မြန်မာပြည် အလယ်ပိုင်းတွင် အပူရှိန် ပြင်းထန်

E-mail Print
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ပြန်းထန်သော အပူရှိန်ကြောင့် သက်ကြီး ရွယ်အိုနှင့် ကလေးငယ် သေဆုံးမှုနှုန်း မြင့်မားခြင်း၊  သောက်သုံးရေ ပြတ်လပ်ခြင်းတို့နှင့် ကြုံတွေ့နေ ရကြောင်း ဒေသခံများက ဆိုသည်။

“မနေ့က တရက် တည်းတင် အပူရှပ်လို့ ဆိုပြီး ၁၂ ယောက် သေတယ် ကြားရတယ်၊ အသက်ကြီးတဲ့ သူတွေ၊ ရေချိုးမှားတဲ့ ၁၀ နှစ်၊ ၁၂ နှစ် အရွယ် ကလေးတွေ ပါတယ်၊ အရက် သောက်တဲ့ သူတွေ ပါတယ်” ဟု ရေနံချောင်းမြို့မှ ဒေါ်ခင်စောဌေးက ပြောသည်။

အပူရှိန် ပြင်းထန် လွန်းသဖြင့် သဂြိုင်္ဟ်ရေး အတွက်ပင် အခက် ကြုံနေ ကြသည်ဟု ဆိုသည်။

“သေတဲ့ သူတွေကို သဂြိုင်္ဟ်ဖို့ မြေတူးတဲ့ သူတွေတောင် မြေငွေ့က တအား ပူလို့ မတူးနိုင်ကြ၊ မတူးချင်ကြဘူး” ဟု  ဒေါ်ခင်စောဌေးက ပြောသည်။

ရေတွင်း ရေကန် အများအပြား ခန်းခြောက်နေခြင်းကြောင့် ရေနံချောင်းတွင် သောက်သုံးရေ ရှားပါးနေကြောင်း သိရသည်။

ရေရရှိရေး အတွက် ဧရာဝတီ မြစ်ကမ်းနံဘေးရှိ ရေတွင်းဟောင်းများ ပြန်လည် ဆယ်ယူခြင်းကို ရေနံချောင်းမှ စေတနာရှင်တချို့၏ အကူအညီဖြင့် ဆောင်ရွက်နေသည်ဟု ဒေသခံများက ပြောသည်။

အာဏာပိုင်တို့က ရေနံချောင်းဒေသခံများ ရေရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း မရှိသေးဟု ဆိုသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထိုဒေသ၏ အပူချိန်များမှာ ချောက်မြို့နယ်တွင် ၄၅.၉ ဒီဂရီ စင်တီဂရိတ်၊ မုံရွာ၊ မြင်းခြံ၊ မကွေးမြို့များတွင် ၄၅.၅ ဒီဂရီ စင်တီဂရိတ် ရှိကြောင်း သိရသည်။

အမှန်တကယ် ရှိနေသော အပူချိန်မှာ ထိုဖော်ပြချက်ထက် အနည်းငယ် ပိုနေသည်ဟု မကွေးမြို့ခံများက ဆိုသည်။

“အိမ်က သာမိုမီတာမှာက တအား ပူတဲ့ အချိန် ဆိုရင် ၄၇၊ ၄၈ ဖြစ်နေတတ်တယ်။ အရမ်းပူတော့ မီး လာတုန်းလေး အဲကွန်း ဖွင့်လည်း မအေးနိုင်ဘူး။ မိုးကလည်း မရွာသေးဘူး။ တအားပူတော့ နေ့လယ်ခင်းဆို အပြင် ထွက်တဲ့သူ သိပ်မရှိဘူး” ဟု မကွေးမြို့ခံ တဦးက ဆိုသည်။

မကွေးမှ ကျန်းမာရေး ၀န်ထမ်းတဦးကလည်း “ပူလွန်းတော့ လည်ချောင်း နာတာ၊ မျက်စိတွေ နီရဲပြီး စပ်တာမျိုးတွေ၊ အပူကြောင့် ဖြစ်တဲ့ မိတ်တွေ တအား ထွက်တာတို့၊ ရေဓာတ် ခန်းခြောက်တာတို့တော့ တော်တော် များများ ဖြစ်ကြတယ်။ ဟိုလိုမျိုးကြီး ၀မ်းရောဂါ ဘာညာ ဖြစ်တာမျိုးတော့ လောလောဆယ် သိပ် မတွေ့သေးဘူး” ဟု ပြောပြသည်။

မကွေးကဲ့သို့ပင် မင်းဘူးမြို့သည် နွေရာသီတွင် အပူဒဏ် ပြင်းထန်သော်လည်း ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသောကြောင့် သုံးရေ ပြဿနာ မရှိသေးကြောင်း ဒေသခံများက ဆိုကြသည်။

မင်းဘူးမြို့ခံ တဦးက “မြစ်ထဲဆင်း အ၀တ်လျှော်၊ ရေချိုးကြနဲ့ ဆိုတော့ သုံးရေ အတွက် ပြဿနာ သိပ် မရှိသေးပါဘူး။ ဒါပေမယ့် သောက်ရေ အတွက်ကတော့ နွေဆိုရင် ဒီဘက်က တွင်းရေ တော်တော်များများက ရေငန်တွေ ဖြစ်တာရယ်၊ ရေ ခန်းသွားတာနဲ့ ဆိုတော့ ခက်တာပေါ့” ဟု ပြောသည်။

မင်းဘူးမြို့ အာဏာပိုင်များက မီးသတ်ကားဖြင့် သောက်သုံးရေ ပေးဝေသည်ဟု ဒေသခံများက ဆိုသည်။

“တအိမ်ကို တပုံး၊ နှစ်ပုံး၊ တရက်ခြားလောက်ပဲ ရတော့ သိပ်တော့ မလောက်ဘူးပေါ့၊ ဒီလိုပဲ ချွေတာ သုံးရတယ်” ဟု ဒေသခံ တဦးက ရှင်းပြသည်။

အပူရှိန် မြင့်မားသည့် မနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း မြစ်ထဲသို့ မဆင်းရန် အာဏာပိုင်တို့က ကြေညာထားကြောင်း၊ မြစ်အတွင်း ရေဆင်းချိုးသူများကို တားမြစ်ရန် မြစ်ကမ်း တလျှောက် လုံခြုံရေး ချထားရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင်မူ ယမန်နေ့ညက လေပြင်းများ ကျ၍ မိုးအနည်းငယ် ရွာသွန်းခဲ့သောကြောင့် အပူရှိန် အနည်းငယ် ကျဆင်းခဲ့သည်။ အပူဒဏ် အပြင်းအထန် ခံနေရသည့် ရန်ကုန်တွင်လည်း ယနေ့ နံနက်ပိုင်းက မိုး ရွာသွန်းခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်