ဓာတ်ဆား လိုသလောက် ဝယ်မရ

E-mail Print
မြန်မာ နိုင်ငံတွင် ယခုနှစ် အပူချိန် စံချိန်တင် မြင့်မား မှုကြောင့် ဓာတ်ဆား သောက်သုံး မှုနှုန်း မြင့်တက်ပြီး ဈေးကွက်တွင် ပစ္စည်း
ပြတ်လပ်ကာ ဈေးနှုန်းများ တရှိန်ထိုး တက်သွားကြောင်း သတင်းရရှိသည်။

ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်ပေးနိုင်သော ဓာတ်ဆားထုတ်များမှာ ရန်ကုန် အပါအ၀င် နယ်ဒေသကြီးများရှိ
ဆေး အရောင်းဆိုင်များတွင် ပြတ်လပ်နေပြီး ဓာတ်ဆားတထုတ်လျှင် ပုံမှန်အချိန်၌ ကျပ် ၁၅၀ မှ ၂၀၀ သာ ရှိခဲ့သော်လည်း ယခုအခါ ကျပ် ၄၀၀ အထိ ဈေးမြင့်တက်သွားကြောင်း မြန်မာနိုင်ငံ တ၀န်းလုံးသို့ ဓာတ်ဆားထုတ်များ ဖြန့်ချိရောင်းချနေသော မင်္ဂလာဈေး ဆေးအရောင်းဆိုင်များက ပြောသည်။

“တနိုင်ငံလုံးက ဆေးဆိုင်တွေ ဓာတ်ဆားထုတ် အမှာစာတွေ အရမ်းတက်လာတယ်။ ဒါပေမယ့် ဓာတ်ဆားထုတ် ပြတ်နေလို့ မပေးနိုင်ဘူး။ ဈေးနှုန်းက နှစ်ဆ၊ သုံးဆလောက် တက်သွားတယ်” ဟု မင်္ဂလာဈေးဆေးအရောင်းဆိုင်ပိုင်ရှင်တဦးက
ပြောသည်။

ဓာတ်ဆားထုတ်များတွင် သီးစုံဓာတ်ဆားဟု လူသိများသည့် ထိုင်းနိုင်ငံမှ တင်သွင်းသော Royal-D ဓာတ်ဆားထုတ်များမှာ
သောက်သုံးသူ အလွန်များသည့် အတွက် ၀ယ်မရသည်အထိ ဖြစ်နေကြောင်း သိရသည်။

Royal-D ဓာတ်ဆားအပြင် Orange၊ Fresh အပါအ၀င် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ဓာတ်ဆားအမျိုးအစားမြောက်မြားစွာ၏
ဝယ်လိုအားမှာလည်း အထူးကောင်းမွန်လျက်ရှိသည်ဟု သိရှိရသည်။

“မတ်လလောက်ကတည်းက တနေ့ကို ဓာတ်ဆားထုတ် ၄၀၀၊ ၅၀၀ လောက်ရောင်းရတယ်။ ဧပြီလနဲ့ မေလရောက်တော့ တနေ့ကို အထုတ် တထောင်လောက်ထိ ရောင်းရတယ်။ အခု ဓာတ်ဆားတွေ လုံးဝပြတ်နေပြီ” ဟု လသာမြို့နယ်မှ ဆေးဆိုင်ပိုင်ရှင်တဦးက
ပြောသည်။

မြန်မာနိုင်ငံ ဆေးဝါးစက်ရုံများမှ ထုတ်လုပ်သော MPF အမှတ်တံဆိပ် ဓာတ်ဆားထုတ် များလည်း ၀ယ်လိုအားကောင်းနေပြီး လိုသလောက် မှာယူမရနိုင်သော အခြေအနေတွင်ရှိကြောင်း သိရသည်။

