နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်

E-mail Print
နေပြည်တော်အတွက် လျှပ်စစ်မီး ထုတ်လုပ်မည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနယ်မြေရှိ ရွာပေါင်း ၂၃ ရွာမှလူဦးရေ ၈၀၀၀ ကျော်သည် နေရပ်ကို စွန့်ခွာရဖွယ် ရှိသည်ဟု သိရသည်။

af_colenco400လာမည့် အောက်တိုဘာလ နောက်ဆုံးထားပြီး ထိုဒေသမှ ထွက်ခွာကြရန် အာဏာပိုင်တို့က ဖိအားပေးနေကြောင်း ကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့ (KNGY) က ယနေ့ ထိုင်းနိုင်ငံ တနေရာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

“ဒေသခံတွေက ဘယ်နေရာကို ပြောင်းရွှေ့ရမယ် မသိဘူး၊ ပေါင်းလောင်းဒေသက တောင်ကြီးတွေ ဖြစ်နေတယ်လေ။ အဲဒါကြောင့် သူတို့က ပြောင်းရွှေ့ နေထိုင်ဖို့ အရမ်း ခက်နေတယ်” ဟု KNGY အဖွဲ့မှ မမူမိုးလေးက ပြောသည်။

နှစ်သက်ရာ နေရာသစ်ကို ရွေးချယ်ခွင့် ပေးထားသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း မမူမိုးလေးက ပြောသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး KNGY အဖွဲ့၏ အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ပြန်ရာ ၂၀၀၄ ခုနှစ်တွင် စတင် ခဲ့သော ဤစီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းသည် စစ်တောင်းမြစ်၏ မြစ်လက်တက် ဖြစ်သော ပေါင်းလောင်းမြစ်ညာပိုင်းတွင် တည်ရှိပြီး နေပြည်တော်နှင့်  ကီလိုမီတာ ၅၀ ခန့် အကွာအဝေးတွင် ရှိကြောင်း ဖော်ပြထားသည်။

“၂၀၀၄ ခုနှစ်က စပြီး ကျနော့် အိမ်ဆောက်ဖို့ အတွက် ဘိလပ်မြေတွေ ၀ယ်စုလာခဲ့တာပါ၊ ခုတော့ ဒီပစ္စည်းတွေ ရေအောက် ရောက်ပြီး အဆုံးခံမယ့်အစား ဘုန်းကြီးကျောင်းကို ကျနော် လှူလိုက်တော့တယ်၊ ဘယ်သူမှ အိမ် မဆောက်ဝံ့ကြတော့ဘူး၊ ကျနော်တို့မှာ ဘယ်ကို ပြောင်းရမယ်မှန်းလည်း မသိပါဘူးဗျာ” ဟု ဒေသခံ ရွာသားတဦးက ပြောဆိုကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

ထိုဒေသတွင် နေထိုင်သော မြန်မာ၊  ကယန်း၊ ပအို့ဝ် တို့မှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြကြောင်း၊  စီမံကိန်း လုံခြုံရေး တာဝန်ယူထားသော စစ်တပ်များရောက်လာပြီးနောက် ဒေသခံတို့ လုပ်အားပေးရပြီး၊ ဒဏ်ကြေး ကင်းကြေး ခေါင်းစဉ်များဖြင့်
ငွေပေးရသည်ဟု ဆိုသည်။ ဒေသခံတို့၏ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းများ တားမြစ်ခံရကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လုပ်ငန်း ပြီးစီးမှု ၆၀ ရာခိုင်နှုန်း ရှိပြီ ဖြစ်သော စီမံကိန်းသည် ၂၀၁၂ တွင် အဆုံးသတ်ဖွယ်ရှိသည်ဟု ဆိုသည်။

ပြောင်းရွှေ့နေထိုင်မည့် နေရာသစ်တွင် မြေထိုးစက်ဖြင့် မြေညှိခြင်း၊ ပြောင်းရွှေ့ရွာသစ်တိုင်းအတွက် ရေလှောင်ကန်တကန်နှုန်း တူးဖော်ခြင်းတို့ကို ပြုလုပ်ပေးမည်ဟု အာဏာပိုင်တို့က ကမ်းလှမ်းထားကြောင်း “ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆွစ်ဇာလန်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သော AF-Colenco၊ လန်ဒန်အခြေစိုက် Malcolm Dunstan and Associates နှင့် တရုတ်နိုင်ငံမှ Yunnan Machinery and Export Company တို့ စီမံကိန်းတွင် ပါဝင် ပတ်သက်နေကြောင်း အစီရင်ခံစာတွင် ရေးထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်