မြန်မာနိုင်ငံ တ၀န်း သောက်သုံးရေ ရှားပါးမှုကြုံ

E-mail Print
မြန်မာနိုင်ငံ တ၀န်းတွင် အပူရှိန် မြင့်တက် နေမှုနှင့်အတူ သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။

ဧပြီလအတွင်း ပျမ်းမျှအပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက် ခဲ့ကြောင်း အစိုးရထုတ် သတင်းစာ ဖော်ပြချက်များ အရ သိရသည်။

ထို့နောက် ရေတွင်း၊ ရေကန်များ ခန်းခြောက်ခဲ့ရာ သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်လာသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ခံတဦးက “လျှပ်စစ်မီးက မမှန်၊ ရေတွင်းက ခန်း၊ ရာသီဥတုက အရမ်းပူနဲ့ ဒီမှာတော့ ငရဲပါပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ၏ ပျမ်းမျှ အပူချိန်မှာ ဧပြီ နှောင်းပိုင်းမှ ယခု အချိန်ထိ ၄၃ ဒီဂရီ စင်တီဂရိတ် အထက်တွင် ရှိနေခဲ့ သည်။

အပူချိန် မြင့်တက်ပြီး မိုးရွာသွန်းမှု မရှိခြင်းကြောင့် ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း၊ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်း ၊ မွန်ပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ်များတွင် သောက်သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

{slimbox images/multimedia/MM-Water/01.jpg,images/multimedia/MM-Water/01-sm.jpg, သောက်သုံးရေ အတွက် ဤသို့ ကန်ရေကို လက်ဆင့်ကမ်း သယ်ဆောင်ကြရ (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/MM-Water/02.jpg,images/multimedia/MM-Water/02-sm.jpg, ထိုသို့သော ရေသယ်ကားများဖြင့်လည်း သောက်သုံးရေ ဖြန့်ဝေနေကြ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/MM-Water/03.jpg,images/multimedia/MM-Water/03-sm.jpg, သောက်သုံးရေအတွက် ရေလှူသည့် ကားတစီးကို ၀ိုင်းအုံနေကြသော ပဲခူးတိုင်း ကျေးရွာတရွာမှ ဒေသခံများ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/MM-Water/04.jpg,images/multimedia/MM-Water/04-sm.jpg,နာရေးကူညီမှု အသင်းကလည်း ရေလှူရန် ပဲခူးမြို့ကို ရောက်ရှိနေ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/MM-Water/05.jpg,images/multimedia/MM-Water/05-sm.jpg, ရေဖြည့်နေသည့် နာရေးကူညီမှုအသင်း ရေသယ်ကား (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/MM-Water/06.jpg,images/multimedia/MM-Water/06-sm.jpg, ပဲခူးတိုင်း ရေရှားပါးမှုအတွက် ရေလှူရေး တိုင်ပင်နေသည့် နာရေးကူညီမှုအသင်း မှ ဦးကျော်သူနှင့် ရှေ့နေကြီး ဦးအေးမြင့် (ဓာတ်ပုံ - ဧရာဝတီ)}
“ရေတွင်းတွေအကုန်ခန်းတယ်ဗျာ၊ သောက်ရေအတွက်ကို ၀ယ်သုံးနေကြရတယ်၊ တစည်ကို ကျပ် (၅၀၀)၊ အဲဒါက ကိုယ်တိုင် တွန်းရတယ်၊ အရောက်ပို့ဆိုရင် ရေတစည် (၁၅၀၀) အထိပေးရတယ်ဗျ”ဟု မန္တလေး အောင်ပင်လယ် မြို့သစ်နေသူ တဦးက ပြောသည်။

တွင်းရေများ ခန်းရခြင်းမှာ မုတ်သုန်အ၀င်နောက်ကျနေခြင်းကြောင့် မြေအောက်ရေလျော့ပါးကာ သောက်သုံးရေ ပြတ်လပ် ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်က သုံးသပ်ပြောဆိုသည်။

