ကျောက်စိမ်း သိန်းတထောင်ဖိုး ရှမ်းပြည်တွင် ဖမ်းဆီး

E-mail Print
သိန်းတထောင်ဝန်းကျင် တန်ဖိုးရှိသည့် ကျောက်စိမ်းများကို ရှမ်းပြည်နယ် လားရှိုး - သိန္နီ ကားလမ်း၊  ရေပူ စစ်ဆေးရေးဂိတ်က ယခုလ ၁၆ ရက်နေ့တွင် သိမ်းဆည်းလိုက်ကြောင်း သိရသည်။

Shwe_Li_01 သယ်ဆောင်ခွင့် လက်မှတ် မရှိသဖြင့် ကျောက်ကုန်သည် ၁၂ ဦးခန့် ပိုင်ဆိုင်သည့် ထိုကျောက်စိမ်းများ အသိမ်းခံရခြင်း ဖြစ်သည်ဟု ပိုင်ရှင်တဦးဖြစ်သူ ဒေါ်စိုးစိုးက ဧရာဝတီကို ပြောသည်။

“တခါမှ အဖမ်းခံရတာ မကြုံဘူး၊ ဒီတခါ ကြုံဖူးတော့ အရင်းကို ပြုတ်သလောက် ဖြစ်သွားတာပါပဲ” ဟု သူက ရှင်းပြသည်။ 

ထိုကျောက်စိမ်းတုံးများကို ယခုလဆန်းပိုင်း နေပြည်တော် ကျောက်မျက် ရောင်းချပွဲသို့ သွားရောက်ခဲ့သည့် တရုတ်နိုင်ငံသားများထံမှ ၀ယ်ယူထားကြခြင်း ဖြစ်ကြောင်း ဒေါ်စိုးစိုးက ပြောသည်။

“တရုတ်နိုင်ငံသားတွေက ကုန်သည်ကြီးတွေ။ ကိုယ်က သူတို့ဆီက လက်လီကလေး ၀ယ်ရတယ်။ သယ်ဆောင်ခွင့် လက်မှတ်တွေ ဘယ်လိုလုပ် ငှားမှာလဲ” ဟု ဒေါ်စိုးစိုးက ရှင်းပြသည်။

တရုတ်နိုင်ငံသို့ သွားမည့် ထိုကျောက်စိမ်းတုံးများကို လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲ၊ စစ်တပ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တနေ့တွင် ကျောက်များ ပြန်လည် ရရှိရန် သွားရောက် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

လဆန်းပိုင်းက ပြုလုပ်သည့် ကျောက်မျက်ပွဲတွင် တရုတ်ကုန်သည်ထက် ပြည်တွင်း ကုန်သည်တို့၏ ၀ယ်ယူမှုက ပိုမို များပြားကြောင်း သိရသည်။

Shwe_Li_02ထိုသို့ ဖြစ်ရခြင်းမှာ တရုတ်အစိုးရက ၎င်းတို့နိုင်ငံသား ကုန်သည်များ ၀ယ်ယူလာသည့် ကျောက်၏ တန်ဖိုး အပေါ် ၃၀ ရာခိုင်နှုန်း အခွန် ကောက်ခံမည်ဟု ပြဋ္ဌာန်းလိုက်သောကြောင့် ဖြစ်ဖွယ်ရှိကြောင်း ကျောက်ကုန်သည်များက သုံးသပ်ကြသည်။

ကျောက်စိမ်းကို တရုတ်လူမျိုးများ အလွန် နှစ်သက်ပြီး အမြတ်တနိုး ၀တ်ဆင်ကြသည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို လက်ကောက်၊ လည်ဆွဲ စသည့် အချောထည်ပုံ အမျိုးမျိုး ထုဆစ်ကာ အရောင်းအ၀ယ် လုပ်ကြသည်။

ရှမ်းပြည်နယ် မူဆယ်မြို့ တဖက်ကမ်းရှိ တရုတ်နိုင်ငံ ရွှေလီမြို့သည် တရားဝင်နည်း၊ တရားမ၀င်နည်းများဖြင့် ရောက်ရှိသွားသော မြန်မာ့ကျောက်စိမ်းများကို အကြီးအကျယ် ရောင်းဝယ်သည့် ဒေသတခု ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်