အပူဒဏ် လွန်ကဲမှုကြောင့် မန္တလေးတွင် သေဆုံးမှုများပြား

E-mail Print
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသဖြစ်သော မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ပြင်းထန်သည့် အပူချိန်ကြောင့်  လူအများ အပြား သေဆုံး ခဲ့ကြောင်း သိရသည်။

“မန္တလေးမြို့နဲ့နီးတဲ့ တောင်မြင့် သုသာန်မှာဆို တရက်တည်းနဲ့တင် တရာကျော် အသုဘ ချရတယ်" ဟု မန္တလေးအခြေစိုက် စာနယ်ဇင်း သမားတဦးက ဧရာဝတီကိုပြောသည်။

အဆိုပါ နေ့များတွင် သုသာန်သို့ရောက်ရှိလာသည့် အလောင်း များပြားသဖြင့် မီးသင်္ဂြိုဟ်စက် မလောက်ငသောကြောင့်  အလောင်းများအား စုပြုံ၍ သင်္ဂြိုဟ်စက်ထဲသို့ ထိုးသွင်းကြရကြောင်း ၎င်းကဆက်ပြောသည်။

“အရင်က ပုံမှန်ဆိုရင် စက်ထဲတန်း ထည့်လို့ရတယ်လေ။ အခုဟာက နာရေးက များတော့ အကုန်စုပြီးတော့မှ သင်္ဂြိုဟ်တာပေါ့။ အဲ့ဒီတော့ မိသားစုတွေက အလောင်းကို ထားခဲ့ရတာပေါ့။ နောက် များလာပြီဆိုတော့မှ တခါ ထပ်စုပြီး သင်္ဂြိုဟ်တယ်" ဟု မန္တလေးမြို့ရှိ ဗြဟ္မစိုရ် နာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

မန္တလေးမြို့ ချမ်းမြသုခ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးကလည်း မေလ ၁၅၊ ၁၆ ရက်နေ့များတွင် တနေ့လျှင် လူပေါင်း ၄၂ ယောက်အထိ သင်္ဂြိုဟ်ပေးခဲ့ရကြောင်းပြောဆိုသည်။

မန္တလေးမြို့တွင် မေလ ၁၃ ရက်နေ့၌ အပူချိန် ၄၅ ဒသမ ၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

မန္တလေးမြို့၏ အပူချိန်အမြင့်မားဆုံးနေ့များဖြစ်သည့်မေလ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ရက်နေ့များတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ မန္တလေးမြို့ရှိ နာရေးကူညီမှုအသင်းများမှ အပူလွန်သည့်လူနာများကို ရေခဲရေဖြင့် လောင်းခြင်း၊ ရေစိမ်ထားသော စောင်များဖြင့် ပတ်ကာ အပူကျအောင်လုပ်ပေးခြင်းစသည်တို့ကို လုပ်ဆောင်ပေးကာ ဆေးရုံသို့ပို့ကြရကြောင်း စာနယ်ဇင်းသမားကပြောသည်။

“လမ်းတွေထဲမှာဆို အသုဘအိမ်တွေက တနေ့တနေ့ကို ၇ ခု ၈ ခုလောက်ရှိတယ်" ဟု မန္တလေးမြို့ခံတဦးကဆိုသည်။

ထိုကဲ့သို့သေဆုံးကြသူများတွင် လူကြီးပိုင်းများ၊ နာတာရှည်ရောဂါသည်များ၊ လူငယ်ပိုင်း လူလတ်ပိုင်းများတွင် အနေအထိုင် မဆင်ခြင်သောသူများ၊ အရက်သေစာသောက်စားသူများပါဝင်ကြောင်းသိရသည်။

ထို့အပြင် မန္တလေးတွင် ရပ်ကွက်ကောင်စီနှင့်မြို့နယ်ကောင်စီများ၏ ညွှန်ကြားချက်ဖြင့် အသေးစားအရက်ဆိုင်များအား ဖွင့်ခွင့် မပေးကြောင်းသိရသည်။

