ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဂျာနယ်မျက်နှာဖုံး တင်ခွင့်မရ

Monday, 06 June 2011 19:50
Print
ပြင်ဆင်ဖြည့်စွက်ပြီးသည့် သတင်း

အမေရိကန် အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်း နှင့် ဒေါ်အောင်ဆန်းဆုကြည်တို့ တွေ့ဆုံသည့် ဓာတ်ပုံများကို ပြည်တွင်း သတင်းဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြထုတ်ဝေခွင့် ပိတ်ပင်ခဲ့သည်ဟု စာနယ်ဇင်း အသိုင်းအ၀န်းမှ သတင်း ရရှိသည်။

weekly-eleven-dassk

မျက်နှာဖုံး ဓာတ်ပုံများကို ဖော်ပြခွင့်မပြုဟု စာပေစိစစ်ရေးဌာန၏ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးမျိုးမြင့်နောင်က ပြောဆိုခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ပုံကို အဖုံးမှာ တင်ခွင့်မပေးဘူး၊ အထဲမှာဆို တင်လို့ရတယ်၊ ခွင့်ပြုတယ်” ဟု အမည်မဖော် လိုသော ရန်ကုန် အခြေစိုက် သတင်းအယ်ဒီတာ တဦးက ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက ဂျာနယ်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို မျက်ဖုံးတင်ခွင့် ရလျှင် စာဖတ်သူများအတွက် အထူးစွဲဆောင်မှုရှိပြီး ဂျာနယ်များ ဈေးကွက်တွင် ရောင်းအား တက်စေကြောင်း ရှင်းပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ပုံ ဂျာနယ်မှာပါရင် ရောင်းအားတက်တာ လူတိုင်းသိတယ်” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို မျက်ဖုံး တင်ခွင့် မရသော်လည်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ခရီးစဉ်အတွင်း ၎င်းနှင့် အစိုးရ ထိပ်ပိုင်း အရာရှိများနှင့် နေပြည်တော်တွင် တွေ့ဆုံခြင်း၊ အတိုက်အခံ ခေါင်းဆောင်များနှင့် ရန်ကုန်တွင် သီးခြား တွေ့ဆုံခြင်း စသည့် သတင်းများကိုမူ ယခုတပတ်ထုတ် သတင်း ဂျာနယ်များတွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ၂၀၁၀ နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ၎င်း၏ သတင်းများကို စာပေစိစစ်ရေးက ခွင့်ပြုသည်ထက် ကျော်လွန် ရေးသား ဖော်ပြခဲ့သည်ဟု ဆိုကာ ဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ခဲ့ပြီး ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ဓာတ်ပုံများကို မျက်နှာဖုံးတွင် ဖော်ပြခွင့် မရသော်လည်း ယခင်က ဖော်ပြခွင့် မပေးဘဲ ကန့်သတ်ထားသော သတင်းများကို ဖော်ပြခွင့် ပြုလာသည်ဟု ရန်ကုန် စာနယ်ဇင်းလောက၏ အဆိုအရ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းမျိုးတွေကို နောက်ဆက်တွဲ တင်ပြပြီး ဖော်ပြခွင့်ရဖို့ဆိုတာ အရင်က လုံးဝ မဖြစ်နိုင်ပါဘူး။ အခုနောက်ပိုင်း စာပေစိစစ်ရေး အနေနဲ့ တော်တော်လေး လိုက်လျော လာတယ်လို့ ထင်ပါတယ်” ဟု ရန်ကုန်အခြေစိုက် အားကစားဂျာနယ် စာတည်း တဦးက ဆိုသည်။ 

သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူပြီးနောက်တွင် စာနယ်ဇင်း လွတ်လပ်ခွင့် မပေးသော်လည်း ပုံစံသစ်တမျိုးနှင့် ကိုင်တွယ်မည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန သတင်းရပ်ကွက် အဆိုအရ သိရသည်။
ပြင်ဆင်ဖြည့်စွက်ချက်

ယခင် “ဂျာနယ် ၂ စောင် အခွင့်ထူးရရှိ” ဆိုသည့် သတင်းကို မှားယွင်း ဖော်ပြမိသောကြောင့် သက်ဆိုင်ရာ ထိခိုက်နစ်နာသူများအား ဧရာဝတီက တောင်းပန်အပ်ပါသည်။

Normal 0 false false false EN-US ZH-TW X-NONE MicrosoftInternetExplorer4

ပြင်ဆင်ဖြည့်စွက်ပြီးသည့် သတင်း

အမေရိကန် အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်း နှင့် ဒေါ်အောင်ဆန်းဆုကြည်တို့ တွေ့ဆုံသည့် ဓာတ်ပုံများကို ပြည်တွင်း သတင်းဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြထုတ်ဝေခွင့် ပိတ်ပင်ခဲ့သည်ဟု စာနယ်ဇင်း အသိုင်းအ၀န်းမှ သတင်း ရရှိသည်။