ဧရာဝတီဘလော့ဂ် ပရိသတ် အားပေး

E-mail Print
ဧရာဝတီ ဘလော့ဂ်ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင်ခဲ့ရာ တပတ်ကျော် အတွင်း အင်တာနက် ထိန်းချုပ်လွန်းသည့် မြန်မာပြည်တွင်းမှ အပါအဝင် ၅ သောင်းကျော် ဝင်ရောက် ဖတ်ရှုခဲ့ကြသည်။

ဧရာဝတီ ဘလော့ဂ် သည် ဧရာဝတီ သတင်းဌာန၏ မာလ်တီမီဒီယာ ပရောဂျက်သစ် ဖြစ်သည်။ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ စာဖတ်ပရိသတ်နှင့် ဧရာဝတီအကြား ပို၍ အပြန်အလှန် ဆက်ဆံရေးတရပ် ထူထောင်နိုင်ရန် ဘလော့ဂ် ကို စတင်ခဲ့ခြင်းဖြစ်သည်။

irrawaddy-blog ဧရာဝတီဘလော့ဂ်သို့ အများဆုံး ဝင်ရောက်ဖတ်ရှုသည်မှာ စင်ကာပူရောက် မြန်မာပရိသတ်ဖြစ်ပြီး ဒုတိယအများဆုံးမှာ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်သည်။ မြန်မာပြည်တွင်းနှင့် မလေးရှားရောက် မြန်မာပရိသတ်များက တတိယနှင့် စတုတ္ထ အများဆုံး ဖြစ်သည်။

ဧရာဝတီ ပင်မသတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြနေကျ လေ့လာသုံးသပ်မှုကဲသည့် သတင်းအခန့်မျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး အလွယ်တကူ ရေးနိုင်သည့် ကဏ္ဍများကို ဧရာဝတီလော့ဂ်တွင် ဖန်တီးထားသည်။ ဧရာဝတီ သတင်းဝက်ဘ်ဆိုက်တွင် မဖော်ပြလိုက်ရသော သတင်းအချက်အလက်များကို ဧရာဝတီဘလော့ဂ်တွင် တစုတဝေးတည်း ဖတ်ရှုနိုင်သည်။

“စစ်အစိုးရလက်အောက်မှာ ဆင်ဆာဖြတ်တောက်မှုနဲ့ သတင်းမှောင်ချမှုတွေကြောင့် မြန်မာနိုင်ငံမှာ အတည်မပြုနိုင်တဲ့ သတင်းတွေနဲ့ တဆင့်ကြား ဆိုတာမျိုးတွေက လူထုထဲမှာ ပြန့်နေပါတယ်။ ဒါပေမယ့်လည်း အဲဒီ အတည်မပြုနိုင်တာတွေ၊ တဆင့်ကြားတွေက အမှန်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒါမျိုးတွေကို လက်လွှတ်လို့ မဖြစ်ပါဘူး။ ဒီလိုအပ်ချက်ကို ဧရာဝတီဘလော့ဂ်က ဖြည့်စွမ်းပေးနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ဧရာဝတီ တာဝန်ခံ အယ်ဒီတာ ကိုကျော်စွာမိုးက ပြောသည်။

“ဘလော့ဂ် အပါအဝင် လူမှု ကွန်ရက်တွေက မြန်မာပြည်တွင်း ပြည်ပက ကျနော်တို့ရဲ့ ပရိသတ်တွေနဲ့ ပိုပြီး အပြန်အလှန် ဆက်ဆံရေးရှိလာစေမယ့် နေရာတခုဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ကိုကျော်စွာမိုးက ဆက်လက်ပြောသည်။

ဧရာဝတီသည် လစဉ်ထုတ် မဂ္ဂဇင်း၊ အင်္ဂလိပ်နှင့် မြန်မာဘာသာတို့ဖြင့် လွှင့်တင်ထားသော သတင်းဝက်ဘ်ဆိုက်၊ အွန်လိုင်းမှ အသံလွှင့်သည့် Podcast ၊ ၂ ပတ် ၁ ကြိမ်ထုတ် PDF ဖောမက်ဖြင့် သတင်းစာစောင်နှင့် ဗီဒီယို များအပါအဝင် မီဒီယာထုတ်လုပ်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

လတ်တလောတွင် မြန်မာဘလော့ဂ် လောက၌ ဘလော့ဂ် ၁ သောင်းကျော်ရှိသည်။ အများစုသည် မြန်မာ နာမည်ကြီး အနုပညာရှင်များ၏ အသင်းများ၊ ကဗျာများ၊ ဝတ္ထုတိုများနှင့် သက်ဆိုင်ရာ ဘလော့ဂါများ၏ စိတ်ဝင်စားရာ အကြောင်းအရာ များ ရေးသားကြသည်။ ပြည်ပနိုင်ငံများတွင် အခြေစိုက်ကြသော မြန်မာဘလော့ဂါ အများစုကမူ နိုင်ငံရေး အသားပေး၍
ရေးသားဖော်ပြကြသည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဆန္ဒပြသူများအား စစ်အစိုးရ၏ နှိမ်နင်းမှုများကို ဘလော့ဂ်နှင့် ဝက်ဘ်ဆိုက် များမှတဆင့် ကမ္ဘာက သိရှိသွားပြီးနောက် စစ်အစိုးရသည် ဘလော့ဂ်များကို ပိုမို ထိန်းချုပ်လာခဲ့သည်။

၂၀၀၈ ခုနှစ် အစောပိုင်းတွင် ဘလော့ဂါ ကိုနေဘုန်းလတ် အဖမ်းခံခဲ့ရပြီး အီလက်ထရွန်နစ်ပုဒ်မဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျော် ချမှတ်ခံခဲ့ရသည်။ ကရင်ပြည်နယ် ဘားအံထောင်တွင် ရှိနေသော ကိုနေဘုန်းလတ်သည် ယခုနှစ် Times မဂ္ဂဇင်း၏ သြဇာ အရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲတွင် ထည့်သွင်းဖော်ပြခံရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်