ရွှေဈေး တက်သော်လည်း နယ်စပ်တွင် အရောင်းသွက်

E-mail Print
မြန်မာနိုင်ငံ ရွှေဈေး နှုန်းသည် ဆယ်စုနှစ် ၂ ခုအတွင်း အမြင့်ဆုံး ဖြစ်နေသော်လည်း အပြည်ပြည်ဆိုင်ရာ ရွှေဈေးထက် နိမ့်နေ သောကြောင့် အိမ်နီးချင်း နိုင်ငံများမှ ကုန်သည်များ အလုအယက် ၀ယ်ယူနေသည်ဟု သိရသည်။

အကယ်ဒမီ အခေါက်ရွှေ တကျပ်သားလျှင် ၆၄၃၀၀၀ ကျပ် ဖြစ်နေသည်။

“ရန်ကုန်၊ မန္တလေး ဈေးကွက်က ရွှေတွေ မူဆယ်၊ လားရှိုးကနေ တဆင့် တရုတ်ဘက် ၀င်တယ်။ အဓိကက ဗမာရွှေက အပြည်ပြည် ဆိုင်ရာ ရွှေဈေးထက် တကျပ်သားကို တသောင်း ကျော်လောက် ထိကို နိမ့်နေတယ်” ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နီးစပ်သူ ကုန်သည် တဦးက ပြောသည်။

ထိုင်းကုန်သည် များကလည်း မော်လမြိုင်၊ မြ၀တီ ဒေသများမှ တဆင့် နယ်စပ်သို့ ရောက်ရှိ သွားသော ရွှေများကို ၀ယ်ယူနေ ကြကြောင်း သိရှိရသည်။

ရွှေဈေးတက်သော်လည်း ဒေါ်လာ နှင့် ကျပ်ငွေ လဲနှုန်း ငြိမ်သက်နေကြောင်း သိရသည်။

“တဒေါ်လာ ၉၉၀ ပဲ ရှိတယ်။ ရွှေဈေးတက်တာက ပြည်ပ ရွှေပေါက်ဈေး တက်လွန်းလို့ပါ” ဟု မူဆယ်မြို့မှ ရွှေကုန်သည်တဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးရှိ ရွှေဆိုင်များကမူ ရွှေဈေးတက်လွန်းသောကြောင့်  အခက်တွေ့နေသည်ဟု ဆိုကြသည်။

“ရွှေဈေး တအားတက်တော့ လက်ဝတ်ရတနာ ၀ယ်မယ့်သူ တော်တော် နည်းတယ်။ တချို့ ရွှေဆိုင်တွေ ပိတ်ထားတယ်” ဟု မန္တလေး ရွှေဆိုင် ပိုင်ရှင် တဦးက ပြောဆိုသည်။

ရွှေဆိုင်များတွင် ၀ယ်သူ မရှိဘဲ လက်ဝတ် ရတနာများကို လာရောက် ရောင်းချကြသူများသာ ရှိသည်ဟု သိရသည်။

ရွှေဈေးနှုန်း ကျဆင်းစေရန် အာဏာပိုင်များက ရွှေကုန်သည်များကို ခေါ်ယူသတိပေးသော်လည်း တက်နေသည့် ဈေးနှုန်းကို ထိန်းသိမ်းရန် ခက်ခဲမည်ဟု ရွှေဆိုင်ပိုင်ရှင်များက သုံးသပ်နေကြသည်။

“ပြည်ပရွှေပေါက်ဈေးကြောင့် ရွှေဈေးတက်တာကို ဈေးမတက်နဲ့ ဆိုပြီး ထိန်းလိုက်ရင် ပြည်တွင်းရွှေတွေ နယ်စပ်တွေကနေ
အိမ်နီးချင်း နိုင်ငံတွေဆီ အကုန် စီးထွက်ကုန်မယ်။ ဒါကြောင့် ထိန်းဖို့ မလွယ်ဘူး” ဟု မန္တလေးမှ ရွှေကုန်သည် တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်