
စွမ်းအားမြှင့် ကျောင်းသား စစ်သည်တော်များ အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဝင်ရောက် စီးနင်းခဲ့ဖူးသည်။
သံသယရှိသူ တဦးဖြစ်သည့် ဝေဖြိုးအောင် (ခ) သက်ခိုင်ကို ဖမ်းမိထားပြီး ကျန်သုံးဦးမှာ ထိုင်းနယ်စပ်မှ ဖြတ်ကျော် လွတ်မြောက်သွားသည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။
သင်္ကြန်အကြတ်နေ့က ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး ၃ လုံးကွဲရာ အခင်းဖြစ်ပွားရာနှင့် ဖြစ်ပွားပြီးနောက် စုစုပေါင်း ၁၀ ဦးသေဆုံးပြီး ၁၇၀ ဒဏ်ရာ ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ရန်ကုန် သင်္ကြန် ဗုံးပေါက်ကွဲပြီး တရက်ခြားတွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်ရှိ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် ဗုံးဆယ်လုံးကျော် ပေါက်ကွဲခဲ့သည်။
၂၀၁၀ အတွင်း ဗုံးပေါက်ကွဲမှုပေါင်း နိုင်ငံအနှံ့ ရှစ်နေရာတွင် ဖြစ်ခဲ့ပြီး သေဆုံးသူ တဒါဇင်ကျော်နှင့် ဒဏ်ရာရသူ ၁၉၀ နီးပါး ရှိကြောင်း သိရသည်။
ရန်ကုန် သင်္ကြန်ဗုံးအတွက် စွမ်းအားမြင့် ကျောင်းသား စစ်သည်တော်များ အဖွဲ့လက်ချက်ဟု စွပ်စွဲလိုက်သော်လည်း ကျန် ဗုံးကွဲမှုများကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ဆိုသည်။
နောက် နှစ်လ သို့မဟုတ် သုံးလ အကြာတွင် အကြမ်းဖက်မှု ဆန့်ကျင်ရေးဥပဒေကို ထုတ်ပြန်သွားမည်ဟု ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက ပြောကြောင်း ဆင်ဟွာ သတင်းဌာနကလည်း ဖော်ပြထားသည်။
< Prev | Next > |
---|