ရေ ရှားပါးမှုကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ

E-mail Print
ပဲခူးတိုင်းအတွင်း သောက်သုံးရေရှားပါး ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဝေါမြို့နယ်၌ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ များပြား နေကြောင်း မြို့ခံများက ပြောသည်။

“အဓိကက ရေကြောင့်ဖြစ်တာလို့ ပြောနေကြတာ၊ ဒီဘက်နယ်တွေမှာ က ရေတော်တော်ရှားနေတယ်လေ"ဟု ဝေါမြို့ခံတဦးက ဆို သည်။

ဝေါမြို့နယ်အတွင်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း ဝေါမြို့နယ်ဆေးရုံကြီးမှလည်း အတည်ပြုပြောကြားသည်။

ဝေါမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးက"လောလောဆယ် ၀မ်းရောဂါသည် (၁၀) ဦးကျော်ရှိနေပါတယ်၊ ခန္ဓာကိုယ်တွင်း ရေဓာတ် ခန်းခြောက်တာနဲ့ သောက်ရေမသန့်တာကြောင့် ဖြစ်တာပါ၊ ကူးစက်ဝမ်းရောဂါတော့ မဟုတ်ပါဘူး"ဟု ဧရာဝတီသို့ ပြောသည်။

water_problemနောက်ထပ်ဖြစ်ပွားဦးမည့် အလားအလာရှိမရှိ မခန့်မှန်းနိုင်သည့်အတွက် ကျန်းမာရေး အသိပညာပေးမှုများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း ဆေးရုံအုပ်ကြီးက ဆိုသည်။

“အဓိကကတော့ဗျာ ရေကောင်းရေသန့်ရဖို့လိုတယ်၊ ဒီရာသီမှာ အစားအသောက်ဆင်ခြင်ဖို့လိုတယ်၊ အဲဒီ နှစ်ချက်ကို အဓိက ထားသင့်တာပါပဲ"ဟု ၄င်းက ပြောဆိုသည်။

မည်သည့်ကျေးရွာများတွင် အဆိုပါ ၀မ်းရောဂါအဖြစ်များနေသည်ဟု ဆေးရုံဘက်မှ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အင်းတိုင်စု ၊ ကပင် ၊ နောင်ပတ္တရာ ၊ ကော့ဝင်း ၊ ကတွက် စသည့်ကျေးရွာများတွင် အဖြစ်များနေသည်ဟု ဒေသခံများက ပြော သည်။

အပူရှိန်မြင့်မားမှုနှင့်အတူ ဧကရာဇ်၊ ကျိုက်လတ်၊ နောင်ပတ္တရာ၊ နောင်ကြမ်း၊ ဒေးစွန်ပါ၊ ရှမ်းရွာကြီး၊ မယင်းရွာမ၊ ကံကြီးကုန်း စသည့် ကျေးရွာများ အပါအ၀င် ပဲခူးတိုင်းအတွင်း ကျေးရွာ (၃၀) ကျော်၌ ရေတွင်းရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“ဝေါက ငွေကြေးတတ်နိုင်သူတွေ စုပြီး ရပ်ကွက်တွေ ၊ နယ်ရွာတွေဆင်းပြီး ရေလှူနေကြရတယ်၊ ကားတွေနဲ့ လှည့်ဝေရတာပေါ့ဗျာ၊ အာဏာပိုင်တွေ ဘက်ကတော့ ဘာမှလုပ်ပေးတာ မမြင်သေးဘူး"ဟု ဝေါမြို့ခံက ပြောသည်။

မြန်မာနိုင်ငံအတွင်း အပူရှိန်မြင့်တက်နေပြီး မုတ်သုန်အ၀င်နောက်ကျနေခြင်းကြောင့် မြေအောက်ရေလျော့ပါးကာ သောက်သုံးရေ ပြတ်လပ်ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်က သုံးသပ်ပြောဆိုသည်။

နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော လပွတ္တာ ၊ ဘိုကလေး ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင်လည်း ရေတွင်းရေကန်များ ခန်းခြောက် လျက်ရှိရာ ၊ ထိုဒေသခံ လူဦးရေ (၂) သိန်းခန့်သည် သောက်သုံးရေပြတ်လပ်မှုဒဏ်ခံရမည့်အလားအလာရှိနေကြောင်း ကုလသမဂ္ဂ ရန်ကုန်ရုံးခွဲက ထုတ်ပြန်ထားသည်။

ယခုနှစ်အတွင်း အပူရှိန်မြင့်တက်မှုနှင့် မိုးမရွာသွန်းမှုတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နိုင်သည့် အင်းလေးကန်တွင်ပင် ရေခန်းခြောက်မှုဖြစ်ပေါ်နေကြောင်း weekly eleven ဂျာနယ်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်