ရန်ကုန်အပါအ၀င် မြို့ပြဒေသကြီးများတွင်ပင် ဓာတ်ဆားထုတ်များ ပြတ်လပ်နေသည့်အတွက် နယ် ဒေသများနှင့် ကျေးလက် တောရွာများသို့ ဓာတ်ဆားထုတ်များ ရောက်ရှိရန် မလွယ်ကူနိုင်ကြောင်း ဆေးအရောင်းဆိုင်များက ပြောသည်။

ရေရှားပါးမှုကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါအဖြစ်များနေသည့် ပဲခူးတိုင်း၊ ဝေါမြို့နယ် အတွင်းတွင်လည်း ဓာတ်ဆား ပြတ်လပ်နေကြောင်း အဆိုပါဒေသခံများက ပြောသည်။

“ဓာတ်ဆားထုတ်က အပြင်ဆေးဆိုင်တွေမှာ ၀ယ်လိုမရတော့ဘူး။ အစိုးရဆေးရုံ၊ ဆေးပေးခန်း တွေမှာ သွားဝယ်ရတယ်” ဟု ဝေါဒေသခံတဦးက ပြောသည်။

ရေရှားပါးမှု ဖြစ်ပေါ်နေသော မြို့ပြဒေသနှင့် နယ်ကျေးလက် တောရွာများတွင် ဓာတ်ဆားထုတ်များ အခမဲ့ ဝေငှရန်စီစဉ်နေသော ရန်ကုန်မြို့မှ စေတနာရှင် လူငယ်တဦးကလည်း ဓာတ်ဆားထုတ်များ လိုသလောက်မရနိုင်သည့်အတွက် ၎င်း၏အစီအစဉ်ကို ခေတ္တ ရပ်ဆိုင်းထားရကြောင်း ပြောသည်။

မြင့်မားသော အပူရှိန်ကြောင့် ကိုယ်ခန္ဓာရေဓာတ် ဆုံးရှုံးခြင်း၊ ချွေးထွက်လွန်ခြင်းနှင့် မသန့်ရှင်းသော ရေ သောက်သုံးမှုကြောင့်
ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားချိန်တွင် ဓာတ်ဆားရေ သောက်ရန် အလွန်အရေးကြီးကြောင်း၊ ဓာတ်ဆားရေ အချိန်မီ သောက်သုံးခွင့် မရလျှင် သေချာပေါက် အသက်ဆုံးရှုံးမည်ဖြစ်ကြောင်း ရန်ကုန် အထွေထွေ ရောဂါကုဆရာဝန်တဦးက
ဆိုသည်။

ယခုမေလအတွင်း မေမြို့အခြေစိုက် မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ က MPF အမှတ်တံဆိပ် သီးစုံ ဓာတ်ဆားသစ် တမျိုးကို ထုတ်လုပ် ရောင်းချလိုက်သော်လည်း ဈေးကွက် လိုအပ်ချက်ရှိသလောက် ဖြန့်ဖြူးပေးနိုင်ခြင်း မရှိဘဲ ဆေးဆိုင်များသို့ စာရင်းပေး တန်းစီစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးနေရကြောင်း အဆိုပါ ဓာတ်ဆားများကို တဦးတည်း ကိုယ်စားလှယ်ရောင်းချခွင့် ရရှိသည့်
တောင်ကြီး ဆေးဆိုင် တာဝန်ခံတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အပူချိန် စံချိန်သစ်တင်နေပြီး မေလ ၁၆ ရက်နေ့က မြင်းမူမြို့တွင် ၄၇. ၂ ဒီဂရီစင်တီဂရိတ်၊ မြန်မာနိုင်ငံ အထက်ပိုင်းမြို့ကြီးများတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကျော် ရှိခဲ့ပြီး ကျန်ပြည်နယ်နှင့်တိုင်းများတွင် ပျှမ်းမျှ အပူချိန်
အနည်းဆုံး ၅ ဒီဂရီစင်တီဂရိတ်မှ ၈ ဒီဂရီ စင်တီဂရိတ်ပိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်