ဆန္ဒပြပွဲအပြီး မြန်မာအလုပ်သမား ရာနှင့်ချီ အလုပ်ဖြုတ်ခံရ

E-mail Print
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီး အတွင်းခံ အင်္ကျီ ချုပ်စက်ရုံမှ ထိုင်း လူမျိုး စက်ရုံလုံခြုံရေး ၀န်ထမ်းများက မြန်မာအလုပ်သမား ၂ ဦးကို မတရား နှိပ်စက်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြ၍ သက်သေခံ ထွက်ဆိုသော အလုပ်သမားများနှင့် အလုပ်သမား ကိုယ်စားလှယ်များ အပါအ၀င် လွန်ခဲ့သည့် အင်္ဂါနေ့မှ ယမန်နေ့အထိ အလုပ်သမား ၂၅၀ ကျော် အလုပ်ထုတ်ခံရကြောင်းသတင်း ရရှိသည်။

ယမန်နေ့ နေ့လယ်ပိုင်းက အလုပ်သမား ကိုယ်စားလှယ် ၅ ဦးကို စက်ရုံရုံးခန်းသို့ခေါ်ကာ အလုပ်ထုတ်ပစ်ခဲ့သည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ မှ ဥပဒေရေးရာ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးဇော်က ပြောသည်။

“မနေ့က အလုပ်သမား ကိုယ်စားလှယ် ၅ ဦးအပါအ၀င် တခြား အလုပ်သမ နှစ်ယောက်ကို ခေါ်ပြီး နင်တို့ ဆန္ဒပြတဲ့အထဲမှာပါလား လို့ မေးတယ်၊ သူတို့ က ပါတယ်လို့ ပြောတော့ ဒါဆို နင်တို့ ကို စက်ရုံက လက်မခံ တော့ဘူး၊ အလုပ်ထွက်ဖို့ထွက် စာတင်ခိုင်း တယ်၊ ကိုယ့်သဘောနဲ့ကိုယ် ထွက်တဲ့ပုံစံမျိုးပေါ့၊ ဒါပေမယ့်အလုပ် သမတွေက အဲသလိုမျိုးမရေးနိုင်ဘူး၊ အလုပ်ရှင်က အတင်း ထွက်ခိုင်းလို့ပါလို့ စာရေးပြီး ထွက် စာတင်ခဲ့ကြတယ်လို့သိရတယ်”ဟု ၎င်းကဆိုသည်၊

အလုပ်ရှင်က နစ်နာကြေး အဖြစ် လုပ်သက် တနှစ်နှင့် အထက်ရှိသူကို လုပ်ခ တလစာ တနေ့လျှင် (၁၅၁) ဘတ် နှုန်းဖြင့် ရက်(၃၀) စာ လျှော်ကြေးပေးကြောင်း၊ လုပ်သက် ၃ နှစ်အထက်ရှိသူကို တရက်လျှင် (၁၅၁) ဘတ်နှုန်းဖြင့် ခြောက် လစာ နစ်နာကြေးပေး ကြောင်းနှင့် ကြိုမပြောဘဲ အလုပ်ထုတ်သဖြင့် တလစာ ထပ်ဆောင်းပိုပေးကြောင်းသိရသည်။

ယင်းသို့ ပေးခြင်းမှာ ထိုင်း နိုင်ငံအလုပ်သမား ဥပဒေအရ ပေးခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ က အလုပ်ဖြုလိုက်သော အလုပ်သမား ကိုယ်စားလှယ် ၅ ဦးမှာ မမေသူထွန်း၊ မချယ်ရီ၊ မအေးမွန်၊ မခိုင်လေး၊ မလဲ့လဲ့တို့ ဖြစ်သည်ဟု ကိုမျိုးဇော်က ပြောသည်။

အလုပ်ဖြုတ်ခံရသူ တဦးဖြစ်သည့် မချယ်ရီက“အလုပ်ရှင်မှ အလုပ်ကနှုတ်ထွက်ခိုင်းပါသည်လို့ ရေးပြီး လက် မှတ် ထိုးခဲ့တယ်၊ အပေါ်က ရှမ်း (ထိုင်းဘာသာဖြင့်)နဲ့ အင်္ဂလိပ်လိုတွေရေးထားတော့ ဘာတွေ ရေးထားမှန်း မသိဘူး၊ မနေ့က အလုပ်သမ (၄၀) ကျော်ကို ဖြုတ်ပစ်ခဲ့တယ်၊ အားလုံးကို နစ်နာကြေးတော့ ပေးတယ်။ ဒါပေမယ့် အခုလိုမျိုးပေါ့ နောက်လူတွေကိုလည်း မတရား ခိုင်းမှာရယ်။ မလိုချင်တဲ့အခါ အဓမ္မ အလုပ်ဖြုတ်ပစ်မှာ ကို စိုးရိမ်မိတယ်”ဟုပြောသည်။ မချယ်ရီသည် လုပ်သက် တနှစ်ရှိသူဖြစ် သည်။

အလားတူ မမေသူထွန်းကလည်း“ဒီစက်ရုံက သမီးတို့ကို မြို့ပိုင်တွေ ရဲမှူးကြီးတွေရှေ့ မှာ နောင်ကို အလုပ် သမား အခွင့်အရေး တွေ ပြည့်ပြည့်၀၀ ပေးပါ့မယ်လို့ ကတိတွေပေးပြီး ဘာမှမကြာလိုက်ခင်မှာ ဒီလိုမျိုး အလုပ် ဖြုတ်လိုက်တာ”ဟု ပြောပြသည်။ ၎င်းသည် လုပ်သက် (၃)နှစ်ကျော်ပြီ ဖြစ်သည်။

