မြန်မာနည်းပြချုပ် အထုတ်ခံရဖွယ်ရှိ

E-mail Print
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့ဖြစ်သည့် မွန်ဂိုလီးယား အိမ်ကွင်းတွင် ယမန်နေ့က မြန်မာအသင်း တဂိုး ဂိုးမရှိ ရှုံးသွားသဖြင့် အသင်းနည်းပြချုပ် ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေသည်ဟု သိရသည်။

coachမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ (Max Myanmar ကုမ္ပဏီ ပိုင်ရှင်) ဦးဇော်ဇော်က ဆားဘီးယား နိုင်ငံသား နည်းပြဆရာ မစ္စတာ ဇီဗာဒီနိုဗစ်ကို ယခုပွဲ အနိုင် မရလျှင် တာဝန်မှ ဖယ်ရှားမည်ဟု မွန်ဂိုလီးယားသို့ ထွက်ခွာစဉ် ရန်ကုန်မြို့၊ မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် သတိပေးလိုက်သည်ဟု ဆိုသည်။

ဦးဇော်ဇော်က "အနိုင် ဆိုတဲ့ ရလဒ်ပဲ လိုချင်တယ်။ ဘယ်လို ဆင်ခြေမျိုးကိုမှ မလိုချင်တော့ဘူး။ ဒီအသင်းကို မနိုင်ရင် အရာရာ ပြီးဆုံးသွားပြီ။ တကယ်လို့ မွန်ဂိုးလီးယားမှ မနိုင်ရင် ဇီဗာဒီနိုဗစ် မြန်မာပြည် ပြန်မလာနဲ့တော့" ဟု  ပြောခဲ့ကြောင်း Soccer Myanmar အင်တာနက် စာမျက်နှာတွင် ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်ကို ကိုးကား ဖော်ပြထားသည်။

ဆားဘီးယားနည်းပြအား ထုတ်ပယ်ရေးမှာ ၈၀ ရာခိုင်နှုန်းခန့် သေချာနေကြောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ စာချုပ် ချုပ်ကတည်းက ၆ လအတွင်း အောင်မြင်မှု မရရင် စာချုပ် ဖျက်သိမ်းမယ်လို့ ပါပါတယ်။ ဒါကြောင့် သူ့ကို ထုတ်ပယ်တော့မှာပါ” ဟု သူက ရှင်းပြသည်။

ဘောလုံးအဖွဲ့ချုပ်တွင် စည်းကမ်း ထိန်းထိမ်းရေးမှူးအဖြစ် ဆောင်ရွက်နေသော ၀ါရင့် အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) က ဒုတိယ အကျော့ ပြီးမှသာ နည်းပြချုပ်ကို ထုတ်ပယ်ဖွယ်ရှိသည်ဟု ဆိုသည်။

“ဒီပြိုင်ပွဲကို မ၀င်ခင် ကတည်းက မှတ်ပုံတင်ထားရတယ်လေ။ အဲဒီလိုဆိုတော့ ပထမ အကျော့မှာ ရှုံးတာနဲ့ ထုတ်ပယ်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး” ဟု ဦးခင်မောင်ထွေးက ပြောသည်။

ခြေစစ်ပွဲတွင် မွန်ဂိုလီးယားအသင်းမှ ကွင်းလယ် ကစားသမား ကူရယ်ဘာတာက ပွဲချိန် ၄၈ မိနစ်တွင် အနိုင်ဂိုး သွင်းယူသွားခဲ့ပြီး ပွဲချိန် မိနစ် ၉၀ တွင် မြန်မာအသင်းဘက်မှ တိုက်စစ်မှူး ကျော်ကိုကို တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်တွင် မွန်ဂိုလီးယားအသင်းသည် မြန်မာအသင်းထက် အဆင့် ၁၀ ကျော် နိမ့်ကျသည့် အသင်း ဖြစ်သည်။ မွန်ဂိုလီးယားအသင်းက ကမ္ဘာ့အဆင့်  ၁၇၉ တွင် ရှိနေပြီး  မြန်မာအသင်းက ၁၆၇ တွင် ရပ်တည်နေသည်။

မြန်မာဘောလုံးလောကကို အပျော်တမ်းမှ ဆုကြေးစား အဖြစ် အသွင်မပြောင်းမီ ၂၀၀၉ ခုနှစ်က အဆင့် ၁၄၀ တွင် ရပ်တည်နိုင်ခဲ့သည်။

အသက် ၆၆ နှစ်ရှိ နည်းပြ ဇီဗာဒီနိုဗစ် မြန်မာလက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့သည်မှာ ၅ လ ရှိပြီ ဖြစ်သည်။

မြန်မာအသင်းသည် ဇီဗာဒီနိုဗစ်၏ လေ့ကျင့်မှု အောက်တွင် အဓိက ဖလားပြိုင်ပွဲ ၇ ပွဲ ကစားထားရာ နိုင်ပွဲတပွဲမှ မရှိဘဲ ၂ ပွဲသရေ ကျ၊ ၅ ပွဲရှုံးသည်အထိ အခြေအနေ ဆိုးနေသည်။

မြန်မာအသင်းအတွက် အရေးပါသော ဖလား ပြိုင်ပွဲ ၂ ခုဖြစ်သည့် AFC Challenge Cup နှင့် AFF Suzuki Cup ပြိုင်ပွဲ တို့တွင်  အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။

ချစ်ကြည်ရေး ခြေစမ်းပွဲများတွင်လည်း အနိုင် မရသေးပေ။

ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာအသင်းသည် မွန်ဂိုလီးယားနှင့် ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့အဖြစ် ထပ်မံ ကစားဦးမည် ဖြစ်သည်။ နောက်တဆင့်တက်သော အသင်းက အိုမန်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မွန်ဂိုလီးယားအသင်းသည် ဇူလိုင် ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်