မဲဆောက်ရှိ မြန်မာ အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံရ

E-mail Print
ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့တွင် ၃ ရက် အတွင်း မြန်မာနိုင်ငံသား အလုပ်သမား ၆၀၀ ကျော် ဖမ်းဆီး ခံရကြောင်း သတင်း ရရှိသည်။

မဲဆောက်မြို့ရှိ စက်ရုံများမှ နေထိုင် အလုပ် လုပ်ခွင့် လက်မှတ်မရှိသော မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက မေလ ၈ နေ့မှ ၁၀ ရက်နေ့များအတွင်း ဖမ်းဆီးပြီး ပြန်ပို့ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်ကြောင်း သိရသည်။

“သုံးရက်အတွင်း ၆၀၀ ကျော် အဖမ်းခံရတယ်၊ မယ်တော် ကမ်းနားက အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ စတီးလ်ရုံ၊ ချန်ပီယံ ရုံ၊ ဘတ် နှစ်ရာဘက် စက်ရုံကလူတွေ ပုလိပ်ဖမ်းမှာစိုးလို့ တောထဲ တောင်ထဲပြေးနေကြတယ်၊ ပုလိပ်ကြောက်လို့ ပြေးတာတော့ စက်ရုံအားလုံး လိုလိုပါပဲ”ဟု မြန်မာ အလုပ်သမား ကွန်ရက်မှ တာဝန်ခံ ကိုဝဏ္ဏက ဧရာဝတီသို့ ပြောသည်။

မဲဆောက်ရှိ မဲ့သောင်၊ ဘန့်နူယာ စသည့် နေရာ အမည်များကို မြန်မာများက မယ်တော်၊ ဘတ်နှစ်ရာ ဟု အသံထွက် ခေါ်ဝေါ်ကြခြင်းဖြစ်သည်။

မေလ ၈ ရက်နှင့် ၉ ရက် အတွင်း မယ်တော် ကမ်းနားရှိ နွားရုံခေါ် စုန်ဟွန် သိုးမွေးရုံမှ အလုပ်သမား ၂၀၀ နီးပါး၊ ကပ်ပီဘန်း ဘက်တွင် လမ်းသွားလမ်းလာ ၆၀ ခန့်နှင့် အိုမီဂါရုံမှ ၁၂၀ ခန့် အဖမ်းခံရပြီး ယမန်နေ့တွင် S.R သိုးမွေးစက်ရုံမှ ၂၅၀ ခန့် ဖမ်းဆီးခံရသည်ဟု ကိုဝဏ္ဏက ဆက်လက်ပြောပြသည်။

အိုမီဂါ စက်ရုံမှ အဖမ်းခံရသော အလုပ်သမားများအနက် ၁၀၀ ခန့်ကို ယမန်နေ့ က မြန်မာဘက်သို့ ပြန်ပို့ လိုက်သည်ဟု သိရသည်။

သို့ သော် စုန်ဟွန် သိုးမွေးစက်ရုံ (နွားရုံ) မှ အလုပ်သမားများကိုမူ တရားရုံးက အမိန့်ချမှတ်ပြီး ထောင်သို့
ပို့လိုက်သည်ဟု တရားခွင်သို့ သွားရောက်ခဲ့သော ယင်းစက်ရုံမှ အလုပ်သမားတဦးဖြစ်သူ ကိုကျော်ညွန့်က ပြောသည်။

ကိုကျော်ညွန့် သည် မြ၀တီမှ မဲဆောက်သို့နေ့စဉ် လာရောက် အလုပ်လုပ်သူဖြစ်သည်။ ယင်းသိုးမွှေး စက်ရုံ သည် မြ၀တီမြို့နှင့် မျက်နှာချင်းဆိုင်ရှိ မဲဆောက်မြို့နယ်အတွင်း မဲ့သောင်ရွာတွင် ရှိသည်။ 

