ကြံ့ဖွံ့ပါတီ အင်အားတောင့်၍ အနိုင်ရမည်ဟု ဆို

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် အင်အား ၁၆ သန်းမှ ၁၈ သန်း ကြားတွင် ရှိပြီး ကြံ့ဖွံ့ပါတီက ရာနှုန်းပြည့် အနိုင်ရမည်ဟု ပါတီတာဝန်ရှိသူ တဦးက ပြောကြောင်း သိရသည်။

ယမန်နေ့က ပြုလုပ်သော ကြံ့ဖွံ့ပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပါတီအထွေထွေ အတွင်းရေးမှူးဖြစ်သူ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ထိုသတင်းစာ ရှင်းလင်းပွဲသို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းလည်း တက်ရောက်သည်။

“သူတို့ပြောတဲ့ စကားတွေကို သေချာ ချတွက်ကြည့်မယ်ဆို ကြံ့ဖွံ့ပါတီကနေ ၀င်ပြိုင်မယ့် လူကပဲ ၁၆ သန်းကနေ ၁၈ သန်း။ ကျန်တဲ့ ပါတီတွေက တပါတီကို သန်းနဲ့ချီ မရှိဘူး။ ဒီမှာတင် သူ့ပါတီကို သူထည့်တာနဲ့တင် အနိုင်ရမှာက တခု၊ ကြံ့ဖွံ့ပါတီဝင် မဟုတ်ဘဲ စည်းရုံးလို့ ရလာမယ့် နေရာကတခု၊ ဒီလောက်နဲ့ တင် သေချာပေါက် နိုင်နေပြီ” ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာတနိုင်ငံတဝန်း မဲဆန္ဒပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၂၉ သန်းရှိကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီသည် ပါတီဝင်များပြားသောကြောင့် လွှတ်တော်တွင် နေရာအများအပြား ရမည်ဟုထင်ကြောင်း၊ ကြံ့ဖွံ့ပါတီမှ တင်သွင်းမည့် သမ္မတလောင်းအား စဉ်းစားထားပြီး ဖြစ်သော်လည်း ယခုအချိန်တွင် ပြောဆိုရန် မသင့်သေးကြောင်း ဦးဌေးဦးက ပြောသည်။

ကြံ့ဖွံ့ပါတီသည် ပြိုင်ဘက်နိုင်ငံရေးပါတီများထက် ငွေကြေးအင်အား၊ လူအင်အား အတောင့်တင်းဆုံးပါတီ ဖြစ်သည်ဟု ဆိုသော်လည်း လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် နည်းလမ်းမျိုးစုံအသုံးပြုလျက် ရှိသည်။

စစ်အစိုးရ ဦးဆောင်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၇၁ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၈၂ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရွေးကောက်ပွဲ မဲဆန္ဒပေးရန် ၉ ရက်သာ လိုတော့ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်