IGE ကန်ထရိုက်ရ ဓာတ်ငွေ့ပိုက်လိုင်းများ အရည်အသွေးမမီ

E-mail Print
တနသာင်္ရီတိုင်း မုတ္တမ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ စီမံကိန်းမှ ရန်ကုန်မြို့ လျှပ်စစ် ဓာတ်အားပေး စက်ရုံများသို့ သွယ်တန်း နေသည့် ပိုက်လိုင်း များသည် အရည်အသွေး မပြည့်မီသည့် အတွက် သဘာဝဓာတ်ငွေ့များ မပို့လွှတ်နိုင်သေးကြောင်း သိရသည်။

ယင်း ပိုက်လိုင်းသွယ်တန်းသည့် စီမံကိန်းကို အမှတ် ၁ စက်မှုဝန်ကြီး ဋ္ဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင် သည့် IGE Co.Ltdက လုပ်ပိုင်ခွင့် ရရှိထားခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိသည်ဟု အဆိုပါ ကုမ္ပဏီနှင့် နီးစပ် သူ တဦးက ဧရာဝတီသို့ပြောသည်။

“ပိုက်တွေက ရန်ကုန်ကို ရောက်ပြီးတာကြာပြီ၊ ဂက်စ်က လွှတ်လို့မရသေးဘူး၊ အရည်အသွေးပိုင်းမှာ ပြဿနာတက်နေတယ်”ဟု ၎င်းကဆိုသည်။

လုပ်ငန်းကြန့်ကြာနေရခြင်းမှာ မေလကုန်တွင် လုပ်ငန်းကို အပြီးသတ်၍ ဓာတ်ငွေ့ပေးပို့နိုင်ရန် စီစဉ်ထားသော်လည်း စွမ်းအင် ၀န်ကြီးဋ္ဌာန ၀န်ကြီး ယခင်(ဗိုလ်မှုးချုပ်ဟောင်း) ဦးလွန်းသီက ဧပြီလတွင် အမြန်ဆုံး အဆုံးသတ်လုပ်ကိုင်ပေးရန် ညွှန်ကြားမှု ကြောင့် ဖြစ်သည်ဟု ထိုကုမ္ပဏီက ဖြေရှင်းကြောင်းလည်း ၎င်းက ပြောဆိုသည်။

သွယ်တန်းထားသည့် ပိုက်လိုင်းအရှည်မှာ ၁၇၉ မိုင်ရှိပြီး ကမ်းလွန်ပိုင်းတွင် ၉၃ မိုင်၊ ကုန်းတွင်းပိုင်း အရှည် ၈၆ မိုင်ရှည်လျှားသည်။ ပိုက်လိုင်းအချင်းမှာ ၂၄ လက်မရှိသည်။

မုတ္တမကမ်းလွန်တွင် စစ်အစိုးရက ရဲတံခွန်နှင့် ရတနာဓာတ်ငွေ့စီမံကိန်းကို ဖော်ဆောင်ထုတ်ယူ၍ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေ ခြင်းဖြစ်သည်။

စွမ်းအင်ဝန်ကြီးဋ္ဌာနမှ အရာရှိတဦီးက“အရင်ကစီမံကိန်း ဧရိယာတလျှောက်မှာ အရည်အသွေးကောင်းတဲ့ ပိုက်လိုင်း အဟောင်းရှိ တယ်၊ စီမံကိန်းစတော့ စွမ်းအင်ဋ္ဌာနက မဖျက်ဘဲန့ အရန်ထားဖို့ပြောတယ်၊ ဒါပေမယ့် ဖျက်ပစ်လိုက်ကြတယ်၊ အခုတော့ ရန်ကုန် မီးမရတော့ဘူးပေါ့”ဟု ဆိုသည်။

ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် စက်ရုံ  ၅ ရုံ ခန့်ရှိပြီး အဆိုပါ စီမံကိန်းပြီးစီးသွားလျှင် ရန်ကုန်မြို့ အတွက် မဂ္ဂါ ၀ပ် ၆၀၀ ပေးနိုင်မည်ဖြစ်သည်။

မကြာမီရက်ပိုင်းက ထုတ်ဝေသည့် အစိုးရသတင်းစာများတွင်မူ ပိုက်လိုင်းသွယ်တန်းမှု လုပ်ငန်းများ အားလုံး ပြီးစီးနေပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့ကို မီးပေးနိုင်တော့ မည်ဖြစ်ကြောင်း ရေးသားထားသည်။

ရန်ကုန်မြို့၏ လက်ရှိလျှပ်စစ်မီးဖြန့်ဖြူးမှုမှာ ပုံမှန်မရှိကြောင်း၊ ပူပြင်းသည့် ရာသီဥတုတွင် လျှပ်စစ်မီးမလာသည့်အတွက် ရေရရှိ ရန် ပင် အခက်အခဲရှိကြောင်း ရန်ကုန်မြို့ခံတဦးက ဧရာဝတီသို့ပြောသည်။

“ရေတင်ဖို့ မပြောနဲ့ တယ်လီဖုန်း အားသွင်းဖို့တောင် မီးမလာဘူး၊ မီးထွန်းဖို့ ဘက်ထရီလည်း သုံးမရဘူး”ဟု အဆိုပါမြို့ခံကဆို သည်။

မီးပုံမှန်မရရှိသော်လည်း မီတာသုံးစွဲခနှင့် မီတာထိန်းသိမ်းစောင့်ရှောက်ခများကို အစိုးရက မကြာသေးမီက တိုးမြှင့်ကောက်ခံခဲ့ သည်ဟု ၎င်းက ဆက်လက်ပြောပြသည်။ ယခုအခါ မီတာသုံးစွဲခမှာ တယူနစ်လျှင် ၅၀ ကျပ်၊ မီတာ ထိန်းသိမ်းခမှာ ၁၅၀၀ ကျပ် လစဉ်ပေးဆောင်ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း ပြုလုပ်ခဲ့သော စစ်အစိုးရ၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးဆွေးနွေးပွဲတွင် ရေအား လျှပ်စစ်စီမံကိန်း၂၅ ခု ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင် သည့် Solar Panel ထုတ်လုပ်မှု စီမံကိန်းကို ရန်ကုန်မြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှ ညွှန်ကြားထားကြောင်း အစိုးရ သတင်းစာများတွင်ရေးသားထားသည်။

မန္တလေးတိုင်း အထက်ဆည်တော်ကြီး နှင့် ပဲခူးတိုင်း ရှိ သောက်ရေခပ် ၂ ရေအားလျှပ်စစ်စီမံကိန်းတို့မှ လျှပ်စစ်ဓာတ်အားထုတ် ယူဖြန့်ဖြူးခွင့်ကို စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ရွှေစွမ်းအင် ကုမ္ပဏီ တို့ကိုပေးအပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်