ဆူနာမီ ၅ နှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပမည်

E-mail Print
ဆူနာမီငလျင်ကြီး လှုပ်ခတ်ခဲ့သည့် ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားအဖြစ် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် တာကောပါ မြို့နယ်တွင် ဒီဇင်ဘာ၂၆ ရက် နံနက်စောစော၌ သံဃာတော်အပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်မည်ဟု သိရသည်။

ထိုသို့ အထိမ်းအမှတ်ပွဲများ ပြုလုပ်မည့်အပြင်သေဆုံးသွားသည့် မြန်မာလူမျိုးများအတွက်လည်း ဘန်နမ်းခင်ရွာတွင် သံဃာတော်  များအား နေ့ဆွမ်းဆက်ကပ်လှူဒန်းပြီး အမျှပေးတရားနာ ဆွမ်းသွပ်ပွဲများ ပြုလုပ်မည်ဟုလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံလူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။

“ဆွမ်းဆန်စိမ်းကတော့ ထိုင်းအစိုးရနဲ့ ပေါင်းလုပ်မှာ ဆူနာမီတုန်းက သေဆုံးသွားတဲ့  မြန်မာတွေ အတွက်တော့ ဆွမ်းကျွေး တရားနာပေါ့”ဟု ၎င်းကဆိုသည်။

ထို ဘန်နမ်းခင်ရွာသည် ဆူနာမီငလျင်မလှုပ်မီက လူဦးရေ ၅၀၀၀ ကျော်ခန့်နေထိုင်ခဲ့ပြီး ငလျင်လှုပ်ခတ်မှုကြောင့် လူဦးရေ တ၀က် ခန့် သေဆုံးသွားကြောင်း၊ ယခုလက်ရှိ တာကောပါမြို့နယ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀၀၀ ကျော်ခန့် နေထိုင်ကြ ကြောင်း သိရသည်။

ထိုင်း အစိုးရက ဆူနာမီကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၀၀ မှ ၁၀၀၀ကျော် ခန့်သေဆုံးမည်ဟု ခန်းမှန်းပြောဆိုသော် လည်း အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းများက၂၀၀၀ ခန့်သေဆုံးသည်ဟု ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၅နာရီတွင် ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ပြီး သေဆုံးသွားသည့် မြန်မာလူမျိုးများ အတွက်ရည် စူး၍ ပြုလုပ်သည့် ဆွမ်းကျွေးတွင် ရေစက်ချ တရားနာရန် သေဆုံးသူများ၏ ဆွေမျိုးသားချင်းများကို ဖိတ်ကြားထားကြောင်းလည်း ဦးထူးချစ်က ပြောသည်။

ဆူနာမီကို ကိုယ်တိုင်ကြုံတွေခဲ့ရသည့် မွန်အမျိုသမီးမမွှေးက“ဓာတ်မီးတိုင်အမြင့်လောက်ရှိတဲ့ ဆူနာမီလှိုင်းတွေ လာတော့ ကျမက သုံးထပ်တိုက် အဆောက်အဦးဆောက်နေတာ၊ မြင်တာနဲ့တောင်ပေါ် ရောက်အောင်တက်ပြေးတာ”ဟု ၎င်းက ပြောပြသည်။

ယခုအခါသူမသည် ဆူနာမီလှိုင်းများအားကြောက်လန့်သွားသည့်အတွက် ပင်လယ်နှင့် ဝေးသည့် ဖန်ငခရိုင်ရှိ ရာဘာခြံ တခြံတွင် အလုပ်လုပ် ကိုင်နေသည်ဟု ဆိုသည်။

ဆူနာမီငလျင်ကြီး လှုပ်ခတ်မှုအပြီးတွင် အဆိုပါဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် အရေးပေါ်ကျန်းမာရေးကိစ္စ များနှင့် စားဝတ်နေရေးကိစ္စများ၊ ယာယီနေထိုင်ခွင့် လက်မှတ်များ ထုတ်ပေးခြင်းများကို လုပ်ကိုင်ပေးနိုင်ခဲ့ကြောင်း၊ ယခုငါးနှစ် ကျော်ကြာလာသည့် အချိန်တွင် ယင်းဒေသရှိ ဆူနာမီဒဏ်ခံရသည့် ကလေးငယ်များ အတွက် ပညာသင်ကျောင်းများကိုလည်း ဖွင့် လှစ်နိုင်ခဲ့ကြောင်း၊ အလုပ်သမားဖွံဖြိုးရေးနှင့် အလုပ်အကိုင်ရှာဖွေရေး ရုံးများ၊ အမျိုးသမီးများ အတွက် အသက်မွေးဝမ်းကျောင်း ဖွံဖြိုးမှု လုပ်ငန်းများကိုလည်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဦးထူးချစ်က ဆိုသည်။

ယခုအခါ ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေ တလျှောက်တွင် ဆူနာမီသတိပေးလေ့ကျင့်မှုများကို တနှစ်လျှင် နှစ်ကြိမ်ပြုလုပ်လျက်ရှိပြီး
သတိပေး ခေါင်းလောင်းများ တပ်ဆင်ထားသည့် တိုင်များကို စိုက်ထူထားကာ သတိပေးချက်ကိုလည်း ထိုင်း ၊ အင်္ဂလိပ်၊ တရုတ်နှင့် ဂျပန်ဘာသာများဖြင့် ကြေညာပေးသည်ဟုသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဆာမိုအာ ကျွန်းစုများ အနီးတွင်ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီရေလှိုင်းများ ဖြစ်ပေါ် ခဲ့မှုကြောင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်နေသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံ၌ အိန္ဒိယ သမုဒ္ဒရာအတွင်း ဆူနာမီကြိုတင် သတိပေးလေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့သည်။

ဖန်ငခရိုင်သည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ဆူနာမီငလျင်ဒဏ်ကို အပြင်းထန်ဆုံးခံစား ခဲ့ရသည့်ဒေသ ဖြစ်ပြီး အာရှတိုက်နှင့် အာဖရိက တိုက်ရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံ မှ လူပေါင်း၂၃၀၀၀၀ ခန့် သေကျေပျောက်ဆုံးခဲ့ရာ ထိုင်းနိုင်ငံတွင် လူပေါင်း ၅၃၉၅ ဦး သေဆုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ရွာပေါင်း၂၉ ရွာ၊ အိမ်ခြေပေါင်း ၆၀၁ အိမ် ပျက်စီး၍ လူပေါင်း ၆၁ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်