မြန်မာ နှစ်လုံးထီ ဘာကြောင့်ရပ်

E-mail Print
ထိုင်း စတော့ ဈေးကွက် ရပ်ဆိုင်း သွားသည့် အတွက် မြန်မာနိုင်ငံရှိ နှစ်လုံးထီ လောင်းကစား လုပ်ငန်းများပါ ရပ်ဆိုင်း သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်းအစိုးရနှင့် ရှပ်နီ ဆန္ဒပြသမားများ အပြန်အလှန်တိုက်ခိုက်မှုတွင် ယင်းစတော့ ဈေးကွက်ရှိရာ အဆောက် အဦ မီးရှို့ခံရပြီး ရပ်ဆိုင်းသွားရခြင်းဖြစ်သည်။

အဆိုပါ စတော့ရှယ်ယာ ဈေးကွက်မှ ဖြစ်ပ်ါနေသည့် ကိန်းဂဏန်းများကို တွက်ချက်ကာ နှစ်လုံးထီ လောင်းကစား လုပ်ငန်း အဖြစ် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံ၌ အရောင်းအ၀ယ် စီးပွားရေး လုပ်ငန်းများ ကျဆင်းနေမှုကြောင့် အခြေခံ လူတန်းစားများ၊ ၀န်ထမ်းများနှင့် ငွေကြေး သုံးစွဲနိုင်သူ များမှအစ ယင်းလောင်းကစားကို စီးပွားရေးလုပ်ငန်းတခုအဖြစ် သတ်မှတ်ကာ လုပ်ကိုင်နေကြောင်း၊ ယခုကဲ့သို့ စတော့ဈေးကွက် ရပ်ဆိုင်းသွားသောကြောင့် ၎င်းတို့၏ စီးပွားရေးကို ထိခိုက်သွားကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“အားလုံးက ဒါလေးနဲ့ ရပ်တည်နေတာ၊ အမျိုးသမီးတွေကလည်း ဟင်းစား ရှာနေရတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ပြည်သူများ၏ ဒုက္ခကို မြန်မာပြည်သူ အများစုက မသိရှိသော်လည်း လောင်းကစား လုပ်ငန်း ယာယီ ရပ်ဆိုင်းထားရသည့် အတွက် နှစ်လုံးထီဖြင့် ရှာဖွေစားသောက်နေရသူများ အခက်အခဲတွေ့ရကြောင်း အဆိုပါ မန္တလေးမြို့ခံက ပြောသည်။

မြန်မာနိုင်ငံတွင် လောင်းကစား ဒိုင်များက ထိုင်း စတော့ ရှယ်ယာဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများကို ကြည့်ပြီး တနေ့ လျှင် ၄ ကြိမ် ဖွင့်လှစ်ပေးကာ လောင်းကစားကြခြင်းဖြစ်သည်။

နံနက် ၉နာရီ ၃၀မိနစ်၊ ဈေးကွက် ခေတ္တပိတ်ချိန် နေ့လယ် ၁၂ နာရီ ၁၀မိနစ်၊ ပြန်လည် ဖွင့်လှစ်ချိန် နေ့လယ် ၂ နာရီ၊ ဈေးကွက် ပိတ်ချိန် ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တို့တွင် အလောင်းအစားပြုလုပ်သည်။

ထိုင်း စတော့ဈေးကွက် အခြေအနေကို ထိုင်း ရုပ်မြင်သံကြားလိုင်းများဖြစ်သည့် MCOT Public Company ၏ Modernine TV နှင့် ယခင် ITV ရုပ်မြင်သံကြားလိုင်းတို့မှ ထုတ်လွှင့်ပေးသည်။

ထိုင်း နိုင်ငံရေး အခြေအနေကို မြန်မာပြည်သူများ အနေဖြင့် ဂြိုဟ်တုစလောင်းတွင် ကြည့်ရှုသိရှိရသော်လည်း ယခုကဲ့သို့ စတော့ ဈေးကွက် ရပ်ဆိုင်းသွားမည် မထင်ကြောင်း ယင်းမန္တလေးမြို့ခံက ဆက်လက်ပြောသည်။

