နေပြည်တော် FC ဗိုလ်ချုပ်မှူးကြီး မြေး လွှဲပြောင်းယူမည်

E-mail Print
မြန်မာ နေရှင်နယ် လိဂ်(MNL)ပြိုင်ပွဲဝင် ဘောလုံး အသင်းတသင်းဖြစ်သည့် နေပြည်တော် FC ဘောလုံးအသင်းကို လာမည့်နှစ် MNL ပြိုင်ပွဲ ရာသီတွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူ ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်က လွှဲပြောင်းယူရန် စီစဉ်လျက်ရှိသည်ဟု နီးစပ်သူများက ပြောသည်။

Naypyitaw_FC400ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက စတင်တည်ထောင်ခဲ့သည့် နေပြည်တော် FC အသင်းသည် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ သော်လည်း ယခုနှစ် ဘောလုံးရာသီ အစတွင် နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သဖြင့် နေပြည်တော်ကို အရှက်ရစေသည်ဟုဆိုကာ လွှဲပြောင်းယူရန် စီစဉ်နေ
ခြင်း ဖြစ်ကြောင်း နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ် စီးပွားရေးလုပ်ငန်းရှင်တဦး က ပြောသည်။

“သူက စိတ်ဆိုးနေတယ်။ တာဝန်ယူထားတဲ့သူတွေ အသုံးမကျဘူးဆိုပြီး။ နောက်နှစ် သူပြောင်းယူမယ်။ လူကြီးတွေကိုလည်း ပြော ထားပြီးပြီ။ ပြီးမှ နိုင်ငံခြားက သူ့စိတ်ကြိုက် ဘောလုံးသမားတွေ ခေါ်မယ်ဆို ပြီးပြောနေတယ်”ဟု က ဆိုသည်။

လက်ရှိ နေပြည်တော် FC အသင်းကို ဦးတင့်ဆန်း ၏ ACE ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ထောင်ထားခြင်းဖြစ်ပြီး ယမန်နှစ် MNL ပြိုင်ပွဲ ရာသီအပြီးတွင် အမှတ်ပေးဇယား၏ အောက်ခြေတွင်သာရှိခဲ့သဖြင့် ယခုနှစ်ဘောလုံးပြိုင်ပွဲများ ပြန်လည် မစတင်မီတွင် နေရွှေသွေးအောင်က ထိပ်တန်းအသင်းများစာရင်း ၀င်စေရန် ဘောလုံးအသင်းတာဝန်ရှိသူများကို ခေါ်ယူ သတိပေး ခဲ့သေးသည်ဟု နေပြည်တော် FC တာဝန်ရှိသူ တဦးက ပြောသည်။

နေပြည်တော် FC အသင်းသည် ယခုနှစ် MNL ပြိုင်ပွဲ ရာသီတွင် မြန်မာ့လက်ရွေးစင်၊ လူငယ် လက်ရွေးစင် ကစားသမားအချို့နှင့် တောင်ကိုရီးယား ကစားသမားအချို့ကို ခေါ်ယူအားဖြည့်ခဲ့သော်လည်း အဖွင့်ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက် အသင်းကို ၂ ဂိုး ဂိုး မရှိ၊ မကွေး FC အသင်းကို ၂ ဂိုး ဂိုးမရှိ တို့ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းသို့ နှစ်ပွဲဆက် ရှုံးနိမ့်ပြီး နောက်ပိုင်းတွင် နေပြည်တော် FC အသင်းသည် လက်ရှိနည်းပြချုပ် ဦးအောင်နိုင်ကို လက်ထောက် နည်းပြအဖြစ် ပြောင်းလဲခန့်အပ်ပြီး တောင်ကိုရီးယား နိုင်ငံသား နည်းပြတဦးဖြစ်သူ ချောင်ယောင်တေးအား နည်းပြချုပ်အဖြစ် ပြောင်းလဲ ခန့်ထားခဲ့သည်။

လက်ဆက်၍ နေရွှေသွေးအောင်နှင့် နီးစပ်သည့် လူငယ်စီးပွားရေး လုပ်ငန်းရှင်က“သူက ဘောလုံးပွဲဝါသနာပါတော့ နေပြည်တော် ကန်တဲ့ နေ့ဆို သွားကြည့်တယ်။ အသင်းက ရှုံးတော့ လူတွေက လှောင်ကျတယ်။ နေပြည်တော်ဆိုပြီး တချို့က အမြင်ကပ်တော့ ဆဲကြတယ်။ နေပြည်တော် ဆိုတာ သူတို့မိသားစု တည်ထောင်ထားတဲ့မြို့ဖြစ်နေ တော့ ရှက်ပြီး ဒေါကန်တာပေါ့၊ သူယူမယ်ဆို ပေ မယ့် အဘိုးကြီးက ခွင့်ပြုမပြုဆိုတာက ရှိသေးတယ်”ဟု ပြောသည်။

နေရွှေသွေးအောင် သည် ဘောလုံး ၀ါသနာအိုး တဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ ကမ္ဘာကျော်ဘောလုံးသမား နာကာတာ လာရောက် လည်ပတ်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် အလှပြကစားခဲ့စဉ်ကလည်း နေရွှေသွေးအောင် ၀င်ရောက်ကစားခဲ့သေး သည်။

မကြာသေးခင်က ထွက်ပေါ်ခဲ့သော ၀ီကီလိစ် အင်တာနက် စာမျက်နှာများတွင်လည်း ကမ္ဘာကျော် ပရီးမီးယားလိဂ် ထိပ်သီး အသင်း တသင်းဖြစ်သည့် မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ယူပေးရန် အဘိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပူဆာ ခဲ့သဖြင့် မြန်မာ နေရှင်နယ်လိဂ် ကို စတင် ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်