ကြားဖြတ်အစိုးရ ဖွဲ့မည့် သတင်းများ ထွက်ပေါ်

E-mail Print
ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ၀န်ကြီး အဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးဆောင်သည့် ကြားဖြတ်အစိုးရ တရပ်ဖွဲ့စည်းမည် ဆိုသည့် ကောလာဟလ သတင်းများ စစ်တပ် အသိုင်းအ၀န်း ကြားတွင် ထွက်ပေါ် နေသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်“ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ”၀င်များသည် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဖြစ်နေသည့် အတွက် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီး များ ရာထူးမှနုတ်ထွက်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများကို တရားဝင်လုပ်ဆောင်တော့မည်ဟု ပြောဆိုနေကြကြောင်း နေပြည်တော် စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကရော နိုင်ငံတကာကပါ ဝေဖန်နေတယ် ဆိုတော့ ပိုပြီးတော့ တရားမျှတအောင် သန့်ရှင်းပါတယ်  ဆိုပြီး လုပ်ပြမယ့် အနေအထားလို့ ထင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင်လည်း အဆိုပါ ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လုပ်ငန်းများသည် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် စည်းရုံးရေး ကဏ္ဍကို လုပ်ကိုင်ရန်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယင်းထွက်ပေါ်နေသည့် သတင်းများအရ ကြားဖြတ်အစိုးရတွင် စစ်ဘက်၊ အရပ်ဘက် အထူး လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ၀န်ကြီးချုပ် အဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများက ၀န်ကြီးရာထူးများကို တာဝန်ယူမည်ဟူ၍ လည်း ကောင်း သိရသည်။

ရန်ကုန်မြို့ခံတဦးကလည်း ယင်းသတင်းများ ထွက်ပေါ်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံဖွံ ပါတီဝင် ၀န်ကြီးများ၏ လက်ရှိအနေအထားမှာ စစ်ဘက်ဆိုင်ရာ ရာထူးများမှ နုတ်ထွက်သော်လည်း အရပ် ဘက်ဆိုင်ရာ ရာထူးများတွင် တာဝန်ယူထားသောကြောင့် ရွေးကောက်ပွဲအတွက် ပြောင်ပြောင်တင်းတင်း စည်းရုံးရေးဆင်းလျှင် အဝေဖန်ခံရနိုင်သည့် အတွက်ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

မကြာသေးမီကလည်း ဦးသိန်းစိန်အနေဖြင့် ပါတီခေါင်းဆောင်တာဝန်များကို ယူထားသည့် အပြင် ၀န်ကြီးချုပ်ဟူသည့် အစိုးရ တာဝန်များကို ယူထားခြင်းမှာ မသင့်လျော်ကြောင်း တိုင်းရင်းသားစည်လုံးညီညွတ်ရေး ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးချစ်လှိုင်က VOA သတင်းဋ္ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် တရားဝင်ထုတ်ဖော် ဝေဖန်ခဲ့သည်။

ဦးချစ်လှိုင်သည် ယခင် မြန်မာရေတပ်မတော်မှ ဗိုလ်မှူးချုပ်တဦးဖြစ်ပြီး  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရတွင် နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးသိန်းစိန်နှင့် ၀န်ကြီးအဖွဲ့ လက်ရှိရာထူးများမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ဥပဒေအရ အစိုးရပိုင်ငွေကြေး၊ နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာများကို သုံးစွဲခြင်းမှ ကင်းလွတ်စွာဖြင့် ရပ်တည်ပြီး ပါတီအားလုံး လိုက်နာနေရသည့် ရွေးကောက်ပွဲ ဥပဒေဘောင် အတွင်းမှသာ လှုပ်ရှားမည် ဆိုလျှင်ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း ပြောဆိုသည်။

မကြာသေးမီကလည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ သည် လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေး လုပ်ငန်းများနှင့် အနိုင်ရရှိရေး အစီအစဉ်များကို ချမှတ်ထားကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်