နိုင်ငံရေးအကျဉ်းသားများ မကြာမီလွှတ်ပေးမည်

Monday, 10 October 2011 11:35 သတင်းတိုများ
Print
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားများကို မကြာမီ ရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နော်ဝေ ဒု နိုင်ငံခြားရေး ဝန်ကြီးနှင့် အောက်တိုဘာ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း နော်ဝေ ရုပ်သံဌာနက ထုတ်လွှင့်ကြေညာ သွားသည်။ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်မှတဆင့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများက ကြေညာချက်တခု ထုတ်ပြန်ရာ အထွေထွေ လွတ်ငြိမ်းချမ်းခွင့်တရပ်ကို သမ္မတ ဦးသိန်းစိန်က ကြေညာပေးခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။