မယ်တော်ဆေးခန်းတွင် ယခုနှစ် မျက်စိကုဝေဒနာရှင် ပိုမိုများပြားလာ

E-mail Print

ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် အခမဲ့မျက်စိခွဲစိတ်ကုသလူနာများ ယခင်နှစ်များထက် ပိုမို များပြား ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုလ ၁၃ ရက်နေ့မှစတင်ပြီး သံဃာတော် ၁၃ပါး နှင့် သီလရှင် ၆ ပါး အပါအ၀င် မျက်စိရောဂါကု လူနာ စာရင်းပေးသွင်း ထားသူစုစုပေါင်း ၅၉၃ ဦးရှိပြီး လူနာအစောင့်များပါလျှင် လူဦးရေ ၁၀၀၀ ကျော်ကြောင်းကို မယ်တော်ဆေးခန်းရှိ လူမှု ဆက်ဆံရေးဌာနမှ တာဝန်ခံလည်းဖြစ် မျက်စိခွဲစိတ်မည့် လူဦးရေ စာရင်းကြီးကြပ် သူလည်းဖြစ်သည့် ဦးတင်ရွှေက ပြောသည်။

“ဒီမျက်စိပြဖို့ရောက်လာတဲ့လူတွေကို အသုတ်ခွဲလိုက်ရင် မဖြစ်မနေခွဲရမယ့် ဦးစားပေးလူနာ၂၇ဦး၊ ရေတိမ် ခွဲရမယ့် လူနာ ၂၁ဦး၊ နှစ်ဘက်လုံးတိမ်စွဲနေတဲ့လူနာ ၁၀၂ဦး၊ တဘက်ထဲတိမ်စွဲနေတဲ့လူနာ ၁၄၂ဦး၊ ဆရာဝန်နဲ့ ပြသရမယ့်လူနာ လိုအပ်ရင် မဲဆောက် ဆေးရုံကြီးကို ပို့ရမယ့်လူနာ ၄၆ဦး ၊ မျက်မှန်လုပ်ရမယ့် လူနာဆိုပြီး တော့ အသုတ်တွေ ခွဲလိုက်တယ်၊ တချို့က လည်း ခွဲစိတ်လို့ မရနိုင်တော့တဲ့ ရောဂါရင့်တဲ့ လူနာတွေလည်းပါ တယ်”ဟု ဦးတင်ရွှေကပြောသည်။

ယခု အခမဲ့လာရောက်ကုသပေးသည့်အဖွဲ့တွင် စကော့တလန်နိုင်ငံ အီဒင်ဘာ့ဂ် တက္ကသိုလ်မှ ခွဲစိတ် ကုသ ဆရာဝန်နှစ်ဦး နှင့် အကူဆရာဝန်တဦးပါဝင်ကြောင်း၊ ယင်းမျက်စိကုသမှုအစီအစဉ်မှာ နှစ်စဉ်ပြု လုပ်ခြင်းဖြစ် ကြောင်းလည်း သိရသည်။

လက်ရှိခွဲစိတ်ကုသပေးနေသည့် စကော့တလန်နိုင်ငံဆရာဝန်များထဲမှ Dr Frank က“မျက်စိနဲ့ ပတ် သက်ပြီး သာမန်အားဖြင့် အသက်ကြီးလာရင်ဖြစ်လေ့ရှိတဲ့ အဓိကပြဿနာတွေကတော့ အတွင်းတိမ်စွဲတာကိုတွေ့ရ ပါတယ်။

နောက်တခုဒီထက်ဆိုးတာကတော့ ရေတိမ်စွဲတာဖြစ်ပါတယ်။ အများအားဖြင့် ဒီအရှေ့တောင်အာရှ နိုင်ငံတွေမှာ ရေတိမ်စွဲတဲ့ မျက်စိလူနာတွေကိုတွေ့ရပါတယ်။ ရေတိမ်စွဲတဲ့ လူတွေမှာ ခွဲစိတ်ဖို့အတော်နောက်ကျသွားပြီဆိုရင်တော့ လုံးဝမမြင်နိုင်တဲ့ အဆင့် ကိုရောက်ရပါတယ်”ဟု ပြောသည်။

