိုးများလည်း တင်ကျန်နေကြောင်း သိရသည်။