ရန်ကုန်မြှို့ရှိ နှစ်လုံးးထီ လောင်းကစားဒိုင် တဦးက“အဲ့သည့် ရုံးကြီး မီးလောင်သွားတာ ဘာတတ်နိုင်မှာလဲ၊ လုပ်ငန်းလည်း ရပ်ထား ရတာပေါ့၊ အဲ့ဒါမကောင်းဘူး၊ အကြွေးတွေ တောင်းမရတော့ နှစ်ဦးနှစ်ဘက် စာရင်းရှင်းလို့ မရဘူး”ဟု ဆိုသည်။

နှစ်လုံးထီ ရောင်းချရာတွင် လက်ငင်းရောင်းချ၍ မဖြစ်နိုင်ကြောင်း၊ “ထိုးသား”များ အနေဖြင့်လည်း ငွေပေး၍ မထိုးနိုင်သောကြောင့် အကြွေးစနစ်ကို ကျင့်သုံးနေရကြောင်း၊ ထို့ကြောင့် တခါတရံ ဆုံးရှုံးသည့် ငွေပမာဏလည်း များပြားကြောင်း ၎င်းက ပြောသည်။

“ထိုးသား”များ အနေဖြင့်လည်း မိမိကြိုက်နှစ်သက်သည့် ပေါက်ဂဏန်းကို သောင်းဂဏန်းနှင့်ချီ၍ “မောင်းပြန်” ခေါ် အဆတိုးမြှင့် ကာ ရက်သတ္တ တပတ်လုံးလုံး ထိုးကြောင်း သိရသည်။

နှစ်လုံးထီတွင် ထိုးကွက် ၁၀၀ ရှိပြီး ပေါက်ဂဏန်းကို အဆ ၈၀ ပေးလျော်သည်။ ငွေ ၁၀၀ ကျပ်ထိုး၍ ပေါက်ခဲ့လျှင် ဒိုင်မှ ပေးလျော် သည့် ငွေမှာ ၈၀၀၀ ကျပ် ဖြစ်သည်။

နှစ်လုံးထီ ဒိုင်ကြီး တဒိုင်သည် တနေ့လျှင် ဂဏန်းတခုကို ထိုးကြေး ၅ သိန်း အထိ လက်ခံပြီး ငွေလည်ပတ်မှုမှာ တနေ့ လျှင် ကျပ် သိန်း ထောင် ဂဏန်း ရှိကြောင်း၊ ထိုကဲ့သို့သော နှစ်လုံးထီဒိုင်များ မြန်မာနိုင်ငံ အရပ်ရပ်တွင်ရှိကြောင်း အဆိုပါ ရန်ကုန် မြို့ခံ နှစ်လုံးထီ ဒိုင်က ရှင်းပြသည်။

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မော်လမြိုင်မြို့အစရှိသည့် မြို့ကြီးများတွင် ပိုက်ဆံချမ်းသာသည့် သူများသည် တဦးချင်း သော် လည်း ကောင်း၊ အစုအဖွဲ့ဖြင့်သော်လည်းကောင်း၊ လောင်းကစား လုပ်ငန်းကို နောက်ကွယ်မှ လုပ်ကိုင်နေကြသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဘောလုံးလောင်းကစား၊ နှစ်လုံးထီလောင်းကစား၊ ချဲထီ ဟုခေါ်သည့် သုံးလုံးထီ လောင်းကစားမှုများကို ပြုလုပ်ကြ သည်။

မြန်မာပြည်၏ တရားမ၀င် စီးပွားရေး လောင်းကစား လုပ်ငန်းများသည် လက်ရှိ ငွေပမာဏမည်မျှ လည်ပတ်နေသည်ကို မသိရ သော်လည်း တနေ့လျှင် ကျပ်သိန်းပေါင်း သောင်းချီ၍ လည်ပတ်နေသည်ဟု ထင်မြင်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေးပညာရှင်တဦးက သုံးသပ်ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်