မယ်တော်ဆေးခန်းတွင်လာရောက်ကုသနေသည့် လူနာများထဲမှ ၁၀၀ ကျော် သည်လုံးဝမမြင်သည့်လူနာများ ဖြစ်ကြောင်း လည်း Dr Frank ကပြောသည်။

မြန်မာနိုင်ငံမှလာရောက်မျက်စိကုသသည့် လူနာများမှာကရင်ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ်၊ မွန်ပြည်နယ်ရှိ မော်လမြိုင်၊ သထုံ၊ အပေါင်၊ မုတ္တမ၊ ဘီးလင်း၊ မြိတ်၊ ထားဝယ်၊ ပဲခူးတိုင်း၊ တောင်ငူ၊ ဧရာဝတီတိုင်းမှ ပုသိမ်၊ အထက်မြန်မာပြည်မှ ရွှေဘို စသည်တို့မှ လာရောက်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းမှ မျက်စိနှစ်ဘက်ခွဲစိတ် ကုသခံခဲ့သော ကချင်ပြည်နယ်ဖားကန့်မှ လာရောက်ကုသသည့် လူနာတဦးက “အစက မျက်လုံးကမွဲတယ်၊ ဒီဘက်မှာရှိတဲ့ ဆရာမတို့နဲ့ အရင်က တရပ်တည်း မိတ်ဆွေတွေ ဖြစ်တော့ သူတို့အကြောင်း ကြားချက်နဲ့ လာခဲ့တာပါ။ လမ်းစရိတ်ပဲ အသွားအပြန် ကျပ်၁သိန်းကျော်ကုန်ပါ တယ်၊ ဒီဘက်မှာကတော့ ခွဲစရိုတ်မကုန် ဘူးပေါ့နော်။ မြန်မာပြည်ထဲမှာကုမယ်ဆိုရင်တော့ ၅သိန်းလောက် ကုန်မှာပေါ့၊ ဒီဘက်မှာတော့အဆင်ပြေပါတယ်” ဟု ပြောသည်။

ယင်းအခမဲ့မျက်စိကုသမှုသည် ယခုလ၂၄ရက်နေ့မှစတင်ပြီး နိုဝင်ဘာလ  ၁ ရက်နေ့အထိဖြစ်ကြောင်းလည်း မျက်စိကုဌာနမှ တာဝန်ယူစီစဉ်ဆောင်ရွက်သူ နော်သာမလာဝါးကပြောသည်။

၎င်းမျက်စိကုလူနာများသည် ယခင်နှစ်များတွင် လူနာအစောင့်များပါဝင်မှ လူဦးရေ၅၀၀ကျော်မျှသာရှိပြီး ယခုနှစ်တွင် တထောင်ကျော်သဖြင့် နေရာထိုင်ခင်း မလုံလောက်သည့်အတွက် ဆိုင်ကယ်၊ စက်ဘီးထားသော နေရာများတွင်ပင် နေရာပြင်ဆင်ပေးရကြောင်း၊ နေ့အချိန်၌ ထိုင်ခုံများတွင်ထိုင်စောင်ကြရ ကြောင်း လည်း သိရသည်။

လူနာအများစုမှာ သက်ကြီးရွယ်အိုများဖြစ်ပြီး ၎င်းတို့၏ နေထိုင်စားသောက်စရိတ်များကို မယ်တော်ဆေးခန်းက တာဝန်ယူပြီး နံနက်၇နာရီတကြိမ်၊ ၉နာရီတကြိမ်၊ ညနေ၄နာရီ တကြိမ်တာဝန် ယူကျွေးမွေးရကြောင်း၊   ပြင်ပ အလှူရှင်များကလည်း လာရောက်လှူဒါန်းကြကြောင်း မယ်တော် ဆေးခန်းကပြောသည်။

အဆိုပါ ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သားများအား မည်သည့်ရောဂါမဆို အခမဲ့ဆေး ကုသပေး နေသည့် တခုတည်းသော ဆေးခန်းဖြစ်ပြီး ၁၉၈၉ ခု ဖေဖော်ဝါရီလတွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်