ပဲခူးတိုင်း ဝေါမြို့နယ်အတွင်းတွင်လည်း သောက်သုံးရေပြတ်လပ်မှုနှင့်အတူ ၀မ်းပျက်ဝမ်းလျှောမှုများ ဖြစ်ပွားနေရာ မေ (၅) ရက်မှ (၁၁) ရက်အတွင်း (၈၂) ဦး ကို ဝေါဆေးရုံက လက်ခံကုသပေးခဲ့ရကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“တွင်းရေတွေခန်းတော့ ရှိတဲ့ကန်ရေသောက်ကြရတယ်၊ ချက်ကြရတယ်ဗျာ၊ ကန်ရေကလည်း ခန်းလုလုရေ ဆိုတော့ မသန့်တော့ ဘူးလေ၊ အဲဒါတွေပဲ သုံးနေရတော့ ၀မ်းပျက်ဝမ်းလျှောဖြစ်ကုန်ကြတာ၊ မနေ့ကတော့ ပဲခူး ဒေါက်တာ တင်လှိုင် တို့အဖွဲ့ ဝေါဆေးရုံ မှာ ၀မ်းပျက်သူတွေအတွက် လိုအပ်တဲ့ဆေးဝါး ကျပ်(၂) သိန်းဖိုးလာလှူတယ်၊ ဒီချုပ်က ရေလှူနေတယ်၊ ကိုကျော်သူတို့ နာရေး ကူညီမှု အသင်းကလည်း လာလှူတယ်၊ ဗုံးကွဲတုန်းက လှူခဲ့တဲ့ ဦးတေဇတို့ ၊ ဇော်ဝင်းထွဋ်တို့တော့ ဘယ်ချောင် အိပ်ပျော်နေလည်း မသိဘူး”ဟု ဝေါမြို့ခံက ပြောသည်။

ပဲခူးတိုင်းအတွင်း ရေလှူဒါန်းသူ များပြားလာနေသော်လည်း ဒေသခံများအတွက် လိုအပ်မှုများရှိနေသေးရာ မည်သည့်နေ့ရက်အထိ လှူဒါန်းနေရဦးမည်ကို မခန့်မှန်းနိုင်သေးကြောင်း နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ပြောသည်။

“ပြီးခဲ့တဲ့ သုံးရက်လောက်က ကားကြီးတစီးနဲ့ စလှူနေတာပါ၊ အခုထက်ထိ ရေကားလာတာတွေ့ရင် လိုက်တောင်းနေတဲ့ သူတွေ ရှိနေတုန်းပဲ၊ ဧရာဝတီတိုင်းဘက်မှာလည်း ရေရှားနေတယ်ကြားတယ်၊ အလှူငွေရရှိမှုပေါ် မူတည်ပြီး ကျနော်တို့ လုပ်သွားမှာပဲ"ဟု ဦးကျော်သူက ပြောသည်။

နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော လပွတ္တာ ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင်လည်း ရေတွင်းရေကန်များ ခန်းခြောက် လျက်ရှိရာ ၊ ထိုဒေသခံ လူဦးရေ (၂) သိန်းခန့်သည် သောက်သုံးရေပြတ်လပ်မှုဒဏ်ခံရမည့် အလားအလာရှိနေကြောင်း ကုလသမဂ္ဂ ရန်ကုန်ရုံးခွဲက ထုတ်ပြန်ထားသည်။

ကမ်းရိုးတန်းဒေသဖြစ်သည့် ရခိုင်ပြည်နယ်တွင်ပင် မိုးရွာသွန်းမှုမရှိသေးခြင်းကြောင့် ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း စစ်တွေမြို့ခံတဦးက ပြောသည်။

“ဒီဘက်မှာလည်း ရေရှားနေတာပါပဲ၊ မိုးကောင်းကောင်းမရွာသေးဘူး၊ စစ်တွေတမြို့လုံးသုံးတဲ့ ကန်တော်ကြီးလည်း ခန်းနေပြီ၊ သံတွဲ ၊ မောင်းတော ဘက်တွေမှာလည်း သောက်ရေရှားလာပြီလို့ ကြားတယ်”ဟု စစ်တွေမြို့ခံက ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်သည်လည်း ရေခန်းးခြောက်မှုများ ဖြစ်ပေါ်နေပြီး ညောင်ရွှေမြို့တွင်လည်း သောက်သုံးရေ နည်းပါးလာခြင်းကြောင့် ၀ိပဿနာတရားစခန်းများပင် ပိတ်ထားရကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ၁၉၊ ၂၀၊ ၂၄ နဲ့ ၂၅ ရပ်ကွက်များမှ ရပ်ကွက်နေ လူထုကလည်း ရေရရှိရေး အတွက် ရန်ကုန်မြို့တော်ဝန်ထံ စာရေး တောင်းဆိုမှုပြုလုပ်ထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်