အငြိမ့်ပြက်လုံးများလည်း ခိုးကူးခွေဖြစ်လာ

E-mail Print
ခိုးကူး ဈေးကွက်ကြောင့် တေးစီရီးလောက ယိုင်နဲ့လာကာ ထုတ်လုပ်သူများနှင့် အနုပညာရှင်များ အခက်တွေ့ နေရသည့် အခြေအနေတွင် ခိုးကူးသူများမှာ အငြိမ့်ခွေများမှ လူရွှင်တော် ပြက်လုံးများအား သီးသန့် ပြက်လုံး လက်ရွေးစင်အဖြစ် ပြန်လည် ထုတ်လုပ်လာကြောင်း အငြိမ့်ခွေဈေးကွက် လောကသားများက ဆိုသည်။

ရန်ကုန်ရှိ စိန်သရဖူ ဗီဒီယိုထုတ်လုပ်ရေးက “နယ်တွေမှာသာ မင်းသမီးအကကို အနည်းအကျဉ်း ကြည့်ကြသေးတယ်။ မြို့တွေက ဟာသကိုပဲ ကြည့်ချင် လာကြတာဆိုတော့ မင်းသမီး အကကို မကြည့်မယ့် အတူတူ ဆိုပြီး ခိုးကူးတွေက ပြက်လုံးတွေချည်း သက်သက်ဖြတ်ပြီး ထုတ်လာကြတာပေါ့ ”ဟု ဧရာဝတီကို ပြော သည်။

အဆိုပါ ပြက်လုံးသက်သက် ခိုးကူးခွေများမှာ လူထုကြားထဲ၌ ပျံ့နှံ့ နေကြောင်း ၎င်းကဆိုသည်။

ကြည့်သူပရိသတ်များအနေဖြင့်လည်း ဟာသပြက်လုံများအား သီးသန့်အနေဖြင့် ထုတ်ထားခြင်းဖြစ်သော ကြောင့် ရယ်ရသော အငြိမ့်အခွေများအား သီးသန့်ရှာဖွေနေရန်မလိုသဖြင့် အဆိုပါ ခိုးကူးအခွေများကို ၀ယ်ယူလာကြသည်ဟု ထင်မြင်ကြောင်း မူရင်း အငြိမ့်အခွေများကို ဖြန့်ချိနေသည့် ရွှေပင်လယ် ဗီဒီယို ထုတ်လုပ်ရေးက ဆိုသည်။

ခိုးကူးဈေးကွက်တွင် ယင်းကဲ့သို့ ဟာသပြက်လုံးများကိုသာမက ကလေးကြိုက်ကာတွန်းများ၊ သီချင်းများ စသည်တို့ကိုလည်း ထွက်သမျှ လက်ရွေးစင်ပြန်လုပ်ကာ ကျပ် ၁၀၀၀ ဖိုး ၅ ခွေ ဟူ၍ရောင်းချလာကြသဖြင့် မူရင်းအခွေ ဈေးကွက်မှာ ပျက်သည့်အခြေအနေသို့ ရောက်ရှိနေသည်ဟုလည်း သိရသည်။

ခိုးကူးဈေးကွက်ဒဏ်ကိုမခံနိုင်သောကြောင့် လက်ရှိလုပ်ကိုင်နေသော ဗီဒီယို ထုတ်လုပ်ရေးလုပ်ငန်းအား ရပ်ဆိုင်းကာ မိုဘိုင်းဖုန်းရောင်းဝယ်ရေးလုပ်ငန်းသို့ရွှေ့ပြောင်းလုပ်ကိုင်လာကြောင်း ရန်ကုန်မြို့လယ်ရှိ နာမည်ကြီး ထုတ်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

“ခေတ်ကြီးကပျက်နေပြီ။ ဘာမှမရောင်းရတော့ ဒီအတိုင်းထိုင်နေလို့မဖြစ်ဘူးလေဗျာ။ မူပိုင်ခွေ ရောင်းအားက အရမ်း ကျနေတော့ ဒီလုပ်ငန်းကို လုပ်ချင်စိတ်မရှိတော့လို့ မလုပ်တော့တာ၊ ခိုးကူးတွေက ဘာမှ မလုပ်ရဲ လောက်အောင် မျိုးစုံ လိုက်လုပ်နေကြတာလေ”ဟု ၎င်းကပြောဆိုသည်။

