NLD ဆုံးဖြတ်ချက် ရွေးကောက်ပွဲ အနှောင့်အယှက်ဖြစ်ဟု ဂျာနယ်များတွင် ဖော်ပြခိုင်း

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဆုံးဖြတ်ချက်က ရွေးကောက်ပွဲအား အနှောင့် အယှက် ဖြစ်စေသည် ဆိုသည့် စာသားကို ပြည်တွင်း အပတ်စဉ်ထုတ် သတင်း ဂျာနယ်များတွင် စာပေ စိစစ်ရေးက ဖိအားပေး ဖော်ပြ ခိုင်းကြောင်း သိရသည်။  

NLD ပါတီအနေဖြင့် ရွေးကောက်ပွဲကို မ၀င်ရန် ကြေညာခဲ့ခြင်းသည် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်း ညင်သာစွာ ကူးပြောင်းရေးကို ထိခိုက်နိုင်ကြောင်း ယနေ့ ဖြန့်ချိခဲ့သည့် ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် ၂ စောင်တွင် ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါ ဂျာနယ်များမှာ ဧပြီလ ၁ ရက်နေ့ထုတ် Myanmar News Week ဂျာနယ်နှင့် မတ်လ ၃၁ ရက်နေ့ထုတ် The Yangon Times ဂျာနယ်တို့ ဖြစ်သည်။ ထိုဂျာနယ်နှစ်စောင်မှာ ယနေ့ပင် ဖြန့်ချိခဲ့သည်။

Myanmar News Week ဂျာနယ်တွင် “မဲခွဲဆုံးဖြတ်၍ ရွေးကောက်ပွဲ မ၀င်ရန် ကြေညာ ခဲ့ခြင်းကြောင့် ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ကို သွေဖည်၍ နိုင်ငံနှင့် လူမျိုး အတွက် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်း ညင်သာစွာ ကူးပြောင်း ရေးအား ထိခိုက်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ပြောကြားသည်” ဟု ရေးသားထားပြီး The Yangon Times ဂျာနယ်တွင်လည်း အလားတူ ရေးသားထားသည်။

ပြည်တွင်းရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ သတင်း မူကြမ်းများတင်ပြီး တပတ်ခန့် စောင့်ဆိုင်း ကြရသည်။ ယခုကဲ့သို့ သတင်းဂျာနယ် ၂ စောင်က ချက်ချင်းဖော်ပြခွင့်ရခြင်းမှာ စာပေစိစစ်ရေးက ထည့်သွင်းလိုသည့် အချက်ကို ရေးသားပေးသောကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအဝန်းတွင် ပြောဆိုနေကြသည်။

၎င်း ဂျာနယ် ၂ စောင်အပြင် NLD ပါတီ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်သည့် သတင်းကို တခြားသော သတင်းဂျာနယ်များက ဖော်ပြခွင့်ရရန် အတွက် စာပေစိစစ်ရေးသို့ တင်ထားကြောင်းလည်း သိရသည်။

“ကျနော်တို့ကိုလည်း စိစစ်ရေးက သူတို့ ထည့်စေချင်တဲ့စာသားတွေ ဖော်ပြပေးမှ ဒီသတင်းကို ခွင့်ပြုမယ်လို့ ထင်ပါတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။   

ယမန်နေ့က နိုင်ငံ တ၀န်းလုံးရှိ NLD ကိုယ်စားလှယ်များမဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် ၁၁၃ ဦး၏ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲတွင် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော မှတ်ပုံတင်ရေး မတင်ရေး ဆွေးနွေးပွဲတွင် နိုင်ငံတ၀န်းရှိ NLD အကျဉ်းကျ ခံနေသော NLD ခေါင်းဆောင်များ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိစေရန် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေက တားမြစ် ထားသည့် အပြင် NLD အနေဖြင့် မေလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မတီထံသို့ မှတ်ပုံတင်ခြင်း မပြုပါက တရား ၀င်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရမည်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း NLD အဖွဲ့ဝင်များအကြား ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။ NLD လူငယ် ခေါင်းဆောင်များက ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

NLD ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်