ရန်ကုန် စီးပွားရေး လုပ်ငန်းများ မီးမရတော့

E-mail Print
ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက လုပ်ငန်းများကို ပြီးခဲ့သည့် သောကြာ နေ့မှစ၍ လျှပ်စစ် ဓာတ်အား လုံးဝ ဖြတ်တောက် လိုက်ကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းများ၊ စက်မှုဇုန်များ၊ အသေးစား စက်မှုလုပ်ငန်းများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ လျှပ်စစ်ဓာတ်အား ပေးဝေနေခြင်းကို မေလ ၁၄ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ရန်ကုန်မှာ လျှပ်စစ် ဓာတ်အား ပေးဝေနိုင်တဲ့ အခြေအနေက အဆိုးဆုံး အခြေအနေကို ရောက်နေတော့ လုပ်ငန်းရှင် တွေထက် ပြည်သူတွေကို လျှပ်စစ် ဓာတ်အား ပေးနိုင်ဖို့ ဆိုပြီး အထက်က ဒီလို လုပ်ခိုင်းတာ” ဟု ယင်း တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

ဤသို့ ဖြတ်တောက် လိုက်ခြင်းဖြင့် ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်များကို တနေ့လျှင် လျှပ်စစ်ဓာတ်အား ၄ နာရီခန့် ပုံမှန် ပေးနိုင်ဖွယ် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြသည်။

သတ်မှတ် နာရီအတိုင်း လျှပ်စစ်မီး ပုံမှန် ပြန်ပေးမည်ဟု သတင်းကြားရ သော်လည်း ယနေ့ အထိ လျှပ်စစ်မီး ပုံမှန် မရသေးဟု မင်္ဂလာဈေး အနီးတွင် နေထိုင်သူ တဦးက ပြောသည်။

ယင်းကဲ့သို့ မကြေညာမီ ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးရှိ လျှပ်စစ် အင်ဂျင်နီယာများက မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရမည့် လုပ်ငန်းရှင်များစာရင်းကို တင်သွင်းရကြောင်း သိရသည်။

“လုံးဝ သုံးလို့မရအောင် မီတာဘောက်စ်တွေပါ ချိတ်ပိတ်သွားတာ။ အရင်လည်း မီးမမှန်လို့ မီးစက်သုံးနေရပေမယ့် လုံးဝ သုံးလို့ မရတော့တဲ့ အထိလောက်တော့ မဆိုးဘူးပေါ့။ အခု မီးလုံးဝ မသုံးရတော့ဘူးဆို ဘာနဲ့ စက္ကူတွေဖြတ်တာ၊ ညှပ်တာလုပ်ရတော့ မလဲ” ဟု ရန်ကုန်မြို့ရှိ စာအုပ်ချုပ်နှင့် စက္ကူလုပ်ငန်း လုပ်ကိုင်သူတဦးကဆိုသည်။

ယင်းကဲ့သို့ မီးလုံးဝ မရရှိသောကြောင့် လုပ်ငန်းရှင်များအနေနှင့် လည်ပတ်မှုရပ်တန့် မသွားအောင် မီးစက်အသုံးပြု၍ ဆက်လက်လုပ်ကိုင်သွားရန် စီစဉ်ထားသော်လည်း ဒီဇယ်ဈေးနှုန်းများ မြင့်တက်မည်ကို စိုးရိမ်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ပုဂ္ဂလိက ဆေးရုံတွေကို မပေးတော့ဘူးဆိုတော့ အရေးပေါ် ခွဲစိတ်ဖို့ အခြေအနေတွေ၊ လေအေးပေးစက်နဲ့ ကုသနေရတဲ့ လူနာတွေအတွက် အခက်အခဲတွေ တော်တော်ဖြစ်သွားတယ်။ လူနာတွေ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကို  တော်တော်ရောက်နေတယ်” ဟု အာရှတော်ဝင်ဆေးခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။ 

လက်ရှိ အခြေအနေတွင် တိုးမြင့်နေသည့် ထူးကဲ အပူရှိန်ကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးများ အသက်ဆုံးရှုံးမှု များပြားနေပြီး ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများ၌ လူနာများကို ၂၄ နာရီ စောင့်ရှောက်နေရသဖြင့် လျှပ်စစ်မီး ဖြတ်တောက်လိုက်ခြင်းသည် အလွန်ဆိုးရွားသော ဖြစ်ရပ်ဟု ၎င်းကပြောသည်။

မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီမှ စတင်ကာ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို တနေ့လျှင် ၆ နာရီ မီးပြန်ပေးမည်ဟု ပြန်လည် ပြင်ဆင်ကြေညာခဲ့သော်လည်း ယင်းပြင်ဆင်ချက်အတိုင်း မရရှိသေးကြောင်း သိရသည်။

မုတ္တမပင်လယ်ကွေ့မှ သွယ်ယူထားသည့်  ဓာတ်ငွေ့ပိုက်လိုင်းသည် ပုံမှန်အားဖြင့် ဓာတ်ငွေ့ ကုဗပေ ၁၀ သန်းခန့်ကို ရန်ကုန်သို့ ပို့လွှတ်နေသော်လည်း ယင်းဓာတ်ငွေ့ ပိုက်လိုင်းမှာ ယမန်နှစ်က ပေါက်သွားခဲ့သည်ဟု ဆိုသည်။

အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန လက်အောက်တွင် တည်ဆောက်ရေး တာဝန် တွဲဖက်ယူထားသော ကုမ္ပဏီကြီးတခုမှ လျှပ်စစ် အင်ဂျင်နီယာတဦးက “၂၀၀၉ မှာ  အဲဒီက ဓာတ်ငွေ့ပိုက်လိုင်း ပေါက်သွားတယ်။ ဖြတ်ပြီး ဆက်ဖို့ ပြည်ပကို မှာထားတာ အချိန်မီ မရတော့  ဓာတ်ငွေ့ရတာ လျော့သွားတယ်။ ရေအားလျှပ်စစ်က ပုံမှန် မီဂါဝပ် ၂၀၀ လောက်ရရင် ပြဿနာမရှိပေမယ့် ရာသီဥတု ကလည်း ဆိုးနေတော့ ဒီအချက်တွေဆုံပြီး ပိုဆိုးသွားတာ'' ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့သို့ လျှပ်စစ် ဓာတ်အား အဓိက ပေးပို့နေသော လောပိတ ဓာတ်အားပေး စက်ရုံသို့ စီးဆင်းသည့် အင်းလေး ကန်၏ ပင်မ ရေဝင်ချောင်း ဖြစ်သော ဘီလူး ချောင်းတွင် ရေနည်း နေသော ကြောင့်လည်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု ကျဆင်း သွားခြင်း ဖြစ်သည်ဟု လေ့လာသူတို့က ဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေ မြို့နယ်၊ အင်းလေး ဒေသ၊ ဟဲယာရွာမ ကျေးရွာရှိ နာမည်ကျော် အင်းလေး ရေပေါ်ဈေး နေရာနှင့် အင်းလေးကန် အတွင်းရှိ ဖောင်တော်ဦး ဘုရား ၀န်းကျင်တို့တွင် စံချိန်တင် ရေခန်းခြောက်မှု ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“ရွာထဲမှာ လမ်းလျှောက်လို့တောင်ရတယ်။ ကန်ထဲမှာ ရေနည်းနည်းပဲ ရှိတော့တယ်။ သောက်ရေအတွက် တခြားရွာက သယ်ရတယ်” ဟု အင်းလေး ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်