ကြယ်ငါးပွင့် သဘောင်္ လက်မှတ်ဈေး ၅ ဆတက်

Friday, 14 May 2010 14:29
Print
စီးပွားရေး ဦးပိုင် လီမိတက်က ကြယ်ငါးပွင့် သဘောင်္ လုပ်ငန်းကို လွှဲပြောင်း ပေးပြီးနောက် ကမ်းရိုးတန်း ခရီးစဉ်များ၏ လက်မှတ် နှုန်းထား အများစုသည် ငါးဆ နီးပါး မြင့်တက် သွားကြောင်း သိရသည်။

လက်မှတ် ဈေးတက် ခြင်းကြောင့် ရေကြောင်း ခရီးကိုသာ အားကိုး နေရသူများ အခက်အခဲ ဖြစ်နေ ရကြောင်း ကိုကိုးကျွန်း မြို့နယ် ဒေသခံ တဦးက ပြောသည်။

“အရင်က ရန်ကုန်- ကိုကိုးကျွန်း လက်မှတ်ခက (ကျပ်) ၄၂၀၀ ပဲ ပေးရတာ၊ အခုကျတော့ ၂၂၀၀၀ တောင် ပေးရတယ်။ ဘာကြောင့် ဈေးတက်တယ် ဆိုတာ မသိဘူး” ဟု  ဒေါ်မာလာအောင်က ပြောသည်။

ကိုကိုးကျွန်းသို့ သွားရောက် တာဝန် ထမ်းဆောင် နေသည့် အစိုးရ ၀န်ထမ်း တဦး ကလည်း မတန်တဆ ဈေးတက် သွားသဖြင့် စိတ်အနှောင့် အယှက် ဖြစ်ရသည်ဟု ဆိုသည်။

လက်မှတ်များ ဈေးတက်ရခြင်းသည် ကြယ်ငါးပွင့်၏  နိုင်ငံခြားခရီးစဉ်တွင် တာဝန်ထမ်းဆောင်နေသော သဘောင်္သားများကို နိုင်ငံခြားငွေဖြင့် လစာပေးမည် ဆိုသော သတင်းနှင့် ဆက်စပ်နေကြောင်း ဦးပိုင်လီမိတက်မှ တာဝန်ရှိသူတဦးက ပြောသည်။

ကြယ်ငါးပွင့်သည် ယခင်က ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်တွင် ရှိခဲ့ပြီး ဧပြီလ ၁ ရက်နေ့တွင် စစ်တပ်ပိုင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က လွဲပြောင်း ရယူလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းကို ၁၉၅၉ ခုနှစ် ကတည်းက စတင် တည်ထောင် လုပ်ကိုင်ခဲ့ရာ အရှုံး ပေါ်နေသည်မှာ ကာလကြာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကြယ်ငါးပွင့်၏ သဘောင်္များသည် ပြည်တွင်း ခရီးစဉ်များ အဖြစ် ရန်ကုန်၊ ကိုကိုးကျွန်း၊ မော်လမြိုင်၊ ထား ၀ယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ မြို့များသို့ ပြေးဆွဲနေသည်။

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းတွင် ကမ်းရိုးတန်းသွား သင်္ဘော ၁၀ စင်း၊ နိုင်ငံခြားသွား သင်္ဘော ၁၆ စင်း၊ ၀န်ထမ်းပေါင်း တထောင်ကျော် ရှိကြောင်း သိရသည်။