မြန်မာ မူးယစ်ဆေး ထွက်နှုန်းတိုးဟု ဆို

E-mail Print
မြန်မာနိုင်ငံတွင် ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုမှာ ယခင် နှစ်များထက် (၄) ဆခန့် ပိုမိုများပြား လာကြောင်း မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) အဖွဲ့မှ ထုတ်ပြန်သော“2009 Patterns and Trends of Amphetamine - Type Stimulants and Other Drugs in East and South-East Asia”ဟု အမည်ရသည့် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။   

UNODC ၏ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်အတွင်း စိတ်ကြွဆေးပြား အလုံးရေ တစ်သန်းကျော် ဖမ်းဆီးမိခဲ့ သော် လည်း ၂၀၀၉ ခုနှစ် ၆ လခန့် အတွင်း၌ပင် ၎င်း ဆေးပြား လေးသန်းခွဲ ဖမ်းဆီးရမိသည့်အတွက် ယခင်နှစ်များထက် ၄ ဆခန့် ပိုမိုများပြာလာသည်ဟု ရေးသားဖော်ပြထားသည်။

"မူးယစ်ဆေးဝါး ထွက်ကုန်တွေဟာ နယ်စပ်ဒေသမှာ ပိုပြီးတော့ များလာတယ်ဆိုတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်" ဟု     UNODCကိုယ်စားလှယ် အရာရှိတဦးဖြစ်သူ မစ္စတာ ဂါရီလူးဝစ္စက ယမန်နေ့က ဘန်ကောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။  

မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံမှ သာမက ဒေသတွင်း နိုင်ငံများဖြစ်သည့် လာအို၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့မှတဆင့် ပျံ့နှံ့ လျက်ရှိသည်ဟုလည်း မစ္စတာ ဂါရီလူးဝစ္စက ဆိုသည်။

ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် မူးယစ်ဆေးဝါးကို လက်ဝယ်တွင် မထားရှိတော့ဘဲ ထိုင်းနိုင်ငံအတွင်းသို့ အကြွေးစနစ်ဖြင့် လည်းကောင်း ဈေးနှုန်းလျှော့ချ၍လည်းကောင်း တင်သွင်းနေကြောင်းလည်း သတင်းများဖော်ပြချက် အရသိရ သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှိမ်နှင်းမှုများကို ကိုးကန့်တိုက်ပွဲပြီးသည့် နောက်ပိုင်းတွင် ယခင်ကထက် ပိုမိုလုပ်လာပြီး၊ သြဂုတ်လ အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၃၀ နှင့် တရားခံပေါင်း ၃၅၅ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း စစ်အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

အလားတူပင် ရှမ်းပြည်နယ် မြောက်ပိုင်း နန်းခမ်းမြို့ရှိ ပန်းဈေး ကျေးရွာများနှင့် ကချင်ပြည်နယ်များတွင် ဘိန်းစိုက်ပျိုးမှုများကို ယခင်နှစ်ထက် ပိုမို စိုက်ပျိုးလာကြောင်းလည်း မျက်မြင်များကဆိုသည်။ 

ထိုင်းနိုင်ငံသို့ မကြာခင်က ရောက်ရှိလာသည့် မျက်မြင် ပလောင် အမျိုးသမီး တဦးဖြစ်သူ လွေးမိုးလှိုင်က“ ဒီနှစ်မှာ ကြည့်ရတာ လမ်းဘေးတွေမှာကို ဘိန်းတွေ တော်တော်စိုက်တယ်၊ ဘယ်လောက်အစိုက်များလည်း ဆိုလို့ရှိရင် ပန်းဈေးရွာက လူတွေက ဘိန်း စိုက်တဲ့ ခြံတွေမှာ မြေသွားပေါက်ကြတယ်၊ သွားပေါက်တော့ သူတို့ကို စရိတ်ငြိမ်း သုံးရက်ကို မြန်မာကျပ်ငွေ တစ်သောင်း ပေးတယ်၊ အထူးသဖြင့် အမျိုးသားတွေက သွားလုပ်ကြတာများတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကချင်ဖွံ့ဖြိုးရေး ကွန်ယက်(KDNG)မှ ကိုအောင်ဝါကလည်း“ကချင်ပြည်နယ်မှာ သစ်လုပ်ငန်းတွေ နားနေတယ်၊ ကျောက်စိမ်း လုပ်ငန်း တွေလည်း အရင်ကလို လုပ်တဲ့လူတွေနည်းလာတယ်၊ ရွှေလုပ်ငန်း နည်းနည်းပဲ ရှိတယ် ဆိုတော့ ဘိန်းတွေကို နေရာတကာ စိုက် ပျိုးလာတယ်၊ ဘိန်းစိုက်ပျိုးမှုကို စီးပွားရေး ၀င်ငွေအဖြစ်၊ လုပ်လာတဲ့အပိုင်းမျိုး မြင်လာတယ်”ဟု ပြောသည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ် လုပ်နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများ ရှိကြောင်းလည်း သိရသည်။ 

ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။

မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူး ယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းကို တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေသည်။

အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်