အမေရိကန်အမတ် ဂျွန် မက်ကိန်း မြန်မာပြည် လာမည်

E-mail Print
အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ပြောဆိုနေစဉ် အမေရိကန် အထက်လွှတ်တော်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှု သက်တမ်းထပ်မံတိုးမြှင့်ရေးကို အတည်ပြုလိုက်သည်။

John_McCain400ပိတ်ဆို့ အရေးယူမှု သက်တမ်းတိုးမြှင့်ခြင်းကို အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း အပါအ၀င် သြဇာတိက္ကမကြီးမားသည့်  ဒိုင်ယန်ဖင်းစတိန်း၊ ဒစ်ခ် ဒါဘန်း နှင့် မစ်ခ်ျမက်ကော်နယ် စသည့် လွှတ်တော်အမတ်များက ဦးဆောင် တင်သွင်းခြင်းဖြစ်သည်။

အမေရိကန် သမ္မတဟောင်း ဂျော့ ဘုရှ် လက်ထက် ပြင်းထန်သည့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများနှင့် လွှတ်တော် အမတ် တွမ် လန်း တို့စ်၏ ၂၀၀၈ ခုနှစ် မြန်မာ့ကျောက်မြက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်သည့် ဥပဒေ (စစ်အစိုးရ၏ ဒီမိုကရေစီ ဆန့်ကျင် ရေးလုပ်ရပ်များ အပေါ် အရေးယူသည့် ဥပဒေ) Tom Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act 2008 အရ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်း တို့ နှင့် အကျိုးတူစီးပွားဖက်များကို တိုက်ရိုက် ဒဏ်ခတ် အရေးယူမှုများ ချမှတ် ဆောင်ရွက်ခဲ့သည်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းပြီး နောက်ပိုင်း မြန်မာစစ်အစိုးရ အပေါ် စီးပွားရေးအရ ဒဏ်ခတ်သည့် ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံအတွင်း တင်သွင်းမှုကို တားမြစ်ခြင်း၊ စစ်အစိုးရ အနေဖြင့် နိုင်ငံတကာ ဘဏ်များမှ ငွေကြေး အထောက်အပံများ မရရှိစေရန် ပိတ်ပင်ထားခြင်း၊ စစ်အစိုးရ ခေါင်းဆောင်များနှင့် မိသားစုများ၏ ပိုင်ဆိုင်မှုများကိုထိန်း ချုပ်ခြင်း နှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းတို့ ပါဝင်သည်။

အထက်လွှတ်တော်အမတ် ဒိုင်ယန်ဖင်းစတိန်းက“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို အသိအမှတ်ပြုတယ်၊ ဒါပေ မယ့် မြန်မာပြည်သူတွေ မလွတ်မြောက်သေးပါဘူး”ဟု ဆိုသည်။

မကြာမီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဂျွန်မက်ကိန်းသည် မြန်မာအစိုးရ အရာရှိများနှင့်သာမက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သိရပြီး သမ္မတသစ် ဦးသိန်းစိန်နှင့် တွေ့ဆုံရန်လည်း ကြိုးပမ်းမည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း လာမည့် မေလ ၂ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဗဟို အလုပ်အမှုဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ဧရာဝတီသို့ ပြောသည်။

“မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲမရှိသေးလို့ ဒီမိုကရေစီဘက်က ရပ်တည်ပြီး အမေရိကန် အစိုးရပိုင်းက မကြာခဏ လာ
ရောက် ဆွေးနွေးတယ်လို့ ထင်တယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အမေရိကန် စစ်သားဟောင်း တဦးဖြစ်သည့် ဂျွန်မက်ကိန်းသည် ၁၉၆၇ ခုနှစ် ဗီယက်နမ်စစ်ပွဲတွင် သုံ့ပန်းအဖြစ် အဖမ်းခံရပြီး ၁၉၇၃ ခုနှစ်ခန့်တွင် ပြန်လည်လွတ်မြောက် လာခဲ့သည်။ အဖမ်းခံနေရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရသည်။

၂၀၀၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲတွင် ရီပတ်ဗလီကန် ပါတီ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ သမ္မတ အိုဘားမား ကို ရှုံးနိမ့်ခဲ့သည်။

ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဂျင်မ်ဝက်ဘ်၊ ရစ်ချတ် ရှယ်ဘီ (Richard Shelby )၊ ဘီလ် ရစ်ချတ်ဆန် (Bill Richardson)၊ စတီဖင် ဆိုးလပ်(ဇ)(Stepen Solarz)၊ ကော့ချန်း(Cochran) ၊ မက်ဒလင်း အောလ်ဘရိုက် (Madeline Albright) တို့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည့် အမေရိကန် ဆီးနိတ် အမတ်များဖြစ်သည်။

သမ္မတ အိုဘားမား လက်ထက်တွင် ဒဏ်ခတ်ပိတ်ဆို့ရေး သာမက မြန်မာအစိုးရအပေါ်၌ ထိတွေ့ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေ ရာ မကြာသေးမီက အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့သေး သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်