အငြိမ့်ခွေများတွင်ပါရှိသော မင်းသမီးအကခန်းများကို ကြည့်ရှုသူပရိသတ်က ယခင်က ကျော်၍ ကြည့်လာရာ မှ ယခုအခါ ဖြတ်တောက်လာသည့် အနေအထားသို့ရောက်လာခဲ့သည်ဟုလည်း ဆိုသည်။  

ယင်းကဲ့သို့ဖြတ်တောက်လာသည်မှာလည်း မင်းသမီးတို့၏ အကအနုပညာ အားနည်းချက်များကြောင့် ဖြစ်နိုင် သည်ဟု စာရေးဆရာတဦးက ဝေဖန်သုံးသပ်သည်။

“ဆို၊က၊ရေး၊တီးမှာ ကနေတဲ့ မင်းသမီးတွေဆိုရင် မင်းသမီးအခေါ် သန္ဓေပျက်တယ်လို့ခေါ်တယ်။ မြန်မာအက ဆိုတာ နူးညံ့သိမ်မွေ့ပြေပြစ်ရမယ၊် အကဆိုတာ အလှကိုဖန်ဆင်းတာပါလို့ ရှေးမင်းသမီးကြီးတွေ ပြောခဲ့ တယ်။ အခုတော့ ခုန်ပေါက် ကြမ်းတမ်းပြီးတော့ အလှမဟုတ်တော့ဘူး ခန္ဓာကိုယ်ကိုပြနေတဲ့ အပြ ဖြစ်နေ တယ်”ဟု ၎င်းကဆိုသည်။
ယင်းကဲ့သို့သော အကများကြောင့် မြန်မာ့အက သမားစဉ်များပျောက်ကာ အက မင်းသမီးအများစုမှာ ခန္ဓာ ကိုယ်ပြမင်းသမီးများအဖြစ် ရပ်တည်လာကြကြောင်း အထက်ပါ စာရေးဆရာက ပြောသည်။

မြန်မာ့ဗီဒီယိုလောကမှ မင်းသမီးအများစုသည်လည်း အငြိမ့်မင်းသမီးအဖြစ် အငြိမ့်အခွေများကို အပြိုင် အဆိုင် ရိုက်ကူးလာကြပြီး မြန်မာအကကို စနစ်တကျ သင်ကြားမှုမရှိဘဲ တပွဲထိုးသင်ကြားကာ ဖြစ်သလို ကပြမှုများရှိလာခြင်းကြောင့် ကြည့်ရှုချင်သူနည်းပါးလာကြကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

“တချို့မင်းသမီးတွေဆို တော်တော်ကြည့်ရဆိုးပါတယ်။ နာမည်နဲ့ ရုပ်ကလေးပဲရှိတယ်။ ရှက်ဖို့လည်း ကောင်း တယ်။ ကိုယ့်မြန်မာအကကိုတောင် မကနိုင်ဘူး။ အိန္ဒိယကားတွေမှာဆိုရင် မင်းသမီးတွေက သူတို့ ရိုးရာ အကကို ပိုင်ပိုင်နိုင်နိုင် ကနိုင်တယ်”ဟု ရန်ကုန်မြို့နေ လူငယ်တဦးကဆိုသည်။

မြန်မာပြည်သူများမှာ လက်ရှိတွင် ရုန်းကန်လှုပ်ရှားနေရသည့် လူမှုဘ၀အကြပ်အတည်းများအား ဖြေဖျောက်နိုင်ရန်အတွက် ပျော်ရွှင်မှုကို ရှာဖွေလာရာမှ ဟာသဇာတ်ကားများ၊ ရယ်စရာဟာသများကို ပိုမိုနှစ်ခြိုက်လာကြကြောင်း ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဧရာဝတီ၏ အင်တာဗျူး တွင် ပြောခဲ့သည်။   

“ဟာသကိုလူတွေပိုကြိုက်ကြတယ်။ဘာကြောင့်လဲဆိုတော့ လူတွေက အပြင်မှာ မရယ်နိုင်ကြဘူးလေ။ အဲ့ဒီလို မရယ်နိုင်တော့ ရုပ်ရှင်ရုံထဲမှာရယ်ကြရတာပေါ့။ အပြင်မှာ ပွင့်ပွင့်လင်းလင်း ရယ်နိုင်ပြီဆိုတဲ့အခါ ကျရင်တော့ သူတို့ ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်”ဟု ၎င်းကဆိုသည်။

အငြိမ့်လူရွှင်တော်များ၏ ဟာသပြက်လုံးများမှာ ခေတ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေကို ထင်ဟပ် ပြသ နိုင်သောကြောင့် ကြည့်သူပရိသတ်များက သဘောကျနှစ်ခြိုက်ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်