ချောင်းသာတွင် သဘာဝပတ်ဝန်းကျင် ဟောပြောပွဲ ကျင်းပမည်

E-mail Print
ချောင်းသာကမ်းခြေ အနီးတ၀ိုက်ရှိ ဒေသခံများ၊ ရေလုပ်ငန်း လုပ်ကိုင်နေသူများအား မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲ တရပ်ကို မေလ ၁ ရက်နေ့တွင် ကျင်းပမည်ဟု သိရသည်။

Chaung-Tharကမ်းရိုးတန်း ဒေသများတွင် ကြုံတွေ့ရတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အကြောင်းအရာများကို သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းနှင့် မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင် တို့က နံနက် ၈ နာရီအချိန်မှ စတင်၍ ချောင်းသာကမ်းခြေရှိ ဟိုတယ် ACE ခန်းမဆောင်တွင် ဟောပြောမည်ဟု ချောင်းသာကမ်းခြေ ဟိုတယ်မက်စ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ချောင်းသာဟိုတယ်ဇုန် အနီးတွင် ပထမအဆုံးအကြိမ် ကျင်းပသည့် သဘာဝပတ်ဝန်းကျင်နှင့် မိုးလေ၀သဆိုင်ရာ ပညာပေး ဟောပြောပွဲကို ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး ဒေသအနီးတ၀ိုက်မှ ရေလုပ်သားများ၊ ရေလုပ်ငန်းရှင်များ စုစုပေါင်း ၄၀၀ ကျော်တက်ရောက်မည်ဟု သိရသည်။

“ရေလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ကျေးရွာက ပြည်သူတွေ၊ ဒေသခံတွေကို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်တွေ အစဉ်မပြတ် နားစွင့်နိုင်ဖို့၊ ကြိုတင်ကာကွယ်ဖို့၊ ဒီရေတောတွေကို စောင့်ရှောက် ထိန်းသိမ်းဖို့တွေ ဟောမှာပါ။ ဒါ့အပြင် ဥတိုချောင်း အနီးတ၀ိုက်မှာ မီးသွေးဖုတ် လုပ်ငန်း လုပ်ကိုင်နေကြတဲ့သူတွေရှိတော့ သူတို့ရဲ့ ဒီလိုလုပ်ကိုင်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အသိပညာ ဗဟုသုတတွေ ရစေချင်လို့ပါ” ဟု ဟိုတယ်မက်စ် တာဝန်ရှိသူက ဆိုသည်။

ဒေသခံ ပြည်သူလူထုအနေဖြင့် ရာသီဥတုနှင့် ပက်သက်သည့် အသိပညာ ဗဟုသုတများကို စိတ်ပါဝင်စားလာသည်မှာ ကောင်းမွန်သည့် လက္ခဏာတရပ်ဖြစ်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။

“အထူးသဖြင့် ချောင်းသာကမ်းခြေ အနီးတ၀ိုက်က ဒေသခံတွေက ရာသီဥတုနဲ့ ပတ်သက်လို့ ပိုပြီးတော့ အသိ၊ သတိ ရှိလာကြပါတယ်။ ဖုန်းကနေတဆင့် မုန်တိုင်းသတင်း မေးမြန်းမှုတွေ၊ ကြိုတင်ကာကွယ်ရေးနဲ့ ပြင်ဆင်မှုတွေလည်း လုပ်လာကြတာ တွေ့ရပါတယ်” ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

မြန်မာပြည်သူလူထု အနေဖြင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ယခင်က လှုပ်ရှားမှု၊ လှုံ့ဆော်မှုများ နည်းပါးခဲ့သော်လည်း ၂၀၀၈ မေလဆန်းက နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်းမှ စတင်ကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတု ဖြစ်စဉ်များအပေါ် စိတ်ပါဝင်စားမှု၊ သတိပြု ကာကွယ်မှုများ ပြုလုပ်ရန် စိတ်ပါဝင်စားလာကြသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် ပက်သက်သည့် အသိပညာပေး လှုံ့ဆော်သည့် ပန်းချီပြပွဲများ၊ ဟောပြောပွဲများ၊ ကာတွန်းပြပွဲများ စသည်တို့ကိုလည်း နိုင်ငံတ၀န်း ပြုလုပ်လာကြသည်။

၂၀၀၈ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်း ဝင်ရောက် တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရပြီး အိုးအိမ်၊ လယ်ယာ၊ ရေလုပ်ငန်းသုံး လှေ၊ သမ္ဗာန်၊ သင်္ဘောများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်