ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်

E-mail Print
မကြာမီ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့ကို ကြိုတင် အသိပေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောလိုက်သည်။

nld_aung_san_suu_kyi_trip

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရ ဘယ်ဒေသ၊ ဘယ်အချိန်၊ နေ့၊ ရက်၊ နာရီတွင် သွားမယ် ဆိုတာကိုတော့ လက်ရှိအစိုးရကို အကြောင်းကြားဖို့  ရှိတယ်။ ခွင့်ပြုချက် ယူတာမျိုးလည်း မဟုတ်ဘူး” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ခရီးစဉ်ကို  ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့အပြီး ရက်ပိုင်း အတွင်း စတင် နိုင်ဖွယ်ရှိသည်ဟုလည်း NLD အဖွဲ့ဝင်များထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများ တာဝန်ယူထားသူတဦးဖြစ်သည့် NLD မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကမူ “ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဖို့ အများကြီး စောနေသေးတယ်။ လုံခြုံရေးကြောင့် ကျနော်တို့က အသေးစိတ်ကို မပြောသေးပါဘူး” ဟု ဧရာဝတီကို ရှင်းပြသည်။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း၊ အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူရန် အစိုးရကို တိုက်တွန်းခဲ့သည်။ 

အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးအဖြစ်သာ သဘောထားကြောင်း ဂျွန်မက်ကိန်းကို ပြန်လည် တုန့်ပြန်လိုက်သည်။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အများအပြားက စိတ်ဝင်တစား စောင့်ကြည့်သွားမည့် ခရီးစဉ်အတွင်း စာနယ်ဇင်းသမားများ လိုက်ပါ သတင်းယူနိုင်လျှင် လုံခြုံရေး ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဤအတောအတွင်း NLD လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာသည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များ၊  နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက စနစ်ကျသော လုံခြုံရေး အစီအမံများ လုပ်ဆောင်နေကြကြောင်း လူငယ်ကွန်ယက် ဦးဆောင်သူ တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

“ခရီးစဉ် အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ အခု လူငယ်တွေ အနေနဲ့ စနစ်ကျ တဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့ လုံခြုံရေး ယူပေးကြဖို့ စီစဉ်နေကြပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ် ပူပန်ကြသော်လည်း လူထုနှင့် အနီးကပ် တွေ့ဆုံနိုင်မှ လူထုအကျိုးကို ပို၍ ဖော်ဆောင်နိုင်မည်ဟု NLD လူငယ်ခေါင်းဆောင် ကိုရာဇာက မှတ်ချက်ပေး ပြောဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ခရီးထွက်ခဲ့သည့် အချိန်မှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့က ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

နောက်တနေ့တွင် အာဏာပိုင်တို့က ထိုဖြစ်ရပ်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပဋိပက္ခဖြစ်ခဲ့သည့် လူအုပ်၏ အင်အားမှာ အရေအတွက် ၅၀၀၀ ရှိသည်ဟု ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်းခံလိုက်ရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အတွင်းသာ သွားလာခဲ့ပြီး NLD လုပ်ငန်းများကို ဦးဆောင်လျက်ရှိသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်