ယခုဆန္ဒပြပွဲအပြီးတွင် အလုပ်သမများကို ဖြည်းဖြည်းချင်းဖြုတ်ပစ်နေခြင်းမှာ ကျန်အလုပ်သမားများကို သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု People Volunteer Association မှ ခေါင်းဆောင်ဖြစ် သူ ကိုသိန်းဆန်းကပြောသည်။

“အလုပ်သမတွေက မတရားနှိပ်စက်ခံရတဲ့ ဘ၀တူ အလုပ်သမားဘက်က ရပ်တည်ပြီး အမှန်တရားကိုဖော် ထုတ်ပေးဖို့ နဲ့ စက်ရုံ တရုံလုံးမှာရှိတဲ့ အလုပ်သမားအားလုံးရဲ့ နစ်နာနေတဲ့ အခွင့်အရေးရဖို့ အမှန်တရား အတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ၊ ဒါကို အာဏာ ပိုင်တွေရှေ့မှာတော့ လိုက်နာပါမယ် လိုက်လျောပါမယ်ပြောပြီး နောက်ကွယ်မှာ အလုပ်သမလေးတွေကို ဒီလိုဖြုတ်ပစ်တာဟာ ကျန်တဲ့သူတွေကိုပါ သတိပေးခြိမ်းခြောက်တဲ့ သဘော ဖြစ်တယ်လို့ ကျနော်ထင်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ယင်းစက်ရုံမှ အလုပ်သမား ၁၇၀ ကျော်ထုတ်ပစ်ခဲ့ရာ ယခုအချိန်ထိ အလုပ် ဖြုတ်ခံရသည်မှာ၂၅၀ ကျော်သွားပြီဟုလည်း ကိုသိန်းဆန်းက ပြောသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညပိုင်းက အဆိုပါစက်ရုံမှ ထိုင်း လူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်း(ယန်း) ၄ ဦးက ရန်စ ထိုးနှက်မှုကြောင့် အလုပ်သမား မသက်မာစိုး၏ အစ်ကိုဖြစ်သူ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး ဆိုသူတို့ ဒဏ်ရာ ပြင်းထန်စွာရရှိကြပြီး ဆေးရုံတွင် တက်ရောက် ကုသခဲ့ရခြင်းနှင့် ပတ်သက်၍ ယခုအလုပ်ထုတ်ခံရသူများ အပါအ၀င် အလုပ်သမား ၃၀၀၀ ကျော်က အလုပ်သမား အခွင့်အရေးများကို တောင်းဆို ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။

အလုပ်သမားများက တရားခံကိုဖော်ထုတ်အရေးယူရန်၊ အလုပ်သမားများ၏ အခွင့်အရေးကိုပေးရန် စသည့် တောင်းဆိုချက်များကို တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်။

ထို့နောက် ယင်းအမှုကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် စက်ရုံ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးရာတွင် အလုပ်ထုတ်ခံရသူ များ အပါအ၀င် အလုပ်သမား(၁၈)ဦးက ကိုသက်ပိုင်စိုးနှင့် ဝေါကြီးတို့ အနှိပ်စက်ခံရခြင်း ဖြစ်ကြောင်း မျက်မြင်သက်သေများအဖြစ် ရဲ စခန်းတွင် ထွက်ဆိုပေးခဲ့ကြသည်။

သက်သေထွက်ဆိုရာတွင် ပါဝင်သော အလုပ်သမများဖြစ်သည့် မအိ၊ မ၀င်းမာ၊ မယဉ်ယဉ်ထွန်း တို့ကို အစမ်းခန့်ကာလ ၄ လ မပြည့်သော အကြောင်းပြချက်ဖြင့် စတင်၍ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထိုင်း နိုင်ငံ မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုမိုးဆွေက ထိုသို့ မျက်မြင် သက်သေအဖြစ် ထွက်ဆိုခဲ့သောကြောင့် ယင်းအလုပ်သမ (၃) ဦးကို အလုပ်မှ ထုတ်ပယ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

“အခုလို အလုပ်သမားအခွင့်အရေး တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်ပြီးမှ ဒီ အစမ်းခန့်ကာလ အကြောင်းပြချက်နဲ့  ထုတ်ပစ်တာကတော့ လုပ်ရိုး လုပ်စဉ်မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ဒီအလုပ်သမတွေ က မျက်မြင်သက်သေတွေ အဖြစ် ဆောင်ရွက်ခဲ့သူတွေမို့ လို့ ထုတ်ပစ်တာသေချာတယ်”ဟု ကိုမိုးဆွေက ပြောသည်။

အလုပ်သမားကိုစားလှယ်များကိုလည်း အလုပ်ရှင်ဘက်မှ တနည်းနည်းဖြင့် အလုပ်မှ ထွက်သွားစေရန် ပြုလုပ်နိုင် သည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။ ပြစ်မှု စတင်ကျူးလွန်သော စက်ရုံလုံခြုံရေးဝန်ထမ်း ၄ ဦးကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ပြောဆိုကြောင်း၊ ကိုသက်ပိုင်စိုးနှင့် ဝေါကြီးဆိုသူတို့ကို မြန်မာ နိုင်ငံ မြ၀တီဘက်သို့ ပြန်ပို့လိုက် ကြောင်း အလုပ်သမားများက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စက်ရုံပေါင်း(၃၀၀)နီးပါးခန့်ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ရှိကြောင်းသိရ သည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်