အကူအညီများကို မြန်မာအစိုးရ ပိတ်ပင်ဟု ကချင်ပြော

E-mail Print
ကချင် စစ်ပြေးဒုက္ခသည်များအား နိုင်ငံတကာ အကူအညီများ မပေးနိုင်အောင် မြန်မာအစိုးရက ပိတ်ပင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အဖွဲ့အစည်းတခုက ပြောဆိုလိုက်သည်။ 

မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပြည်တွင်း NGO အများအပြား ရှိသော်လည်း ဒုက္ခသည်များအရေး ဆောင်ရွက်ပေးရန် ဆက်သွယ်ကမ်းလှမ်းလာခြင်း မရှိကြောင်း ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။

268676_159199510819783_100001892050224_368043_4438500_n“အဲဒါကို ကြည့်ချင်အားဖြင့် ဒီလောက် ဒုက္ခရောက်နေတာကို တွေ့မြင်နေတဲ့ကြားကနေ ဘာမှ အကူအညီ မပေးနိုင်ဘူး ဆိုတာကတော့ အစိုးရက ပိတ်ပင်ထားတယ်ဆိုတာ သေချာတယ်” ဟု မွန်နေလီက ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိကြောင်း၊ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြကြောင်း သိရသည်။

တချို့ဒုက္ခသည်များသည် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြပြီး ဘာသာရေးအဆောက် အအုံများတွင်လည်း အများစု နေထိုင်ကြသည်ဟု မွန်နေလီက ပြောသည်။

ယင်းတို့ကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိထားသော အလှူငွေများဖြင့် ထောက်ပံ့ပေးထားရကြောင်း သိရသည်။

“ရေရှည်မှာကျတော့ ဒုက္ခသည်တွေအတွက် အလှူငွေတွေ ကောက်ခံပြီး ထောက်ပံ့နေမယ်ဆိုရင် စိုးရိမ်စရာရှိပါတယ်” ဟု မွန်နေလီက ပြောသည်။
ဒုက္ခသည်များအတွက် အကူအညီများပေးမည့် အဖွဲ့အစည်းများကို အစိုးရက အခွင့်အရေးပေးလာရန် နိုင်ငံတကာ အနေဖြင့် ဖိအားပေးစေလိုကြောင်း ၎င်းက ဆိုသည်။ 

ကချင်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ် ၁၂ ဦးတို့က စုပေါင်း လက်မှတ်ရေးထိုးကာ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် အသနားခံတင်ပြခြင်း ခေါင်းစဉ်ဖြင့် စာတစောင်ကို သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင်လ ၂၄ ရက်နေ့က ပေးပို့ခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

“နှစ်ဖက်ခေါင်းဆောင်များမှ မေတ္တာ၊ ဂရုဏာ ရှေ့ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးပါရန် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများမှ အထူးအသနားခံ တင်ပြအပ်ပါသည်” ဟု ပေးစာတွင် ရေးသားထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ စစ်တပ် KIA သည် ၁၉၆၁ ခုနှစ်မှစ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ အတွင်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွာခဲ့ပြီးနောက် အဆိုပါသဘောတူစာချုပ် ပျက်ပြယ်သွားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်