ဒေါ်အောင်ဆန်းစုကြည် သားနှင့်အတူ ပုဂံသို့ ဘုရားဖူးသွားမည်

E-mail Print

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိသားစုခရီစဉ်အဖြစ် သားဖြစ်သူ ကိုထိန်လင်းနှင့်အတူ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း ပုဂံ ဒေသသို့ ဘုရားဖူး သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ASSKandSon400ယင်းခရီးစဉ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိစ္စများ တာဝန်ယူ ဆောင်ရွက်နေသည့် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင်တဦးဖြစ်သည် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မေးမြန်းရာ ခရီးစဉ် မှန်ကန်ကြောင်း ပြောဆိုအတည်ပြုသော်လည်း အသေးစိပ်ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်းတို့သည် လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် ပုဂံ ဒေသသို့ လေယာဉ်ဖြင့် သွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေပြည်တော် အပါအ၀င် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့များတွင် တချိန်တည်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် စိုးရိမ်မှုများ တိုးပွားစေခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ရန်ကုန်ပြင်ပခရီးထွက်မည့်အပေါ် အစိုးရသတင်းစာ တစောင်တွင် လုံခြုံရေး နှင့်ပတ်သက်ပြီး သတိပေးထားသည့် စကားရပ်များ ဖော်ပြထားသည်။ ထို့အပြင် ပြည်ထဲရေးဝန်ကြီးကလည်း အကြောင်း ကြားစာပို့ထားသည်များကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ယမန်နေ့ထုတ် အစိုးရ ကြေးမုံ သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ “ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် မကြာခင် နယ်ခရီးထွက်မည်ဆိုသည့်အပေါ် “မည်သို့ ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည် နယ်ထွက် လာလျှင် မြောက်မြား လှစွာသော ယခင့်ယခင် သာဓကများနည်းတူ ရုတ်ရုတ်သဲသဲ လှုပ်လှုပ် ရှားရှားတွေ ဖြစ်လာမှာကို ကျ နော်တို့ စိုးရိမ်မိသည်။ စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားသည်။

အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ၏ ဇွန်လ ၂၈ ရက် နေ့စွဲဖြင့် ဥက္ကဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ပေးပို့ လာသော စာနှင့် ပတ်သက်ပြီး (NLD) အား အင်အားသုံး ဖျက်သိမ်းလာမည်ကိုအထူး စိုးရိမ်သော်လည်း ရင်ဆိုင်ရမည် ဖြစ်ကြောင်း NLD ခေါင်းဆောင်တဦး ဖြစ်သည့် ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

“သူတို့လုပ်ခဲ့ဖူးတဲ့ ဟာတွေလည်း ရှိတဲ့အခါကျတော့ စိုးရိမ်တာပေါ့။ သတင်းစာတို့ဘာတို့က ခြိမ်းခြောက်တယ်၊ ပုတ်ခတ် တယ် ဆိုတာက ကြုံနေကြဆိုတော့ သိပ်မထူးလှဘူး။ အခုဟာက ၀န်ကြီးဌာန ကိုယ်တိုင်လုပ်တာဆိုတော့ တော်တော် စိုးရိမ် ပူပန်တာပေါ့”ဟု ဦးဝင်းတင်က  ပြောပြသည်။

ယခုကိစ္စသည် အချိန်ကိုက်လုပ်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားသည့် မကြာခင်သွားမည့် နယ်ခရီးစဉ်နှင့် လည်း တိုက်ဆိုင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအ၀င် ဒီမိုကရေစီအရေး ထောက်ခံကြသူများ၊ တက်ကြွလှုပ်ရှားသူများကိုပါ ခြိမ်းခြောက်မှုဖြစ်ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

“ဒီဖြစ်ရပ်နောက်ကွယ်မှာ အခု အစိုးရထဲမှာ သဘောထားတင်းမာသူနဲ့ ပျော့ပြောင်းသူတွေကြားမှာ အားပြိုင်နေတယ်လို့ တ ထစ်ချသုံးသပ်တယ်။ သူတို့ဘက်က အဖြစ်နိုင်ဆုံး လုပ်နိုင်တာတွေက ပါတီခေါင်းဆောင်တွေကို ဖမ်းမယ်။ နေအိမ် အကျယ် ချုပ် ချမယ်။ ထောင်ချမယ်။ ပါတီရုံးတွေ ပိတ်ပြီး ပစ္စည်းတွေ သိမ်းမယ်။ ဒါမျိုးတွေပဲ သူတို့ လုပ်နိုင်တာ။ ပြင်ဆင်လည်း ဘာမှ ထူးတာမဟုတ်ဘူး”ဟု ဦးဝင်းတင်က ဆိုသည်။

NLD သည် တရားဝင် ပါတီမဟုတ်ကြောင်းနှင့် NLD လက်ရှိလုပ်ဆောင်နေမှုများသည် တရားဥပဒေနှင့် ဆန့်ကျင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ရေးထိုးထားသော အကြောင်းကြားစာကို အစိုးရ အရာရှိ တဦး ကိုယ်တိုင် လာရောက်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် NLD ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ဒု ဗိုလ်ချုပ်ကြီး ကိုကို ထံ လိပ်မူပြီး NLD သည် နိုင်ငံရေးပါတီ အဖြစ် တရားဝင်ရပ်တည် နေကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးလိုကြောင်း ဇွန် လ ၂၉ ရက်နေ့စွဲဖြင့် အကြောင်းပြန်စာကို သက်ဆိုင်ရာသို့ NLD က လူကိုယ်တိုင် သွားရောက်ပေးပို့ခဲ့သည်။

“သို့ပါ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တူညီသောလိုလားချက်များအပေါ်အခြေခံ၍ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီးနှင့် တွေ့ဆုံပြီး တရားဥပဒေစိုးမိုးရေးအတွက် ညှိနှိုင်းလိုပါသဖြင့် စီစဉ်ပေးပါရန် မေတ္တာရပ်ခံပါသည်”ဟု ပြည်ထဲရေး ၀န်ကြီးထံ ပေးပို့တုံ့ပြန်သော ယမန်နေ့က စာတွင် ဖော်ပြထားသည်။

NLD အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အမှတ် -၄/၈၈ အရ ၁၉၈၈ ခုနှစ်က တရားဝင်မှတ်ပုံတင်ခဲ့ပြီး ပြဌာန်းချက်များကို လည်း ချိုးဖောက်ခဲ့ခြင်း မရှိကြေင်း၊၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ထုတ် ဥပဒေ အမှန်-၂/၂၀၁၀ အရလည်း ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ပြန်လည်လျှောက်ထားခြင်းမရှိသဖြင့် ဥပဒေအရ ပျက်ပြယ်ခြင်းမရှိကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ-၄၄၆ အရလည်း NLD သည် တရားဝင်ခြင်းမှ ပယ်ဖျက်နိုင်သည့်အခွင့် အာဏာ မရှိသည့်အတွက် တရားဝင်ပါတီအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ နေပြည်တော် တရားရုံးချုပ်၏ ပါတီအား ဖျက် သိမ်းလိုက်ခြင်းသည် တရားမ၀င်ကြောင်း NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် NLD အနေနှင့် ထပ်မံ မှတ်ပုံတင်ရန်မလိုအပ်ကြောင်းလည်း ထောက်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်