“ကျနော်တို့ နွားရုံက လူတွေကတော့ အားလုံး ထောင်ထဲပို့ လိုက်ပြီဗျာ၊ ကျနော် ပြန်လာခါနီးမှာ အားလုံး ဆံပင်တွေ ညှပ်လိုက်ပြီ၊ ဘယ်လောက် အမိန့်ချလိုက်တယ်တော့ ကျနော် မသိဘူး၊ သူတို့ အားလုံးကို ထောင်ချလိုက်ပြီ ဆိုတာပဲ သိရတယ်”ဟု ကိုကျော်ညွန့်က ဆိုသည်။

ရဲဖမ်းမည်စိုး၍ တိမ်းရှောင်နေသူ တဦးဖြစ်သော ကပ်ဘီဘန်းရွာရှိ ပေါင်မုန့်စက်ရုံမှ ကိုမျိုးကလည်း “ကျနော် တို့ တွေ တောထဲ တောင်ထဲမှာ အများကြီးပဲ၊ ပုလိပ် ဖမ်းမှာစိုးလို့ ပြေးနေတာ၊ မနက်ကတည်းက စက်ရုံက လူတွေ ပြေးနေကြ ရတယ်၊ ကျနော်တို့ မှာ လက်မှတ်မရှိတော့ ရဲဖမ်းမှာကို ကြောက်လို့”ဟုပြောသည်။

အလုပ်သမားများမှာ အခက်အခဲ ကြုံတွေ့နေရကြောင်း ရခိုင်အလုပ်သမား သမဂ္ဂမှ ဥက္ကဋ္ဌ ကိုလှမင်းက “တမြို့လုံးက စက်ရုံတွေ ပိတ်ထားရသလောက်ပဲ၊ အလုပ်သမား အများစုကလည်း လက်မှတ်မရှိကြတော့ ပြေးနေကြတယ်၊ ဒီတခါ ဖမ်းတာတော့ ဒီနှစ်အတွက် အဆိုးဆုံးပဲ”ဟုပြောသည်။
မြန်မာအလုပ်သမားများ အဖမ်းခံရသည့်အခါ ထိုင်းရဲများက အလုပ်သမားများကို ပြစ်ဒဏ်ချမှတ်ခြင်း၊ မြန်မာ ဘက်ကမ်းသို့ ပြန်ပို့ခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ရှိသော်လည်း ထိုင်းအလုပ်ရှင်များကိုမူ အရေးယူခြင်း မရှိဟု အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)မှ တာဝန်ခံ ကိုသံဒုတ်က ပြောသည်။

“ထိုင်းအစိုးရနဲ့ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေ အလုပ်လုပ်လို့ အဆင်ပြေနိုင်လောက်တဲ့ ဥပဒေကို ချမှတ်သင့်တယ်ဗျာ၊ အလုပ်ရှင်တွေကလည်း ယာယီပတ်စ်ပို့ ဆိုလည်း ယာယီပတ်စ်ပို့ ပေါ့၊လက်မှတ်ဆို လည်း လက်မှတ်ပေါ့၊ သူတို့ က ကူညီလုပ်ပေးသင့်တာပေါ့၊ အခုတော့ ဖမ်းရင် အလုပ်သမားတွေသာခံ၊ အလုပ်ရှင်တွေကတော့ ဘာမှမဖြစ်ဘူး၊ ခံစရာရှိ ကျနော်တို့ အလုပ်သမားတွေက ခံဘက်ကချည်းပဲ”ဟု ကိုသံဒုတ်က ဆိုသည်။

မဲဆောက်မြို့တွင် စက်ရုံပေါင်း ၃၀၀ နီးပါးရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည်။ မဲဆောက်မြို့မှအလုပ် သမားများ အများစုသည် အလုပ်သမား လက်မှတ်လုပ်ခ မတတ်နိုင်၍ လက်မှတ်လုပ်သူ ရာနှုန်း အနည်းငယ် သာ ရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိသည်ဟု အလုပ်သမားအရေး လေ့လာသူများက ခန့်မှန်းပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်