ဖမ်းဆီးထားသော ငါးဖမ်းသမားများ လွှတ်ရန် ဖိလစ်ပိုင်တောင်းဆို

E-mail Print
ရေပိုင်နက် ကျူးကျော် ငါးဖမ်းမှုဖြင့် မြန်မာ စစ်အစိုးရဘက်မှ ဖမ်းဆီးထားသော ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းသမား ၁၄ ဦးကို ပြန်လွှတ်ပေးရန် ရန်ကုန် အခြေစိုက် ဖိလစ်ပိုင်သံရုံးက တောင်းဆို လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဖူးကက်ကမ်းခြေမှ ထွက်ခွာခဲ့သည့် စက်လှေ ၄ စီးကို မြန်မာစစ်အစိုးရ ရေတပ်က ဖမ်းဆီးခဲ့သည်။ စက်လှေပေါ်တွင် ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံများမှ ငါးဖမ်းလုပ်သားများ ပါဝင်ကြောင်း ဗွီအိုအေ(VOA)  အင်္ဂလိပ်ပိုင်း အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ထိုငါးဖမ်းလုပ်သားများသည် နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရကြောင်း အမည်မဖော်လိုသူ ဖိလစ်ပိုင် သံတမန် တဦးက VOA ကိုပြောဆိုထားသည်။

ရန်ကုန်ရှိ ဖိလစ်ပိုင် သံတမန်တချို့နှင့် ဖမ်းဆီးခံထားရသည့် ဖိလစ်ပိုင် ငါးဖမ်း လုပ်သားများတွေ့ခွင့်ရကြောင်းလည်း သိရသည်။

အဆိုပါ စက်လှေတွင် ဖိလစ်ပိုင်နိုင်ငံသား ငါးဖမ်းလုပ်သား ၁၄ ဦးအပါအဝင် ထိုင်ဝမ်လူမျိုးများလည်း ပါဝင်ကာ အများစုမှာ အင်ဒိုနီးရှား နိုင်ငံသား ငါးဖမ်းလုပ်သားများဖြစ်ပြီး စုစုပေါင်း ၁၂၈ ဦးကို မြန်မာအစိုးရက ဖမ်းဆီးထား ကြောင်းသိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် ငါးဖမ်းလုပ်ငန်း တာဝန်ရှိသူများက ထိုင်ဝမ် နိုင်ငံခြားရေး ၀န်ကြီးကို အကူအညီတောင်းခံထားကြောင်း၊ ငါးဖမ်း လုပ်သားများနှင့် သင်္ဘောသားများကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ထိုင်ဝမ် အစိုးရက ကြိုးပမ်းနေကြောင်းလည်း သိရသည်။

ထိုင်ဝမ်အခြေစိုက် သတင်းမီဒီယာများ၏ အဆိုအရ စက်လှေ ၂ စင်း၏ အမည်များမှာ “Ho Yi Fa” နှင့် “Min Cheng Yi” တို့ဖြစ်ပြီး ကျန် ၂ စီး အမည်ကိုတော့ မသိရပေ။

မြန်မာအစိုးရထိန်းသိမ်းထားသည့် ထိုင်ဝမ်နိုင်ငံသားများအပါအဝင် ငါးဖမ်းလုပ်သားများ၏ လုံခြုံရေးနှင့် အခွင့်အရေးဆိုင်ရာများ ကို အကာအကွယ်ပေးရန် တရုတ်အစိုးရက တိုက်တွန်းလိုက်ကြောင်း ဆင်ဟွာသတင်းဌာန အဆိုအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်