“နေ့သစ်ကို ကြိုဆိုကြပါစို့” ထွက်မည်

E-mail Print
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ကြိုဆိုဂုဏ်ပြု သီဆိုထားသော တေးသီချင်း ပါဝင်သည့် “နေ့သစ်ကို ကြိုဆိုကြပါစို့” အမည်ရှိ တေးစီးရီး တခွေ မကြာမီ ထွက်ရှိ လာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်း တေးစီးရီးကို မလေးရှား နိုင်ငံရှိ ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) တေးသံရှင် ထက်အောင်ရှိုင်းက သီဆိုထားခြင်း ဖြစ်သည်။

ထက်အောင်ရှိုင်းက “ဒေါ်အောင်ဆန်း စုကြည်ရဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလိုတဲ့ နိုင်ငံရေး လမ်းစဉ်ကို သဘောကျတယ်၊ နောက် လူလူချင်း တန်ဖိုးထားပြီး မဖိနှိပ်ကြဖို့ ၊ စစ်အာဏာရှင် စနစ်ဆိုးကို ထောက်ပြဖို့ အဲဒီဆန္ဒတွေနဲ့ ရေးဖြစ်၊ ဆိုဖြစ်ခဲ့တာပါ”ဟု ပြောသည်။

Hip Hop ၊ country ၊ slow rock ဂီတအမျိုးအစားများပါဝင်သော“နေ့သစ်ကို ကြိုဆိုကြပါစို့”စီးရီးမှသီချင်းများကို ထက်အောင်ရှိုင်း၊ မျိုးမျိုး ၊ ကုမာရ တို့က ရေးဖွဲ့ထားခြင်းဖြစ်ကာ အမျိုးသမီးတဦးနှင့် တွဲဖက်သီဆိုထားသော သီချင်းတပုဒ်လည်း ပါဝင်သည်။ တေး သီချင်း (၁၅) ပုဒ် ပါဝင်သော ယင်း စီးရီးကို မလေးရှား စတူဒီယိုတခုတွင် အသံသွင်းယူ ထားခြင်းဖြစ်ပြီး မြန်မာပြည်ဖွား တိုင်းရင်း သားများက ၀ိုင်းဖွဲ့တီးခတ်ပေးထားကြောင်း သိရသည်။

“လာမယ့် တနင်္ဂနွေနေ့မှာ ထွက်နိုင်ဖို့ ကျနော် ကြိုးစားနေပါတယ်။ သီချင်းတပုဒ်ပဲ ကော်ပီပါတယ်။ ကျန်တာတွေက ကိုယ်ပိုင် သံစဉ်တွေပါ ၊ အခုထည့်လိုက်ရတဲ့ ကော်ပီသီချင်းက မလေးရှားနဲ့ မြန်မာပြည်မှာ လူကြိုက်များနေတော့ ချန်ထားခဲ့လို့ မရလို့ပါ"ဟု ထက်အောင်ရှိုင်းက ပြောသည်။

ဒီဗီဒီ အဖြစ် ထုတ်ဝေဖြန့်ချိမည်ဖြစ်သော အဆိုပါ တေးစီးရီး ကုန်ကျစရိတ်များကို ထက်အောင်ရှိုင်း၏ ကိုယ်ပိုင်လုပ်အားခဖြင့်
ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထက်အောင်ရှိုင်းက“မြန်မာပြည်မှာ စစ်အာဏာရှင်မပြုတ်ကျ မချင်း ကျနော်လုပ်နိုင်သရွေ့လုပ်နေဦးမှာပါ"ဟု ပြောသည်။

ထိုစီးရီးကို မလေးရှားနှင့် ထိုင်းတွင် အဓိက ဖြန့်ဝေမည်ဖြစ်ကာ မြန်မာနိုင်ငံအတွင်းသို့လည်း ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။

နေ့သစ်ကို ကြိုဆိုကြပါစို့ တေးစီးရီးအဆိုရှင် ထက်အောင်ရှိုင်းသည် ၂၀၀၉ခုနှစ်က မလေးရှား အတိုက်အခံ ပါတီရုံးအတွင်း ကျင်းပ သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတွင် ဂုဏ်ပြုတေးသီဆိုရန် ပြင်ဆင်နေစဉ် မလေးရှား အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံခဲ့ရဖူးသည်။

ယခုတေးစီးရီးခွေသည် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ယခုနှစ်အတွင်း ပထမဆုံး ပေါ်ထွက်လာသော နိုင်ငံရေး တေးစု ဖြစ် သည်။ ယမန်နှစ် စက်တင်ဘာလအတွင်း မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ ထုတ်ဝေသည့် မျိုးဆက်လှိုင်း တေးစီးရီး နောက် ထွက်ပေါ်လာသည့် တေးစုလည်းဖြစ်သည်။

၈၈ အရေးအခင်းကပင် ပြည်ပသို့ ထွက်ခွာလာခဲ့သော အဆိုတော် ကိုမွန်းအောင်၏“သွေးမုန်တိုင်း” နှင့်“လွတ်မြောက်ရာလမ်း”  အမည်ရှိ တကိုယ်တော်တေးစုများသည် ဒီမိုကရေစီအင်အားစုများအကြား ပျံ့နှံ့ခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်