ချင်းတွင်း ရွှေတူး လုပ်ငန်းလည်း ထူး လက်ဝါးကြီးအုပ်

E-mail Print
စစ်ကိုင်းတိုင်း မုံရွာဒေသခံ လုပ်ငန်းရှင်များ ကြီးကြပ်ခွင့် ရရှိထားသော ဆွဲလဲရွှေမှော် လုပ်ငန်းခွင်ကို ဦးတေဇပိုင် ထူးကုမ္ပဏီက ၀င်ရောက်၍ လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြောင်း နီးစပ်သူများက ပြောသည်။

ဒေသခံ လုပ်ငန်းရှင် ဦးအောင်လင်းနှင့် ဆွေမျိုးတော်စပ်သူတဦးက“တိုင်းမှူးက ဒေသခံ ကောင်းမြတ်ပြည်ကျော် ကုမ္ပဏီကို လုပ် ကိုင် ခွင့်ပေးတာပါ၊ ဒါပေမယ့် အဲဒီဘက်မှာ သစ်လုပ်ကွက်တွေ ရထားတဲ့ ထူး ကုမ္ပဏီကပါ ရွှေမှော်လုပ်ငန်းထဲ ၀င်လာတယ်၊ ဦးတေဇ ပိုင် ဆိုတော့လည်း ဒီဘက်က ဒေသခံလုပ်ငန်းရှင်တွေက ဘာပြောရဲမှာလဲ၊ ခွဲပေးလိုက်ရတာပါပဲ"ဟု ဆိုသည်။

လွန်ခဲ့သည့် (၃) လခန့်က ခန္တီးမြို့နယ် ဆွဲလဲရွာ အနီး ချင်းတွင်းမြစ်အတွင်း၌ ရွှေထွက်သည်ဆိုသည်ကို ရွှေတူးဖော်ရေး လုပ်ငန်း ရှင် (ငယ်)များက ကနဦးတွေ့ခဲ့ကြပြီးနောက် စစ်ကိုင်းတိုင်း တိုင်းမှူးက ဦးအောင်လင်း ဆိုသူ ဦးဆောင်သည့် မုံရွာစီးပွားရေး လုပ်ငန်းရှင်(၄)ဦးဖြင့် ဖွဲ့စည်းထားသော ကောင်းမြတ်ပြည်ကျော် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အခု ချင်းတွင်းမြစ်ထဲမှာပဲ မော်တော်တွေ တန်းစီပြီး ဗြုံးစုပ် ရွှေထုတ်နေတာ အတန်းပေါင်း (၉) တန်းရှိတယ်၊ မော်တော်အစီးရေ ပေါင်း(၇၀၀) ကျော်ရှိပါတယ်၊ အခု ထူးကုမ္ပဏီကိုပါခွဲပေးလိုက်ရတော့၊ မော်တော်တန်းကို စုံ ၊ မ ခွဲပြီး အခွန်ကောက်နေရတယ်"ဟု ဦးအောင်လင်းနှင့် ဆွေမျိုးတော်စပ်သူက ဆက်လက်ပြောဆိုသည်။

ကောင်းမြတ်ပြည်ကျော်ကုမ္ပဏီအနေဖြင့် အစိုးရသို့ အခွန်မည်မျှ ပေးဆောင်နေရသည် ဆိုသည်ကိုမူ ၄င်းက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုကာ ထူးကုမ္ပဏီက ပေးဆောင်ရမှုကိုလည်း မသိရှိရဟု ဆိုသည်။

ဆွဲလဲရွှေမှော်တွင် ကိုယ်ပိုင်မော်တော်ငယ်ဖြင့် ရွှေတူးဖော်ရေးဝင်ရောက်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်ငယ်များကမူ ထူးကုမ္ပဏီနှင့် ကောင်းမြတ်ပြည်ကျော် ကုမ္ပဏီများသို့ တလလျှင် ရွှေ သုံးကျပ်သား ပေးဆောင်နေရကြောင်း စုံစမ်းသိရှိရသည်။