“လမ်းဘေး ဘုံဆိုင်တွေကတော့ လုံးဝမဖွင့်ရဘူး။ ဟိုတယ်တို့၊ စားသောက်ဆိုင်တို့တွေတော့ မပိတ်ဘူး" ဟု အဆိုပါ စာနယ်ဇင်း သမားက ဆိုသည်။

ယခင်က မန္တလေးမြို့တွင် မိုးခေါင်လျှင် ရပ်ကွက်အလိုက် ဗုဒ္ဓဘာသာအသင်းဝင်များမှ နှစ်စဉ်ပြုလုပ်နေကျဖြစ်သော မန္တလေး တောင်၏ အရှေ့ဘက် ရန်ကင်းတောင်တွင် မိုးခေါင်ကျော်စွာ နတ်ပင့်ကာ နတ်ကန္တား ပေးသည့်ပွဲများ၊ ငါးရံ့မင်းပရိတ်အား အသံမစဲ ရွတ်ဖတ်ပွဲများကို သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင်မူ အဆိုပါ ပွဲများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်(ကြံ့ဖွံ့)များက ဦးစီး ဦးဆောင်ပြုလုပ်လာကြသောကြောင့် ဒေသခံများက ထင်သလောက် အာနိသင်မရှိတော့ ဟု ပြောဆိုနေကြကြောင်းသိရသည်။

“အရင်ကဆို ကိုယ့်ရပ်ကွက်အလိုက် ဘာသာရေးအသင်းဝင်တွေက သွားပင့်လို့ရတယ်။ အခုမရတော့ဘူး။ သူတို့ပဲဦးစီးထားတယ်။ နောက်ဆုံးကျတော့ မိုးရွာတာတောင်သူတို့လုပ်လို့ ရွာတယ်ဖြစ်တာပေါ့။ ငါးရံ့မင်းတန်ခိုးမရှိတော့ဘူး" ဟု မန္တလေးမြို့ခံတဦး က ဆိုသည်။

“နောက် မိုးခေါင်ကျော်စွာနတ်ပင့်ပြီး နတ်သီချင်းတွေနဲ့ မိန်းမနဲ့ယောက်ျား လွန်ဆွဲကြတယ်။ အဲ့ဒီမှာ မိန်းမနိုင်ရင် မိုးရွာတယ်။ အရင်ကဆို မိန်းမတွေ နိုင်အောင်လို့ကို ယောက်ျားတွေဘက်က ခိုးဆွဲပေးတာတောင်ရှိတယ်။ အခုကျတော့  မိန်းမ အနိုင်မခံ ဘူးလေ" ဟု အဆိုပါဒေသခံကဆက်ပြောသည်။

ထို့အပြင် ပြည်သူဆေးရုံကြီးမှ အပူလွန်ရောဂါသည်များအား ကူညီစောင့်ရှောက်ပေးနေသည့် စေတနာ့ဝန်ထမ်း လူငယ်များ ကို  ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှ ၎င်းတို့တံဆိပ်ပါ စွပ်ကျယ်အင်္ကျီများဝေငှခြင်း၊ မန္တလေးမြို့ရှိ လမ်းထောင့် များ၊ လမ်းလေးခွ များတွင် ကားဖြင့်ထိုးကာ ဆိုက်ကားသမားများ၊ ကုန်ထမ်းသူများကိုလည်း စွပ်ကျယ် အင်္ကျီများ ဝေငှကြောင်း သိရသည်။

“မန္တလေးမှာ ရေစပြတ်ပြီ ဆိုကတည်းက မန္တလေးထုတ်သတင်းစာတွေမှာ ကြံ့ခိုင်ရေးရုံးဖုန်းတွေ ထည့်ပြီး ရေပြတ်ပြီဆိုရင် ဒီကို ဆက်သွယ်နိုင်ပါတယ်။ ရေ အခမဲ့ လာပို့ပေးပါ့မယ် ဆိုပြီးတော့ စေတနာ ဗရပွနဲ့ပေါ့။ မြန်မာစကားပုံမှာရှိတယ်လေ။ ပွဲလန့်တုန်း ဖျာခင်းတယ်ဆိုတာပေါ့" ဟု မန္တလေးမြို့မှ စာနယ်ဇင်းသမားတဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်