ခေတ် ပဒေါင်လူငယ်များ ကြေးကွင်း မစွပ်လိုတော့

E-mail Print
ထိုင်းနိုင်ငံရှိ ကြေးကွင်းစွပ် ပဒေါင်တိုင်းရင်းသား လူငယ်အများစုသည် ၎င်းတို့ ရိုးရာကြေးကွင်းများကိုဖြုတ်၍ တတိယနိုင်ငံ သို့ သွားရောက်ပညာသင်ကြားနိုင်ရန် ကြိုးစားလာကြကြောင်း ပဒေါင်လူငယ်များက ပြောသည်။

အဆိုပါ ကြေးကွင်းဖြုတ်ထားသည်မှာ ၂ နှစ်နှီးပါး ရှိပြီး ကရင်နီဒုက္ခသည်စခန်းတွင် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု ဘာသာရပ်များ သင်ယူခဲ့သည့် ဟွေ့ပူကဲ ရွာခံတဦး ဖြစ်သူ မူဟွီ(Mu Hwit) က လူငယ်များအနေနှင့် လွတ်လပ်စွာ သွားလာလှုပ် ရှားလိုကြသည်ဟု ပြောဆိုသည်။

“ဒီလိုယဉ်ကျေးမှုနဲ့နေလာတာ အနှစ် ၂၀ နှီးပါးရှိ လာပြီးလည်း ကျမတို့အတွက် ဘာမှတိုးပွားမှု မရှိဘူး” ဟု လည်း ၎င်းက ပြောသည်။

မူဟွီက ဆက်လက်ပြီး“ဒီကြေးကွင်းတပ်ထားရင် ခရီးသွားခွင့်မရှိဘူး၊ ကျမတို့ကျေးရွာမှာကြေးကွင်း ဖြုတ်ထားတာ ၇ယောက် လောက်ရှိပြီ၊ ဘာလို့လဲ ဆို ရွာအပြင်ထွက်ပြီးလွတ်လွတ်လပ်လပ်သွားချင် တယ်၊ ပညာသင်ချင်တယ်၊ ရွာထဲမှာ ထိုင်ပြီး ရိုးရာ ထိန်းသိမ်းနေတဲ့လူတွေ ဟုတ်ချင်မှလည်းဟုတ် လိမ့်မယ်၊ လူငယ်တွေက လွတ်လပ်ချင်စိတ်ရှိတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်တွင် နေထိုင်သော ကြေးကွင်းစွပ် ပဒေါင်များကို ကမ္ဘာလှည့် ခရီးသည်များက အထူးတဆန်းဖြစ်ပြီး လာရောက်ကြည့်ရှုခဲ့ရာမှ စွဲဆောင်မှုတခု ဖြစ်လာခဲ့သဖြင့် အာဏာပိုင်များက ခရီးသွားများအား အခ ကြေးငွေယူ၍ ယင်းပဒေါင်ရွာကို ကြည့်ရှုလည်ပတ်စေခဲ့ပြီး ပဒေါင်တိုင်းရင်းသား များ၏ သွားလာရေးကိုလည်း အထူးတင်းကျပ်ထားခဲ့ခြင်းဖြစ်သည်။

မူဟွီသည် ကြေးကွင်းဖြုတ်စဉ် မိဘများက အထူးတားမြစ်ခြင်းမရှိသော်လည်း အဘွားဖြစ်သူက ပြန်တပ်ရန် ဖိအားပေးပြောဆိုမှုကို အတိုက်အခံငြင်းဆန် ခဲ့ရကြောင်းပြောပြသည်။

မူဟွီက အဝေးတနေရာသို့ သွားရောက်ကာဆက်လက်ပညာသင်ကြားလိုကြောင်း၊ ပညာသင်ကြားခွင့်မရှိဘဲ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းပြီးရွာထဲမှာနေလျှင် အနာဂတ်လှပနိုင်မည်မဟုတ်ကြောင်းလည်း ပြောသည်။

“ထိုင်းအာဏာပိုင်တွေက သူတို့သတ်မှတ်ထားတဲ့ရွာမှာ ကြေးကွင်းစွပ်ထားတဲ့ အမျိုးသမီးတွေကို လစာငွေ ထောက်ပံ့မယ်၊ စားသောက်စရိတ်ပေးမယ်ဆိုပြီး ကတိပေးခဲ့တယ်၊ နောက်တော့ တာဝန်ရှိသူတွေက မထောက်ပံ့တော့ဘူး၊ နိုင်ငံခြားခရီးသွားနည်းတော့ ဝင်ငွေနည်းပါးလာပြီး မိသားစုအခက်အခဲဖြစ်လာတယ်၊ ဒါကြောင့်လူငယ်တွေက သူတို့ ကြေးကွင်းဖြုတ်ပြီး အဝေးထွက်ဖို့စဉ်းစားလာကြတယ်”ဟုကရင်နီယဉ်ကျေးမှု ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်တဦးဖြစ်သည့် တော်ရယ် (Thaw Reh ) ကပြောသည်

တချို့ ပဒေါင်တိုင်းရင်းသား အိမ်ထောင်သည်များမှာမူ လက်ရှိ၎င်းတို့ နေထိုင်နေရသော ဘဝကိုကျေနပ်ပြီး ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင် လိုကြကြောင်းလည်းသိရသည်။

ကြေးကွင်းစွပ် ပဒေါင်လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ ကယားပြည်နယ် (ကရင်နီ) ဒီမောဆိုး မြို့နယ်များ နှင့် ရှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် အခြေချနေထိုင်ရာမှ လွန်ခဲ့သည့် အနှစ် (၂၀) အတွင်း မြန်မာ စစ်တပ်များ၏ အဓမ္မရွှေ့ပြောင်းခိုင်းမှု၊ ထိုးစစ်ဆင်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခိုလှုံခဲ့ကြ သည်။

ကြေးကွင်းများကို ပဒေါင်အမျိုးသမီးများက ၆ နှစ်အရွယ်မှစပြီး အသက်ကြီးသည်အထိ ကြေးကွင်း၂၆ ကွင်း အထိပင် ဝတ်ဆင်ကြောင်း သိရသည်။ ကြေးကွင်းကို ဘိုးဘွားအစဉ်အဆက်က တပ်ခဲ့ကြပြီး ကိုယ့်လူမျိုး ထူးခြားစေရန်ဟူသော ရည်ရွယ်ချက်ဖြင့်တပ်ဆင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ်ဆန်းပိုင်းက ယင်းပဒေါင်းလူမျိုးများအား ကနေဒါ၊ နယူးဇီလန်နှင့် ဖင်လန်နိုင်ငံများမှ အခြေချ နေထိုင်ခွင့် ပေးခဲ့ သော်လည်း ဒေသအာဏာပိုင်များက ခွင့်ပြုရန် ငြင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်တွင် ယင်း လည်ပင်းရှည် ပဒေါင်များသည် ဟွေ့စူထောက်၊ ဟွေ့ပူကဲ၊ နိုင်ဆွိုင် စသည့် ရွာ ၃ ရွာ တို့တွင် နေထိုင်လျက်ရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိခဲ့ရာမှ ယခုအခါ တတိယ နိုင်ငံသို့ ထွက်နိုင်ရန် အတွက် လူဦးရေ တဝက်ခန့်မှာ ကရင်နီဒုက္ခသည် စခန်းသို့ရွှေ့ပြောင်း သွားသဖြင့် လူဦးရေ ၂၅၀ ခန့် သာ ကျန်ရှိသည်ဟုသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်