ချင်းဒေသ လူ့အခွင့်အရေး ချိုးဖောက်ခံရဆဲ

E-mail Print
ချင်းလူမျိုးများ အပေါ် လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများကို ရပ်တန်းကရပ်ရန် တောင်းဆိုထားသည့် အစီရင်ခံစာ တစောင်ကို အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (HRW) က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ၉၃ မျက်နှာရှိ “မေ့ဖျောက် ခံထားရသည့် ဘ၀များ” အစီရင်ခံစာတွင် ချင်းပြည်နယ် အတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်းနှင့် ဘာသာရေးအရ ဖိနှိပ်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စားဝတ်နေရေး အကြပ်အတည်း များကြောင့် ရာနှင့်ချီသော ဒေသခံများသည် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဘက်ရှိ မီဇိုရမ် ပြည်နယ်ဘက်သို့ ထွက်ပြေးလာကြကြောင်း ဖော်ပြထားသည်။

လတ်တလော ပြန်လည် ဖွဲ့စည်းထားသည့် မီဇိုရမ်ပြည်နယ် အစိုးရအနေဖြင့် ၎င်း ချင်းတိုင်းရင်းသားများကို ကာကွယ် ပေးရန်လည်း HRW က တောင်းဆိုထားသည်။

ထို့အပြင် ချင်းလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ချင်းအမျိုးသား တပ်မတော် (CNA) ကလည်း ဒေသခံ ရွာသားများထံမှ အဓမ္မ ခြိမ်းခြောက် ငွေကြေး ကောက်ခံ ခြင်းများ၊ အကြမ်းဖက် ရိုက်နက်ခြင်းများ ရှိသည်ဟု HRW ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။   

၎င်း ဖော်ပြချက်နှင့် ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး (CNF) အဖွဲ့၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး
(၁) ဒေါက်တာ ရွှေခါးက မမှန်ကန်ကြောင်း ငြင်းဆိုသည်။

“သူတို့ အစီရင်ခံစာအရ ၂၀၀၅ ကနေ ၂၀၀၈ အထိ ကောက်ခံ ထားတယ်လို့ ပြောပါတယ်၊ နောက်ဆုံး တိုးတက်မှုကိုလည်း ဖော်ပြသင့်ပါတယ်၊ ကျနော်တို့ အနေနဲ့ ရွာသားများ အပေါ် ခြိမ်းခြောက်ပြီး ငွေကောက်ခံမှု မလုပ်ပါဘူး၊ အလှူငွေ ကောက်ခံမှုပဲ လုပ်ပါတယ်၊ ဒီအလှူငွေ ကောက်ခံတာကိုလည်း ပြည်တွင်း အစာငတ်မှုတွေ၊ စီးပွားရေး ကြပ်တည်းမှု တွေကြောင့် ကျနော်တို့ အနေနဲ့ ၂၀၀၈ ခုနှစ်ကစပြီး မလုပ်တော့ပါဘူး၊ ဒါနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ထားပြီးပါပြီ” ဟု ဒေါက်တာ ရွှေခါးက ပြောသည်။

ချင်းတိုင်းရင်းသားများသည် မီဇိုရမ် ပြည်နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့သော်လည်း မီဇိုရမ် ဒေသခံများနှင့် ဒေသခံ အာဏာပိုင်များက ၎င်းတို့အပေါ် ခွဲခြား ဆက်ဆံခြင်းများနှင့် မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်လည် ပို့ဆောင်ခြင်းများ ပြုလုပ်သည်ဟု ယင်း အစီရင်ခံစာတွင် ပါရှိသည်။

HRW အစီရင်ခံစာအရ ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း နယ်စပ် ဖြတ်ကျော်ပြီး မီဇိုရမ်သို့ သွားရောက် အရောင်း အဝယ် ပြုလုပ်သည့် ချင်းဒေသခံ ကုန်သည်တချို့နှင့် မီဇိုရမ်ဘက်သို့ ထွက်ပြေး တိမ်းရှောင် လာသော ချင်းလူမျိုးပေါင်း ၁၄၀ ကို မေးမြန်း ဆက်သွယ်ထားဟု သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်း ဝါးပွင့်များကို စားသောက်သည့် ကြွက်များက လယ်ယာ စိုက်ခင်းများထဲတွင် ဝင်ရောက် ဖျက်ဆီးမှုကြောင့် ရိက္ခာရှားပါးကာ ဒေသခံ လူပေါင်း ၇ သောင်းကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် နယူးဒေလီ ဘက်သို့ ထွက်ပြေးလာခဲ့ ကြရသည်။

ထိုသို့ ရိက္ခာရှားပါး၍ အစာငတ်မွတ် မှုကြောင့် ကလေးပေါင်း ၃၀ ကျော် သေဆုံးခဲ့ ကြောင်းလည်း ပြည်ပအခြေစိုက် ချင်းလူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ထားသည်။

ယခု လတ်တလော၌ အိန္ဒိယနိုင်ငံ မီဇိုရမ်တွင် ချင်းတိုင်းရင်းသား ၇၅၀၀၀ ခန့် နေထိုင်လျှက်ရှိပြီး နယူးဒေလီ တွင်လည်း နေထိုင်သူ ထောင်ဂဏန်း ရှိကြောင်း၊ ချင်းတိုင်းရင်းသား များသည် ရွှေ့ပြောင်း လုပ်သားများ အဖြစ် မလေးရှား နိုင်ငံအပါအဝင် အမေရိကန်နှင့် ကနေဒါ နိုင်ငံများသို့ ထောင်နှင့်ချီကာ သွားရောက် လုပ်ကိုင် ကြသည်များလည်း ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်