မြန်မာသို့ ပေးထားသော နာဂစ်အကူအညီများ ပိုမိုကြီးကြပ်ရန်လို

E-mail Print
မြန်မာနိုင်ငံတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအလွန် ပြန်လည် ထူထောင်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ပေးသော အထောက်အပံ့ငွေများ ထိရောက်မှု ရှိမရှိ ပိုမိုကောင်းမွန်သော ကြီးကြပ်မှု လိုအပ်ကြောင်း အမေရိကန် အစီရင်ခံစာတခုက ဖော်ပြလိုက်သည်။

21786-myanmar-deltaလူ ၁ သိန်း ၄ သောင်းကျော် သေဆုံးပြီး ၂.၄ သန်းကျော် ဒုက္ခရောက်ခဲ့ရသည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍ ထိရောက်ခြင်းရှိမရှိ အမေရိကန်မှ အစိုးရ တာဝန်ခံမှုဆိုင်ရာ ရုံး (GAO) က အကဲဖြတ်ထားသည့် အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

နာဂစ်အပြီးတွင် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုကြောင့် နအဖ စစ်အစိုးရက နိုင်ငံတကာ အကူအညီများ ခွင့်ပြုခဲ့ပြီးနောက် အမေရိကန်က အရေးပေါ် အကူအညီများနှင့် ရေရှည် ပြန်လည်ထူထောင်ရေးအတွက် ကုလသမဂ္ဂနှင့် အဖွဲ့အစည်းများသို့ ဒေါ်လာ ၈၅ သန်း ထောက်ပံ့ခဲ့သည်။ ဒေါ်လာ ၈၅ သန်းမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေး အမေရိကန် အေဂျင်စီ (USAID) မှ ဒေါ်လာ ၇၂ သန်းနှင့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ဒေါ်လာ ၁၃ သုံးသန်း ထည့်ဝင်ထားခြင်းဖြစ်သည်။

မြန်မာအစိုးရက နာဂစ်ဒဏ်ခံ ဒေသများသို ခရီးသွားလာခွင့် ကန့်သတ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အဦများ မကောင်းခြင်းတို့ကြောင့် အကူအညီပေးရေးအဖွဲ့များမှာ အခက်အခဲများ တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အကူအညီပေးရေး အဖွဲ့တွေဟာ လူထုဆက်သွယ်ရေးဆိုင်ရာ အကန့်အသတ်တွေအပါအဝင် အကြောင်းကြောင်းကြောင့် မိခင်အဖွဲ့အစည်းနဲ့ ကွင်းဆင်းတဲ့ အဖွဲ့တွေအကြား ပူးပေါင်းဆောက်ရွက်ရေး အခက်အခဲတွေလည်း တွေ့ရပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

အကူအညီ အထောက်အပံ့များကို အချိန်ကိုက် အစီအစဉ်ကျစွာ ဖြန့်ဖြူးရေး ကိစ္စများနှင့် ပတ်သက်၍ အမေရိကန် အကူအညီပေးရေး အေဂျင်စီများအကြား အခက်အခဲနှင့် စိန်ခေါ်မှုများကိုလည်း အစီရင်ခံစာတွင် မီးမောင်းထိုးထားသည်။

အကောင်အထည်ဖော်ရေး စိန်ခေါ်မှုများတွင် အလှူဆေးဝါးပစ္စည်းများ မြန်မာဘာသာဖြင့် မဟုတ်ခြင်း၊ အထောက်အပံ့ ကိစ္စများကို ထိရောက်စွာ မကြီးကြပ်နိုင်ခြင်းများ ပါဝင်သည်ဟု သိရသည်။

“မြန်မာပြည်မှာ အတွေ့အကြုံရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကျွမ်းကျင်သူတွေ မရှိခြင်း စတဲ့ စွမ်းဆောင်နိုင်မှုဆိုင်ရာ စိန်ခေါ်မှုတွေ ရှိတယ်။ အဲဒီတော့ အရည်ချင်းမပြည့်ဝပေမယ့် လိုအပ်ချက်အရ နေရာပေး ခန့်ထားရတာတွေရှိတယ်” ဟု GAO က ဆိုသည်။

မြန်မာနိုင်ငံသို့ ပေးထားသည့် အထောက်အပံ့များနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု ကောင်းမွန်လာစေရန် ရုံးများဖွင့်ခြင်း၊ သင့်လျော်သော အဖွဲ့များစေလွှတ်ခြင်းကို USAID က တိုက်ရိုက် ပြုလုပ်သင့်ကြောင်း အစီရင်ခံစာတွင် GAO က အကြံပြုထားသည်။ ဤသို့ဖြင့် ဘဏ္ဍာရေးဆိုင်ရာများကို ပုံမှန် ကြီးကြပ်စစ်ဆေးခြင်း၊ လုပ်ဆောင်ချက်များ စနစ်တကျ မှတ်တမ်းတင်ခြင်း၊ ခရီးသွားလာခွင့်များ တောင်းခံရေးအတွက် အာမခံနိုင်ရန် ထောက်ကူပေးခြင်း၊ လုပ်ထုံးလုပ်နည်းများအရ အထွေထွေအသုံးစရိတ် ကြပ်မတ်ခြင်းများ ဆောင်ရွက်နိုင်ကြောင်း ပြောထားသည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး သီတင်းပတ်အကြာတွင် နအဖ စစ်အစိုးရက နိုင်ငံတကာ အကူအညီများကို လက်ခံမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာမှ အကူအညီပေးရေး ဝန်ထမ်းများကိုမူ လက်ခံရန် အသင့်မဖြစ်သေးကြောင်း၊ ပြည်တွင်းမှသာ ကိုင်တွယ်မည်ဖြစ်၍ ကျွမ်းကျင်သူများ မလိုသေးကြောင်း ပြောဆိုခဲ့သည်။

နိုင်ငံတကာမှ အကူအညီပေးရေး အဖွဲ့များ မြန်မာပြည်တွင်းသို့ ဝင်ခွင့်မရခြင်းနှင့် ဝင်ခွင့်ရသော်လည်း လှုပ်ရှားမှုများကို ကန့်သတ်ခံရခြင်း ရှိသည့်တိုင် နာဂစ်အလွန် ပြန်လည် ထူထောင်ရေးအတွက် အကူအညီတချို့ကို ပေးနိုင်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်