ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာ ဘာသာရေးအရ ကန့်ကွက်မှုများဖြစ်ပေါ်

E-mail Print
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ အနောက်ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး နေရာအတွက် အစ္စလမ် ဘာသာဝင် တဦး ကို ခန့်အပ်လိုက်၍ ဒေသခံများနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ကန့်ကွက်နေကြကြောင်း သိရသည်။

ကျိုက္ကဆံ အနောက် ရပ်ကွက်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၃၇ ကျောင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလ ရှင်များ အပါအ၀င် ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်သော ရပ်ကွက်တခုဖြစ်ကြောင်း၊ ထို့ကြောင့် ဘာသာခြား တဦးအား အုပ် ချုပ်ရေးမှူး ခန့်ထားခြင်းသည် ဘာသာရေးအရ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း သင်္ဃန်းကျွန်းဒေသခံ ဆရာတော် တပါး က မိန့်ကြားသည်။

“ဗုဒ္ဓဘာသာတွေ အများဆုံးနေတဲ့ ရပ်ကွက်မှာ အစ္စလမ် ဘာသာဝင်တဦးကို အုပ်ချုပ်ရေးမှူးခန့်ထားတဲ့ကိစ္စကို စဉ်းစား မရ အာင်ဘဲ၊ ခန့်တဲ့သူကကော ဗုဒ္ဓဘာသာဝင်ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ရမယ်”ဟု ဆရာတော် က ဧရာဝတီကို မိန့်ဆိုသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတာဝန်ပေးခံရသော အစ္စလမ်ဘာသာဝင် ဦးဝင်းသိန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  (ကြံ့ဖွံ့ပါတီ)၏ ရပ်ကွက်ပါတီ စိစစ်ရေးမှူး တာဝန်အား လက်ရှိအချိန်အထိ ထမ်းဆောင်နေသူ တဦးလည်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

ဇွန်လ ၂၇ ရက်နေ့တွင် မြို့နယ် သံဃနာယက အဖွဲ့ဝင်များ၊ ဘုန်းကြီးကျောင်း ၃၇ ကျောင်း မှ ဆရာတော်၊ သံဃာတော်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများက ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ် များထံ တိုင်ကြားစာများ ပေးပို့၍ ကန့်ကွက်ကြကြောင်း ဦးသိန်းညွှန့် က ဆိုသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော အစိုးရ အဆက်ဆက်သည် နိုင်ငံရေးထွက်ပေါက် နည်းလမ်းမရှိတော့သည့် အချိန်၌ ကုလား-ဗမာ အဓိကရုဏ်းပုံစံမျိုး ဖြစ်ပွားစေရန် လုပ်ဆောင်ခဲ့ကြကြောင်း၊ ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်သည့် ရပ်ကွက်၌ အစ္စလမ် ဘာသာဝင်အား အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်းကပင် ပြည်သူများကို မထီမဲ့မြင် ပြုရာ ရောက်ကြောင်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ၌ သီတင်းသုံးနေသော ဆရာတော်တပါးက မိန့်ကြားသည်။

အစ္စလမ်ဘာသာနှင့် အစ္စလမ်စာပေများအား တရားဝင် သင်တန်းကျောင်းဖွင့်၍ သင်ကြားပေးနေသော (ABEC) သင်တန်း ကျောင်းမှ ကျောင်းဆရာ ဦးမြင့်သိန်းက အစ္စလမ်ဘာသာဝင်ဖြစ်၍ အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခြင်း မပြုရဟုဆိုခြင်း သည် ဘာသာရေး၊ လူမျိုးရေးအရ ခွဲခြားခြင်း သာဖြစ်ကြောင်း၊ လွတ်လပ်ရေးမရမီက နိုင်ငံရေး၊ အုပ်ချုပ်ရေး ကဏ္ဍများ၌ 
အစ္စလမ် ဘာဝင်များအနေဖြင့် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်ခဲ့သည့် သမိုင်းများရှိခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

အုပ်ချုပ်ရေး၊ နိုင်ငံရေး ကိစ္စဆောင်ရွက်ရာ၌ ဘာသာရေး၊ လူမျိုးရေး မခွဲခြားဘဲ အရည်အချင်းရှိသော မည်သည့်ဘာသာ၊ မည် သည့် လူမျိုး မဆို ပြည်သူလူထု ကောင်းကျိုးဆောင်ရွက်နိုင်ပါက တာဝန်ပေးသင့်သည်ဟုလည်း ဦးမြင့်သိန်းက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မန္တလေးမြို့၌ တရုတ်လူမျိုးများနှင့်မြန်မာလူမျိုး များအကြား လူမျိုးရေးအရ ပြဿနာဖြစ်ပွားခဲ့၍ လူမျိုးရေး မုန်းတီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများ က ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်