“အခု မြစ်ထဲမှာ မော်တော်တွေတန်းစီပြီး တူးနေတဲ့ အတန်းတွေကို (၁) ၊ (၂) ၊ (၃) ၊ (၄) တပ်ပြီး စုံ အတန်းကလူတွေက ထူးကို  တလ ရွှေ (၃) ကျပ်သားပေးရတယ်၊ မ အတန်းက လူတွေက ဦးအောင်လင်းတို့ အုပ်စုကို ပေးရတယ်၊ လုပ်ခွင့်ရတာ ဦးအောင် လင်း တို့ အုပ်စုဆိုတာဟုတ်တယ်၊ နောက်မှ ထူး က ၀င်လာတာ၊ သူခိုးကြီးလက်က ဓါးပြကြီး လုတာပေါ့ဗျာ၊ ရွှေထွက်ရာလိုက်ရှာ ရတော့၊ ကျနော်တို့ က ထွက်ပြီဟေ့ တွေ့ပြီဟေ့ဆို ကုမ္ပဏီတွေက၀င်လာပြီ"ဟု ဆွဲလဲရွှေမှော်တွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင် တဦးက ပြောသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်းတွင်းမြစ်ရိုးတလျှောက်တွင် ဖရုံချောင်း ၊ သငါ ၊ ရိုးလာ ရွှေမှော်များရှိရာ ဆွဲလဲမှော်မှာ ရွှေထွက် အား အကောင်းဆုံးဖြစ်နေပြီး ၂၀၀၅ခုနှစ်ဝန်းကျင်မှစ၍ ရွှေထွက် အား ကောင်းခဲ့သော ဥရုချောင်းအတွင်းမှ နန်တောရွှေလုပ်ကွက် မှာ တိမ်ကောနေပြီဖြစ်ကြောင်း သိရသည်။

ဆွဲလဲ ရွှေမှော်တွင် ရွှေရနည်းသည့် မော်တော်တစီးပင်လျှင် တရက် ရွှေ ရွေး (၆၀) ခန့်ထွက်ရှိနေပြီး အရများသည့် မော်တော်တချို့ သည် တရက် ရွှေ (၅) ကျပ်သား အထိ ရရှိနေကြောင်း မော်တော်ပိုင်ရှင်များက ပြောသည်။

“ပြီးခဲ့တဲ့ (၁) လကျော်ကျော်ကစပြီး ရွှေသမားတွေ ဆွဲလဲမှော်ကို ပြုံတိုးလာကြတယ်၊ ခုချိန်ထိတော့ ထွက်အားကောင်းနေသေး တယ်၊ အခွန် အဖြစ် တလ ရွှေ (၃) ကျပ်သားကို ပေးနိုင်ကြတယ်၊ နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲတော့ မသိဘူး၊ ကုမ္ပဏီတွေက လုပ်ပိုင်ခွင့်ယူတယ်ဆိုတာ ဘာမှလုပ်တာမဟုတ်ဘူး၊ အခွန်ကောက်တာပဲ၊ ဘာနည်းပညာပံ့ပိုးမှု၊ ဘာကူညီမှုမှ လုပ်ပေးတာ မဟုတ် ဘူး၊ အစိုးရနဲ့ပင်းပြီး အခွန်ကောက်တာပဲ"ဟု ရွှေတူး မော်တော်ပိုင်ရှင်တဦးက ပြောသည်။

ဆွဲလဲမှော်ကို ကြီးကြပ်နေသည့် ကုမ္ပဏီနှစ်ခုသည် လုပ်ငန်းသုံး စက်သုံးဆီများကိုလည်း ၄င်းတို့ ကုမ္ပဏီများထံမှ မ၀ယ်မနေရ စနစ်ဖြင့်ရောင်းချနေရာ လက်အောက်ခံလုပ်ငန်းရှင် အငယ်များ မကျေမနပ်ဖြစ်နေကြသည်။

“ဒီဇယ်တပီပါကို ကျပ် (၂) သိန်း (၂) သောင်းနှုန်းနဲ့ဖြန့်တယ်၊ အပြင်ပေါက်ဈေးက(၂)သိန်း သာသာပဲ ရှိတာ၊ သူတို့ဆီက မ၀ယ် ရင်လည်း အပြင်ဆီကိုအထဲအ၀င်မခံဘူး၊ ရတဲ့ရွှေထဲက တလ (၃) ကျပ်သားလည်း ပေးရသေးတယ်၊ စက်သုံးဆီကျတော့လည်း သက်သာတဲ့ဆီမှာ ၀ယ်ခွင့်မရကြဘူး၊ အဲဒီလိုကို လက်ဝါးကြီး အုပ်ထားကြတာ"ဟု ရွှေတူး မော်တော်ပိုင်ရှင်က ဆက်လက်ပြောဆို သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့်နီးစပ်သော ကုမ္ပဏီများက အသေးစား ရေနံနှင့်သတ္တု တူးဖော်ရေးလုပ်ငန်းများတွင် လက်ဝါးကြီး အုပ်မှု များ ပြုလုပ်လေ့ရှိရာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအတွင်း မကွေးတိုင်း နှောပင်ရေနံမှော်တွင် ပုဂ္ဂလိကရေနံတူးဖော်သူများက မကွေးတိုင်းမှူး အစ်မပိုင် ကောင်းဇော်ဟိန်း ကုမ္ပဏီကို ဆန္ဒပြရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့ပြီး လုပ်ငန်းရှင်ငယ် များကိုလည်း ဖမ်းဆီး အရေယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်